"တီချယ်ကလဲ ကျစေရမယ်လို့"
"ဘာ ပြောတာ ဟန်ဆုပန်"
"ကျစေရမယ်လို့ မပြောပါဘူးလို့ အောင်စေရမယ်လို့ပြောတာပါ သမီးက"
"ဟုတ်ပါပီ သမီးအိမ်ကထွက်လာတာ ငယ်တို့ကောသိရဲ့လား"
"ခဏနေ သမီးကိုလိုက်ရှာနေကြအုန်းမယ်"
..........ဒေါက်...ဒေါက်.....ဒေါက်...
"သမီးသက်ရေ ကြီးမေပါ မနက်စာစားလို့ရပီလို့ လာပြောတာ"
"ဟုတ်ကဲ့ကြီးမေ သမီးခဏနေဆင်းလာလိုက်ပါ့မယ်"
ကြီးမေဆိုတာက သက်ငယ်ငယ်ကတည်းက သက်ကိုထိန်းကျောင်းပေးခဲ့တာမို့လို့ သက်ကရိုရိုသေသေပြောနေခြင်းဖြစ်သည်။
"လာတီချယ်နဲ့ အတူမနက်စာ တခါထဲစားလိုက်တော့ ပီးရင်အိမ်ပြန်ပို့ပေးမယ်"
သူမတီချယ့် နောက်မှလိုက်ကာ ထမင်းစားခန်းဆီသို့ ရောက်သွားသောအခါ......
ဖော်ရွေလှတဲ့ တီချယ့်မာမီရဲ့ အပြောတွေကြောင့် တခဏအတွင်းမှာဘဲ တီချယ့် မိဘတွေနဲ့ ရင်နှီးသွားခဲ့တယ်
"သမီးလေးဟန် အန်တီတို့အိမ်ကို အချိန်မရွေးလာလို့ရတယ်နော် ကြားလား "
"အားနာစရာမလိုဘူး သမီးတီချယ် မခေါ်လဲ လာခဲ့နော်"
ကလေးချစ်တက်လွန်းတဲ့ မိန်းမဖြစ်သူကိုကြည့်ရင်း
ဦးသီဟသက် ပြုံးမိပါတယ်"သမီးဖြစ်သူကို ကလေးလေးတယောက်လို ဆက်ဆံချင်ပေမဲ့ သူတို့သမီးဟာ သူ့ခြေထောက်ပေါ် သူရပ်တည်ခွင့် ရချင်သူတာဖြစ်ပီး မိဘအရိပ်အောက်မှာ ခိုလှုံရတာကို မကြိုက်တဲ့အတွက် ဇနီးသည်တယောက် အမြဲစိတ်ဆင်းရဲရတယ် မဟုတ်ပါလား။"
" ဒီကလေးမလေးနဲ့ တွေ့တော့ နဂိုကလဲ ကလေးချစ်တက်သူပီပီ အိမ်ကိုခဏခဏအလည်လာဖို့ တဖွဖွမှာနေတာကြောင့် ဦးသီဟသက်လဲ အလိုက်သိတက်သူပီပီ ကလေးငယ်ကိုဖော်ရွေစွာ ပြုံးပြမိပါတယ်"
ကလေးငယ်တို့ပြန်သွားပြီးနောက်........
"မောင် ......."
"နွယ်လေ အဲ့ဒီသမီးလေးကို မွေးစားချင်တယ်"
"ဇနီးသည်ရဲ့ အပြောကြောင့် ဦးသီဟသက် ခေါင်းနပန်းကြီးလာတော့တယ်"
YOU ARE READING
အမိန့်တေအောက် ခစားဒူးထောက်လျက်ပါ
Short Storyဆရာနဲ့တပည့်ဇာတ်လမ်းလေးပါရှင့် ကြိုက်တယ်ဆိုမှဝင်ဖတ်ကြပါ punishment typeပုံစံမလို့ typeမတူရင်ကျော်သွား ပေးပါရှင့်