Hidden Love

278 30 6
                                    

မနေ့ညက Dorm 1 မှာ
ကလေးတွေနဲ့ စုသောက်ဖြစ်သည်။
စကားတွေပြောလိုက် စားလိုက်သောက်လိုက်နဲ့ ဉာဉ့်နက်လာတော့ တစ်ချိူ့ဆို အိပ်ပျော်နေပြီ မသောက်ရတဲ့ အငယ်လေးတွေရယ်
Asahiနဲ့ Jaehyuk ရယ်  ကတော့ ပစ္စည်းတွေ သိမ်းပေးရင်း သူတို့ Dormတွေပြန်ဖို့ တောင် လုပ်နေကြပြီလေ။

ကျွန်တော်လည်းတော်တော်မူးနေတာကြောင့် ဆိုဖာကိုမှီရင်း ကလေးတွေကို ဂရုစိုက်ဖို့မှာ‌ေနခဲ့သည်။ကလေးတွေပြန်သွားမှ ပခုံးပေါ်က လေးနေတဲ့ အရာကို သတိထားမိတယ် မျက်လုံးတွေ ပွတ်ပြီးသေချာကြည့်တော့ Yoshi ........ အရက်ကြောင့် Yoshi ရဲ့နှာထိပ်လေးနဲ့ ပါးတွေ ဟာ နီဆွေးနေလေရဲ့......။

