Intro

985 46 14
                                    

[Zawgyi]
ကျောက်ဆောင်ကြီးရဲ့ ထိပ်ဆုံးမှာ ရပ်နေခဲ့သည်။မျက်စိတစ်ဆုံးမြင်နေရသည့်ရေပြင်ကျယ်ကြီးကကော အဘယ်နေရာတွင်များဆုံးသွားမှာလဲဆိုတာ သိချင်မိပါရဲ့။လှိုင်းလေတစ်ဘုန်းဘုန်းရိုတ်ခတ်သံတွေ ဆူညံနေသည့်ကြားမှ လေတိုးသံဝေ့ဝေ့ကိုတော့ ကြားဖြစ်အောင်ကြားလိုက်ပါသေးသည်။

ဝတ္ထု တွေထဲကလို သမုဒ္ဒရာကြီးက တကယ်ပဲအဆုံးမရှိတာများလား။ရောက်တတ်ရာရာတွေလျှောက်တွေးမိနေပေမယ့် ဦးတည်ရာမဲ့နေသည့် ဘဝက သာ၍ဆိုးလှသည်။

ကျောက်ဆောင်အခြေကိုရေလှိုင်းတွေ လာပုတ်လေတော့ အသံအချို့မြည်ဟည်းတာကိုလဲကြားလိုက်သေးသည်။အားကသိပ်မကြီးလှတော့ ထူးထွေစွာ သူမစိုးရိမ်မိ။မစိုးရိမ်ဘူးဆိုတာက ပိုမှန်ပေလိမ့်မည်။ဘဝမှာ ဘာအတွက်ကြောင့်ရှင်သန်နေရသည်ဆိုတာကိုသူမသိ။

မိဘတွေဆုံးပြီးတဲ့နောက်မှာ သူ့ဦးလေးက သူ့ကိုခေါ်ယူစောင့်ရှောက်ခဲ့တာကြောင့် စိတ်သက်သာရာရခဲ့ပြီလို့ ထင်ခဲ့ပေမယ့်၊ ဦးလေးဂျေဒီက သူ့ကို ငါးဖမ်းသဘောင်္ဆီသို့ရောင်းချခဲ့လေသည်။အဲ့ဒီအချိန်တွေတုန်းကဆို သူ့ဘဝကငရဲကျနေရသလိုပင်။သူငိုယိုပြီးတောင်းပန်ခဲ့ပေမယ့် သူ့ဦးလေးက တစ်ချက်ကလေးတောင်လှည့်မကြည့်ခဲ့လေဘူး။

အေးခဲတဲ့ဆောင်းရာသီမှာတောင် သူက တော့ သမုဒ္ဒရာကြီးအလယ်မှာ အလုပ်ကြမ်းများကိုလုပ်နေခဲ့ရသည်။နှစ်အတော်ကြာခဲ့ပြီးတဲ့နောက်မှာတော့ သူ့နှလုံးသားကပါ အေးခဲလာခဲ့လေသည်။အခုတော့ အရာအားလုံးက ပုံမှန်ဖြစ်သွားလေပြီ။

"ဟေး.....နီရို...၊ အဲ့ဒီမှာ ရပ်မနေနဲ့...၊ သဘောင်္ထွက်တော့မယ်.."

အသားမဲမဲ၊ ပိန်ရှည်ရှည် လူတစ်ယောက်က သဘောင်္ပေါ်မှ လက်လှမ်းပြရင်း အော်ခေါ်နေသည်။ဖီလို...။သူ့အပေါ်ကြင်နာပေးတဲ့ တစ်ဦးတည်းသော လူကြီးတစ်ယောက်။၁၅နှစ်အရွယ်ကလေးတည်းကနေ ယခုသူ အသက်၂၀နှစ်အရွယ်အထိကို ဘာမှပြောင်းလဲလာခြင်းမရှိခဲ့လေဘူး။

"လာပြီ...ဦးလေးဖီလို.."

"အေး...မြန်မြန်.."

ကျောက်ဆောင်ထက်မှ မြင်နေရသည့် သမုဒ္ဒရာပြင်ကျယ်ကြီးကိုတစ်ချက်ပြန်လှည့်ကြည့်လိုက်မိသည်။လေတဟူးဟူးတိုတ်ခတ်နေတာတောင်လေးလံနေတဲ့သူ့စိတ်တွေကလျော့ပါးမသွားဘူး။

A legend of love and wonderlandWhere stories live. Discover now