"သက်...."
"ပြောလေ ဇလပ် ဘာပြောစရာရှိလို့လဲ"
သက်တို့ကျောင်းက အထက်တန်းကျောင်းဆိုတော့ ကျောင်းဝင်းကလည်း ပုံမှန်ဧရိယာထက် ပိုပီးကျယ်ဝန်းတယ် ဒါကြောင့်လည်းအစည်းဝေးခန်းမ ကို သွားတဲ့လမ်းတလျှောက်မှာ ဇလပ်နဲ့ စကားဖောင်ဖွဲ့လို့ရတာ မဟုတ်ပါလား။
"မနေ့က ငါမြို့နယ်အစည်းအဝေး တက်ခဲ့ရတယ် ဒီတခါကလေးတွေရဲ့ အတန်းတင်စာမေးပွဲကြီးက နဂိုအချိန်ထက် နည်းနည်းတော့စောမယ်တဲ့"
"ဟုတ်လား စာတွေကသင်လို့ လက်စကိုမပြတ်နိုင်ဘူး "
"အရေးထဲငါ့ကလေးက ကျောင်းပျက်နေတာကတလလောက်"
သက်နဲ့ ဟန်ဆုပန်ရဲ့ အကြောင်းကို သိပီးသားမို့ ငါ့ကလေး ဆိုတဲ့နာမ်စားကို အထူးတလည်တော့ ရှင်းပြစရာမလိုတော့ဘူးပေါ့လေ
.............(2)နာရီခန့်ကြာသော်.......
ကလင်....ကလင်...ကလင်....
ကျောင်းခေါင်းလောင်းသံ ကြားတာနဲ့ ကလေးတွေရဲ့မျက်နှာက ပြုံးပျော်လျက်ပါ
"ဟဲ့ငယ်...."
"သူများတေ အားလပ်ချိန်ဆင်းကုန်ကြပီ ငါတိူ့လည်း ဆင်းရအောင်လေ"
"နင်ဘဲဆင်းပါ ပန်ရယ် တီချယ်ကစာမေးမှာဟ"
"ငါစာမရရင် တီချယ်က ကိုကိုနဲ့တိုင်မှာလေ"
"ကိုကိုနဲ့တိုင်ရင် ငါရိုက်ခံရလိမ့်မယ် ငါမဆင်းချင်ဘူးပန် နင်ဘဲဆင်းး"
"ပီးတာဘဲ နင်ကျက်နေလဲ ရမှာလဲမဟုတ်ဘဲနဲ့"
"ပလီ ပလာနဲ့ အခုမှကိုလွန်းကို လာကြောက်ပြနေတာ😏😏😏😏😏"
"ဟွန့်....စိတ်ဆိုးမာန်စိုးနဲ့ ခြေဆောင့်ကာ ထွက်သွားတဲ့ ပန်လေးကိုတော့ ငယ်ဘယ်လိုမှ ထိန်းမနိုင်တော့ပါဘူး"
"တီချယ်ရေ.......တီချယ်လို့........"
သက်တို့ကျောင်းက ဆရာမဦးရေလည်း နည်းတာမို့ နားနေခန်းတယောက်တခန်းဆီ ကိုယ်ပိုင်ယူခွင့်ရှိသည်။
"တီချယ်လို့ဆို ......."
"မျက်ရည်တွေဝိုင်း နေတဲ့ကလေးငယ်ကြောင့် သက်ဟန် စိတ်တွေရေလှိုင်းပမာ ဂရက်ထနေလေပြီ"
YOU ARE READING
အမိန့်တေအောက် ခစားဒူးထောက်လျက်ပါ
Short Storyဆရာနဲ့တပည့်ဇာတ်လမ်းလေးပါရှင့် ကြိုက်တယ်ဆိုမှဝင်ဖတ်ကြပါ punishment typeပုံစံမလို့ typeမတူရင်ကျော်သွား ပေးပါရှင့်