‌ပခုံးပေါ်မှီထားတာကြောင့်  Shampoo နဲ့သင်းသင်းလေးဟာ နှာဖျားကို လာကလူနေရဲ့ အဲ့ကလေး ဆံပင်တွေက သိပ်ကိုင်လို့ကောင်းတာဗျာ။
ခေါင်းကို ဖွဖွလေး ပုတ်လိုက်တော့ မပွင့်သေးတဲ့မျက်လုံးများနဲ့  ကြောင်လေးလိုအသံပေးပြီး
ကျွန်တော့ပခုံးပေါ်က သူထဖို့လုပ်လိုက်သည်။
ကျွန်တော်လဲ ဘေးက ဆိုဖာလက်တန်းပေါ်မှီချ ပြီး ထဖို့လုပ်နေတဲ့ သူ့ကိုပါ ကျွန်တော့်ရင်ခွင်ထဲ ဆွဲချလိုက်တော့ အရက်ကြောင့်ပဲလား နှလုံးသားရဲ့စေခိုင်းချင်ကြောင့်လား မသိပေမယ့် ရင်ခွင်ထဲ‌ရောက်နေတဲ့ ဒီ ကလေးနှုတ်ခမ်းပါးကို ထိကပ်လိုက်ချင်စိတ်က ထိန်းမရဖြစ်နေခဲ့သည်။
ဖြူစင်လွန်းတဲ့ ကလေးအပေါ် အမြတ်မထုတ်ချင်တာကြောင့် နဖူးလေးကို သာ အနမ်းချွေရင်း အိမ်မက်ကမ္ဘာထဲ တိုး၀င်ခဲ့တော့သည်။
.......................................................................................
မနက်ခင်း နေရောင်ထိုးလို့ ကျွန်တော်နိုးလာသည့်တိုင်
ကျွန်တော့ ရင်ဘတ်ပေါ်က ကလေးငယ်ဟာ မနိုးသေးပေ။
နှိုးမှ ဖြစ်မယ်လေ တစ်ခြားကလေးတွေ မြင်သွားလို့ ဒီပုံစံဆို စ လို့ ဆုံးမှာ မဟုတ်ဘူး ကျွန်တော်ကတော့ ဘာမှ မဖြစ်ပေမယ့်ဒီဂျစ်တူးလေးက စိတ်ကောက်ပြီး အနားကပ်မခံရင် ကျွန်တော်လွမ်းရချည်ရဲ့။
“Yoshi ya Yoshi ya ထတော့ Hyung ညောင်းနေပြီ တစ်ညလုံး မင်းတက်ဖိထားတာ လက်မောင်းက ကျဉ်နေပြီရယ်”
အသံကြောင့် ဆူပုတ်ပုတ်လေးနဲ့ နိုးလာတဲ့ ကလေးလေးကို အသဲယားလို့ သေတော့မှာပဲဗျာ
“Ah Hyung Miyan” ဆို ကာ အတင်းကုန်းထရှာ ပြီးတော့ ယိုင်တိုင်တိုင်နဲ့ ကျွန်တော့ကိုဆွဲထူရှာသည်။ မတ်တပ်ရပ်နေတဲ့ ကျွန်တော့်ကို မှီလာပြီး “မူးလိုက်တာ Hyungရာ" လို့ ပြောလာတယ် ညက အမူးတွေမပြေပုံပေါ်သည်။ကျွန်တော်လည်း
“သွား‌ ရေသွားချိုး ဒီနေ့ ပိတ်ရက် DongdeMon သွားမယ်ဆိုပြီး အပျင်းထူနေတဲ့ Kanemoto လေး”လို့ဆိုကာ ရေချိုးခန်းထဲ လွှတ်ရသည်။
ဟုတ်ပါတယ် ကျွန်တော်တို့ Shopping ထွက်မလို့ပါ
အထွေအထူးမဟုတ်ပေမယ့် ကျွန်တော့်အတွက်တော့ Date လို့ခေါ်လို့ရတဲ့ အရာပေါ့......
......................................................................................
At DongdeMon
Yoshiကြိုက်တဲ့ အသားဆိုင်ကို ခေါ်သွားဖို့ လုပ်နေပေမယ့်
ကျွန်တော့လက်ကိုဆွဲကာ ဈေးဘက်ကို လျှောက်သွားသည်။
“Hyung ကိုဒုက္ခပေးမိတာတွေ များလို့ ဒီနေ့ ကျွန်တော် ချက်ကျွေးမယ်။ ဒါနဲ့ စားရောစားချင်ရဲ့ လား? မဟုတ်လဲ ဆိုင်မှာစားမယ်ဆိုပြော ကျွန်တော်‌၀ယ်ကျွေးပါ့မယ်။”
လူကို ဆွဲခေါ်ချင်ရာခေါ်ပြီး ကရားရေလွှတ်ပြောနေတဲ့ ကောင်လေးရဲ့ လက်ကို ဆောင့်ဆွဲလိုက်တော့ မျက်လုံးလေး အပြူးသားနဲ့မော့ကြည့်လာသည်။
“ဘာဖြစ်လို့လဲ Hyung ?  မ.... မကြိုက်လို့လား ကျွန်တော်စကားပြောမှားသွားလို့လား?”
သူ့နှာဖျားလေးကို ဆွဲလိုက်ကာ “မင်းချက်သမျှ Hyung စားမယ် အခုက အေးတယ် မာဖလာလေးပတ်ထားဦး”
ဆိုကာ မာဖလာလေးပတ်ပေးလိုက်မှ ပြုံးရွင်သွားခဲ့သည်။
လိုအပ်တာတွေ ၀ယ်ပြီး Dorm ပြန်လာတော့
အပြင်သွားဖို့ ပြင်နေတဲ့ Junkyu
“Junkyu ဒါက ဘယ်တုန်း တစ်ခါမှ အပြင်မထွက်တဲ့သူက ရှိုးအပြည့်နဲ့ ဘယ်သွားစရာရှိလို့လဲ?”
“Jeongwooလေးက ကျောင်းလာကြိုပေးပါတဲ့ သွားကြိုပေးမလို့ ပြီးရင် အိမ်သွားမလို့ အမေက ခဏပြန်လာဦးပြောလို့ ဒီည Dorm ပြန်မလာတော့ ဘူးအဲ့တာကြောင့်စောင့်မနေနဲ့နော် သွားပြီ”
“အင်း အင်း ဂရုစိုက်သွားဦး”
