-Rude words
-Bullying
-Bleeding
-Violence
-other situations
Will be included in this fiction.

-You don't have to read this fic in case you don't comfort with the characters.

☡ Please don't read this fiction only if you are under "15" ☡

•••

ညအိပ်မီး​ရောင်မှိန်မှိန် ဖွင့်ထွန်းထားတဲ့ အိပ်ခန်းငယ်။ မီးအိမ်​လေးရဲ့အနားမှာ​တော့ ​မွှေးပျံ့တဲ့ရေ​မွှေးဖ​ယောင်းတိုင်ကို ထွန်းညှိလို့ထားသည်။ တိတ်ဆိတ်​နေတဲ့ အခန်းကျဥ်း​လေးထဲမှာ မိုးစက်ကျသံတ​ဖျောက်ဖျောက်ကသာ ကြီးစိုး​နေလျက်။ အကယ်၍သာ ​နွေး​ထွေးတဲ့အ​ငွေ့အသက်တချို့ကို မခံစား​နေရဘူးဆိုရင် ဘယ်​လောက်ထိ​တောင် အထီးကျန်ဆန်​နေလိမ့်မလဲ မသိ​ပေ။

အပြင်​လောကမှာ တိုက်ခတ်​နေတဲ့​လေ​တွေက ပိုမိုပြင်းထန်လာသည်။ မိုးစက်​တွေက ပိတ်ထားတဲ့မှန်ပြတင်းကို လာ​ရောက်ရိုက်ခတ်​နေလျက်။
ခြံတံခါးဝက မိုးမခကြီးက​တော့ ​လေယူရာကို ယိမ်းနွဲ့လျက်။ ဖြာကျ​နေတဲ့အခက်အရွက်​တွေဟာ မြင်​လေသူအတွက် စိတ်​ခြောက်ခြားစရာ။

သူက​တော့ အိပ်ခန်း​လေးအတွင်းမှာ တုန်လှုပ်ခြင်းမရှိ၊ ငြိမ်ငြိမ်သက်သက်။ ထို့​နောက်မှာ​တော့ လက်ထဲမှာ ကိုင်​ဆောင်ထားတဲ့ စာအုပ်ပါးပါးကို ဖွင့်လှစ်လိုက်သည်။ မီးအလင်း​ရောင်က စာလုံး​တွေကို မြင်သာရုံ။ သို့​သော် သူ့အတွက် မီး​ရောင်က ကြီးမားတဲ့အ​နှောင်အယှက် မဖြစ်ခဲ့။ ဒါ​ကြောင့် တိတ်တဆိတ်နဲ့သာ ပထမစာမျက်နှာကို ဖတ်ရှုဖို့ ဟန်ပြင်လိုက်​လေသည်။

ဒါ​ပေမယ့် ဒါဟာ မဖတ်ရှုသင့်တဲ့ စာအုပ်ပါပဲ။
ဘယ်​တော့မှ ဖတ်လို့မဖြစ်တဲ့ စာအုပ်မျိုး​ပေါ့။

•••

" စီနီယာ​ဆောင်းဟွန်းနဲ့စီနီယာ​ဆောနူ ရန်ဖြစ်​နေကြပြန်ပြီ တဲ့ "

​ကျောင်းဝင်းအတွင်းကို ပျံ့နှံ့သွားတဲ့သတင်းစကားဟာ ရိုးအီလုပင်​နေ​တော့မည့် သတင်းစကားဖြစ်သည်။ ဒါ​ပေမယ့် ထိုစကား​ကြောင့် မိန်းမပျိုတချို့မှာ ရုတ်ရုတ်သဲသဲ။ အချို့က ကာယကံရှင်တို့ကို စိုးရိမ်ကြသည်။ အချို့က တည်​နေရာကို ဆက်လက်​မေးမြန်းကြသည်။ မည်သို့ပင်ဖြစ်​စေကာမူ သူတို့၏အာရုံက ထိုအမျိုးသားနှစ်ဦးထံ၌မှာပင်။

Lover = L̶̶o̶̶s̶̶e̶̶r̶ | SUNSUN ✔Where stories live. Discover now