loser

696 67 51
                                    

-Rude words
-Bullying
-Bleeding
-Violence
-Other situations
Will be included in this fiction.

-You don't have to read this fic in case you don't comfort with the characters.

☡ Please don't read this fiction unless you are over "15" ☡

•••

​အေးစက်​မှောင်မိုက်​နေတဲ့ အသူရာ​ချောက်နက်။
ကြယ်အလင်းမရှိတဲ့ ည​ကောင်းကင်ထက်မှာ​တော့ မဟူရာအရိပ်​မှောင်​တွေကပဲ လွှမ်းခြုံလို့ထားသည်။ ပတ်ဝန်းကျင်ကို ဝါးမျိုထားတဲ့အ​မှောင်ထုက ​ချောက်ချားဖွယ်အတိ။ ဘာကိုမှ မမြင်နိုင်​လောက်​အောင် ​အမှောင်ဖုံး​နေတဲ့အချိန်အခါဆို​ပေမယ့် အန္တရာယ်ရှိတဲ့အ​ငွေ့အသက်​တွေကို​တော့ ခံစားလို့ရ​နေသည်။

ဒီ​နေရာက ဘယ်​နေရာလဲ။
သူ ဒီ​နေရာကို ဘာ​ကြောင့် ​ရောက်​နေရတာလဲ။
ဒါ့အပြင် သူက​တော့ ဒီ​နေရာက​နေ လွတ်​မြောက်နိုင်စွမ်း ရှိနိုင်ပါ့မလား...။

•••

ကန်ထဲမှာရှိ​နေတဲ့ ​အေးစက်စက်​ရေ​တွေ။
အရည်​ပျော်စပြု​နေတဲ့ ​ရေခဲတုံး​လေး​တွေက​တော့ ​ရေမျက်နှာပြင်​ပေါ်မှာ ​ရွေ့လျား​နေကြသည်။ ကြမ်းပြင်မှာ​တော့ ​ရေ​တွေက ဖိတ်စင်ကျ​နေလျက်။ ထိုအတွင်းမှာ​တော့ အနီ​ရောင်​သွေးစက်တချို့က ​ရောယှက်​နေလျက်သား။

လက်တန်းမပါတဲ့ သစ်သားထိုင်ခုံတစ်ခု။
ထိုအ​ပေါ်မှာ​တော့ လက်ပြန်ကြိုးတုတ်ခြင်းခံထားတဲ့ အမျိုးသမီးတစ်​ယောက်က ရှိ​နေသည်။
​ရေစို​နေတဲ့​ရွှေအို​ရောင်ဆံနွယ်​တွေက ​ဆေးဆိုးပန်းရိုက်မျက်နှာ​ပေါ်မှာ ကပ်ငြိလို့။ ​တောက်ပတဲ့မျက်ဝန်းပြာပြာက​တော့ ​ပျောက်ကွယ်​နေလို့သာ။

ဂ​ရေ့စ် မန်ဒီယာ။
တစ်နည်းအားဖြင့် ​ဆောနူ၏ချစ်သူ။

သူမက ဒီ​နေရာကို ဘာလို့ ​ရောက်​နေရတာများလဲ။
ဘယ်သူက ဒီ​နေရာကို ​ခေါ်လာခဲ့တာလဲ။
တကယ့်ကိုပဲ ဘယ်အရာကများ...။

​လျှောက်လမ်းကျဥ်းဆီမှ ​ခြေသံသဲ့သဲ့ဟာ ပဲ့တင်သံရိုက်ခတ်လာသည်။ စည်းချက်မှန်မှန်နဲ့ ထွက်​ပေါ်လာတဲ့​ခြေသံက​တော့ အနားကို အရှိန်မှန်စွာနဲ့ ချဥ်းကပ်လာတဲ့​မြွေတစ်​ကောင်လို။ အဆိပ်​သွေး​တွေနဲ့ အန္တရာယ်​မြွေ။ အသက်ဝိညာဥ်ကို ထုတ်နှုတ်သွားမယ့် ​မြွေ။

Lover = L̶̶o̶̶s̶̶e̶̶r̶ | SUNSUN ✔Où les histoires vivent. Découvrez maintenant