Junkyu ထွက်သွားတော့ ခုနကပြုံးရွှင်နေတဲ့ကလေးဟာ မှိုင်ကျသွားသည်။
ကျွန်တော်လည်း ဘာများဖြစ်သွားတာပါလိမ့်လို့ အပြေးအလွှား စဉ်းစားလိုက်တော့ ခုနက Junkyuပြောသွားတဲ့ အထဲ အမေ အကြောင်းပါတာကို သတိရသွားသည် ။ ကျွန်တော့် ကလေးလေး အိမ်လွမ်းသွားပုံပဲ သူမသိအောင် အခန်းထဲ၀င်လာခဲ့ပြီး
ကျွန်တော့်ယောက္ခမကြီးဖုန်းခေါ်ရတော့သည်။
စကားခဏပြောပြီး သူ့ကို ခေါ်လိုက်တော့ မထင်မှတ်ပဲ အမေ့ ဖုန်းကိုလက်ခံလိုက်ရတာကြောင့် ကလေးတစ်ယောက်လို တအီအီ ငိုပါတော့သည်။ ဟိုဘက်က သူ့အမေရော ကျွန်တော်ရော အချိန်‌အတော်ကြာချော့ ပြီး အခြေအနေငြိမ်သွားတော့
ကျွန်တော် က “အမေ သူနောက် အပတ် အမေတို့ဆီလာလိမ့်မယ်နော်”လို့ ပြောကာ ဖုန်းချလိုက်တော့
သူက မျက်လုံး အပြူးသားနဲ့ “ဘယ်လို နောက်အပတ် ကျွန်တော်တို့ ဂျပန် schedule မရှိဘူးမလား?”
ပါးပေါ်က ကျန်‌နေတဲ့ မျက်ရည်စက်တွေကို သုတ်ပေးရင်း
“Hyung မင်းတို့အတွက် အိမ်ပြန်ဖို့ CEOနဲ့ပြောပေးထားတာ CEO က ခွင့်ပြုတယ်တဲ့”
အပျော်လွန်နေတဲ့ သူဟာ ကျွန်တော့ကို အတင်းဖက်တွယ်လာလေသည်။ မပျော်နိုင်သူက ကျွန်တော်သာ ခွဲရဦးမယ့်အရေးတွေးရင်း ရင်တွေပူလှသည်။
“Uri Hyunsukie Hyung က အကောင်းဆုံးသိလား။ ကျွန်တော် ဟင်းချက်နေတာ ရတော့မှာ ဗိုက်ဆာနေပြီ မလား ခဏစောင့်နော်”ဆိုကာခုန်ပေါက်ပြေးထွက်‌သွားလေရဲ့
အနားရှိနေရင် မတရားခုန်ပေါက်နေတဲ့ နှလုံးခုန်သံတွေ ကို ဘာလိုများ မကြားရတာလဲ ကလေးလေးရဲ့.......
.....................................................................................
Yoshi Pov
အမေတို့နဲ့တွေ့ရမှာကို ငါက ဘာလို့၀မ်းနည်းနေရတာလဲ
ပြီးတော့ Hyunsukie Hyung ကလည်း မျက်နှာမကောင်းဘူး ဘာလို့များလဲမသိဘူး။ ငါအနားမှာရှိရင် Hyungက ရင်ဘတ်လေးဖိဖိထားတယ် နေများမကောင်းလို့လား မသိဘူး။အရသာရှိတာတွေချက်ကျွေးရမယ် Hyunsukie Hyung အားပြတ်လို့မဖြစ်ဘူး။
.....................................................................................
သွားဖို့ရက်နီးကပ် လာလေ ထိုင်ရခက် ထ ရခက် ဖြစ်လာတာ ကျွန်တော်ကိုယ်တိုင် ပင်ဖြစ်သည်။
ကလေးလေးကလဲ ကျွန်တော်နေမကောင်းဘူး အထင်နဲ့ အစားအသောက်ကအစ ဂရုစိုက်ပေးသည်။ပျော်ရပေမယ့် သူအနားရှိနေရင် ခုန်နေတဲ့ နှလုံးသားကတော့ အပြင်တောင်ထွက်မတက်ဘဲ ။ နောက်ဆုံးတော့ ကျွန်တော်
Yoshi ကျွန်တော်အတွက် ဟင်းချက်နေတုန်း နောက်ကနေ ခါးကို သိုင်းဖက်လိုက်သည်။ သူကျောကို မျက်နှာ အပ်ပြီး ရှိုက်ကြီး တငင်ငိုမိတယ် သိပ်မကြာလိုက်ဘူး သူ့ကိုယ်လေးကပါ တုန်လာတာကြောင့် ဆွဲလှည့်လိုက်တော့ သူပါ‌ငိုနေသည်တဲ့.......
သူပါးတွေကို အုပ်ကိုင်လိုက်သည် ကျွန်တော်သိပ်လိုချင်တက်မက်လှတဲ့ သူ့နှုတ်ခမ်းပါးများကို ကျွန်တော့်နှုတ်ခမ်းနဲ့ ထိကပ်လိုက်ပြီး
တရှိုက်မက်မက်နမ်းလိုက်မိသည်။ သူ့ဘက်က တုန့်ပြန်လာတာကြောင့် အချိန်တစ်ခုကြာနမ်းလိုက်ကြပြီး
နဖူးချင်းထိထားရင်း
“Yoshi ya  Hyungက မင်းကို သိပ်မြတ်နိုးတာပဲ....ချစ်တာထက်ပိုပြီး မင်းကို မြတ်နိုးမိနေတာ။အခုလိုလုပ်ရပ်ကြောင့် စိတ်မဆိုးပါနဲ့နော်”
“Hyungကအရူးပဲ ကျွန်တော်လက်မခံဘဲ ပြန်နမ်းပါ့မလား”
ကလေးစကားကြောင့် ပါးနှစ်ဖက်ကိုတရွတ်ရွတ်မည်အောင် နမ်းနေမိတော့သည် ။ဟုတ်ပါတယ် ကျွန်တော် Choi Hyunsuk က Kobeသားလေး Yoshinori ကို သိပ်ချစ်ပါသတဲ့ဗျာ။

The End



Hidden Love (one shot)Where stories live. Discover now