-Rude words
-Bullying
-Bleeding
-Violence
-other situations
Will be included in this fiction.-You don't have to read this fic in case you don't comfort with the characters.
☡ Please don't read this fiction only if you are under "15" ☡
•••
ညအိပ်မီးရောင်မှိန်မှိန် ဖွင့်ထွန်းထားတဲ့ အိပ်ခန်းငယ်။ မီးအိမ်လေးရဲ့အနားမှာတော့ မွှေးပျံ့တဲ့ရေမွှေးဖယောင်းတိုင်ကို ထွန်းညှိလို့ထားသည်။ တိတ်ဆိတ်နေတဲ့ အခန်းကျဥ်းလေးထဲမှာ မိုးစက်ကျသံတဖျောက်ဖျောက်ကသာ ကြီးစိုးနေလျက်။ အကယ်၍သာ နွေးထွေးတဲ့အငွေ့အသက်တချို့ကို မခံစားနေရဘူးဆိုရင် ဘယ်လောက်ထိတောင် အထီးကျန်ဆန်နေလိမ့်မလဲ မသိပေ။
အပြင်လောကမှာ တိုက်ခတ်နေတဲ့လေတွေက ပိုမိုပြင်းထန်လာသည်။ မိုးစက်တွေက ပိတ်ထားတဲ့မှန်ပြတင်းကို လာရောက်ရိုက်ခတ်နေလျက်။
ခြံတံခါးဝက မိုးမခကြီးကတော့ လေယူရာကို ယိမ်းနွဲ့လျက်။ ဖြာကျနေတဲ့အခက်အရွက်တွေဟာ မြင်လေသူအတွက် စိတ်ခြောက်ခြားစရာ။သူကတော့ အိပ်ခန်းလေးအတွင်းမှာ တုန်လှုပ်ခြင်းမရှိ၊ ငြိမ်ငြိမ်သက်သက်။ ထို့နောက်မှာတော့ လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ စာအုပ်ပါးပါးကို ဖွင့်လှစ်လိုက်သည်။ မီးအလင်းရောင်က စာလုံးတွေကို မြင်သာရုံ။ သို့သော် သူ့အတွက် မီးရောင်က ကြီးမားတဲ့အနှောင်အယှက် မဖြစ်ခဲ့။ ဒါကြောင့် တိတ်တဆိတ်နဲ့သာ ပထမစာမျက်နှာကို ဖတ်ရှုဖို့ ဟန်ပြင်လိုက်လေသည်။
ဒါပေမယ့် ဒါဟာ မဖတ်ရှုသင့်တဲ့ စာအုပ်ပါပဲ။
ဘယ်တော့မှ ဖတ်လို့မဖြစ်တဲ့ စာအုပ်မျိုးပေါ့။•••
" စီနီယာဆောင်းဟွန်းနဲ့စီနီယာဆောနူ ရန်ဖြစ်နေကြပြန်ပြီ တဲ့ "
ကျောင်းဝင်းအတွင်းကို ပျံ့နှံ့သွားတဲ့သတင်းစကားဟာ ရိုးအီလုပင်နေတော့မည့် သတင်းစကားဖြစ်သည်။ ဒါပေမယ့် ထိုစကားကြောင့် မိန်းမပျိုတချို့မှာ ရုတ်ရုတ်သဲသဲ။ အချို့က ကာယကံရှင်တို့ကို စိုးရိမ်ကြသည်။ အချို့က တည်နေရာကို ဆက်လက်မေးမြန်းကြသည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့၏အာရုံက ထိုအမျိုးသားနှစ်ဦးထံ၌မှာပင်။
YOU ARE READING
Lover = L̶̶o̶̶s̶̶e̶̶r̶ | SUNSUN ✔
Short Storyဘယ်တော့မဆို ပိုချစ်ရသူဟာ ငါပါ။ ဒါပေမယ့် ပိုမုန်းရသူကလည်း ငါပဲ ဖြစ်နေခဲ့ပြန်တယ်...။ For @Dayeon_Park Start date : 30.12.2022 End date : 14.01.2023