Noona Final

468 30 0
                                    

သူတို့နှစ်ယောက်ရဲ့ အချစ်ရက်လေးတွေက အရမ်းကို ချိုမြိန်ခဲ့ကြသည

တစ်ခါတစ်ရံ စိတ်ကောက်လိုက် တစ်ခါတစ်ရံ သဝန်တွေတိုလိုက် ရန်ဖြစ်လိုက်နဲ့ ပြန်ချော့လိုက်နဲ့ပေါ့

တစ်ရက်တော့ May သူမ ဒီနေ့ အားနေတာနဲ့ Kris တို့အိမ်ဘက် ခဏသွားမယ်လို့ စဉ်းစားလိုက်ပြီး Omma ကို ပြောပြီး Kris တို့အိမ်ဘက် ထွက်ခဲ့သည်

ဟိုဘက်အိမ်ကို ရောက်တော့ ဧည့်ခန်းထဲက မြင်ကွင်းက သူမရင်ကို မီးစနဲ့ထိုးနေသလိုပဲ

ကောင်မလေးတစ်ယောက် Kris ပေါ်ကို လဲကျနေတာ

Kris သူ ဒီနေ့ ပျင်းနေတာနဲ့ Noona ဘက် သွားမယ်ဆိုပြီး လုပ်နေတုန်း Soo ရောက်လာသည်

Soo ဆိုတာဟတခြားသူမဟုတ်ပါဘူး သူ့ ငယ်သူငယ်ချင်းပါ

'Soo မ ဘာလာလုပ်တာလဲ '

'ဘာလာလုပ်ရမှာလဲ နင့်ဆီ လာတာပေါ့ မတွေ့ရတာ ကြာလို့လေ '

'အေးပါ လာထိုင်ဦး '

'အင်း '

သူနဲ့ Soo ထိုင်ပြီး စကားပြောနေသည် ခဏနေတော့ Omma ရောက်လာပြီး မုန့်နဲ့ Juice လာပို့တယ်လေ

Omma ကပြောသွားသေးတယ်လေ

'Soo ရေ သမီးသူငယ်ချင်းတော့ စွံ့ပြီ သိလား '

'ရှင် '

Soo ခဏ စဉ်းစားလိုက်တော့မှ

'Kris နင် ရည်စားရနေပြီလား '

'ဒါပေါ့ '

ဂုတ်ယူနေတဲ့ မျက်နှာနဲ့ ပြောလိုက်သည်

'ပြလေ နင့်ချစ်သူကို '

'ခုတော့ မကြည့်နဲ့ဦး နောက်နေ့ မိတ်ဆက်ပေးမယ် '

'မရဘူး ခုကြည့်ချင်တယ် ပုံပြ '

'နောက်မှ မိတ်ဆက်ပေးပါ့မယ်ဆို '

'မရဘူး ပြပါဆို '

Soo ပြောနေတုန်း ခုံပေါမှာ တင်ထားတဲ့ Kris ဖုန်းကို မြင်သွားသည် အဲ့တာနဲ့ ယူမလို့ လုပ်လိုက်တော့ Kris က လက်ဦးသွားတယ်လေ

'Ya Kris ပြပါဆို '

Kris လဲ သူ့အရပ်မြင့်မြငိ့နဲ့ ဖုန်းကို အပေါကို မြှောက်ထားလိုက်သည် Soo က သူရဲ့ မမိတမိ အရပ်လေးနဲ့ လိုက်ဆွဲနေတာပေါ

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 21, 2015 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Exo oneshot collectionDonde viven las historias. Descúbrelo ahora