not

498 63 33
                                    


-Rude words
-Bullying
-Bleeding
-Violence
-Other situations
Will be included in this fiction.

-You don't have to read this fic in case you don't comfort with the characters.

☡ Please don't read this fiction unless you are over "15" ☡

•••

လမင်းရဲ့အလင်း​ရောင်က ​ဆောင်းဟွန်းရဲ့အပါးမှာ ခစား​နေသည်။ စီးကရက်မီး​ရောင်က​တော့ အနီရဲရဲဖြင့် ​တောက်​လောင်လျက်။ တိတ်ဆိတ်​နေတဲ့ပတ်ဝန်းကျင်မှာ ကားဟွန်းတီးသံကို​တောင်မှ မကြားရ​တော့တဲ့အထိ။ သစ်ရွက်​တွေရဲ့​လေပြည်တို့ရဲ့ ထိခတ်မိသံကသာ ခပ်သဲ့သဲ့ ထွက်​ပေါ်​နေတဲ့အရာပင်။

​လေနု​အေး​လေး​တွေက ​ဆောင်းဟွန်းကို ဖြတ်တိုက်သွားကြသည်။ ​အမည်မသိတဲ့ပန်းရဲ့မွှေးပျံ့တဲ့ရနံ့ကို​တော့ တစ်ခါတစ်ခါမှာ ရှူရှိုက်မိ​နေရသည်။ ဒါ​ပေမယ့် သူက​တော့ ဒါ​တွေကို မခံစားတတ်​ပေ။ နူးညံ့နွဲ့​နှောင်းခြင်းဟာ ပတ်​ဆောင်းဟွန်းဆိုတဲ့သူနဲ့ ကိုက်ညီတဲ့အရာမဟုတ်။

နှစ်ခြိုက်ခဲ့ဖူးတာ​ပေါ့၊ ဒီလ​ရောင်ကို။
နှစ်ခြိုက်ခဲ့ဖူးတာ​ပေါ့၊ ဒီလိုမွှေးရနံ့ကို။
နှစ်ခြိုက်ခဲ့ဖူးတာ​ပေါ့၊ ဒီလိုချိုမြိန်မှု​တွေကို။
ဒါ​ပေမယ့်လည်း အတိတ်က အတိတ်ပဲ​လေ။
ပစ္စုပ္ပန်မှာ ဆက်မဖြစ်​တော့တဲ့ အတိတ်ကာလ...။

ဒီနှလုံးသားက ဒီ​လောက်ထိ ​အေးစက်သွားရတဲ့အကြောင်းရင်းကို ​ဆောင်းဟွန်း မသိပါ။
ဖြစ်နိုင်တာက​တော့ အတိတ်​တွေ​ကြောင့်ပဲ ထင်တာပါပဲ။
နှလုံးသား၏ တစ်စိတ်တစ်ပိုင်းဟာ လှည့်မကြည့်စတမ်း ထားရစ်ရက်ခဲ့တဲ့မိခင်​ကြောင့် ​ကြေမွသည်။
နှလုံးသား၏ တစ်စိတ်တစ်ပိုင်းဟာ ​နောက်​ကျောကိုဓားနဲ့ ရက်ရက်စက်စက်ထိုးခဲ့တဲ့ချစ်ဦးသူ​ကြောင့် ပျက်စီးသည်။
နှလုံးသား၏ တစ်စိတ်တစ်ပိုင်းဟာ ဟန်​ဆောင်​နေခဲ့တဲ့ အတုအ​ယောင်သူငယ်ချင်း​တွေ​ကြောင့် ကျိုးပဲ့သည်။
​နောက်ထပ်​သော တစ်စိတ်တစ်ပိုင်းက​တော့
ချစ်ရပါတဲ့ အမုန်းဆုံးလူသား​ကြောင့်​ပေါ့....။

ဒါ​ပေမယ့်လည်း သူ အဆင်​ပြေ​နေဆဲပါ။
ဟင့်အင်း၊အဆင်​ပြေ​အောင် ကြိုးစား​နေတယ် လို့ ​ပြောရင်​တော့ ပိုမှန်လိမ့်မည်။ ​ကျောက်​ဆောင်တွေက ဘယ်​လောက်ပဲ မာ​ကျောတယ်လို့ ပြော​ပြော၊ ပက်စင်လာတဲ့​ရေစက်မှုန်မွှား​တွေက များပြားလာချိန်မှာ​တော့ အက်ကွဲပျက်စီးရတာပဲ​လေ။ နှလုံးသားက ​ကျောက်သားနဲ့ ထုလုပ်ထားတာ မဟုတ်​လေ​တော့ နာကျင်မှု​တွေဟာ ရင်နဲ့အပြည့်။

Lover = L̶̶o̶̶s̶̶e̶̶r̶ | SUNSUN ✔Where stories live. Discover now