[Zawgyi]
လ၏အလင်းရောင်သည် ကျွန်းတစ်ခုလုံးအပေါ်ဖြန့်ကျက်ထားတာကြောင့် နေရာတိုင်းကို ရှင်းလင်းပြတ်သားစွာမြင်နေရလေသည်။ကြယ်များစုံလင်စွာထွက်ပေါ်နေပြီး လမင်းကြီးကလဲ ထွန်းတောက်နေပေတော့သည်။ကျွန်းပေါ်တွင် လှုပ်လှုပ်ရှားရှားဖြစ်နေသည့်မြင်ကွင်းတစ်ချို့ကို အသေအချာမြင်နိုင်ပေလိမ့်မယ်။ပင်လယ်လေသည် တဟူးဟူးတိုက်ခတ်နေပြီး လှိုင်းကလည်းထူးဆန်းစွာငြိမ်သက်နေပေသည်။ညလယ်ပိုင်းမရောက်တစ်ရောက်ဖြစ်လာသည်မို့ ကျွန်းကြီးတစ်ခုလုံးတွင် အသံတိတ်ဆိတ်ငြိမ်သက်၍နေပေသည်။
ဆိတ်ဆိတ်ငြိမ်နေတာကြောင့် တပ်သားတို့၏လမ်းလျှောက်သံတို့က တဖြည်းဖြည်းထွက်ပေါ်လာလေသည်။
ဟေးကပ်က အထမ်းစင်ပေါ်တွင်စိတ်ပျက်လက်ပျက်ဖြင့်လိုက်ပါလာရသည်။အခုတော့ တကယ်ကြီးကိုထိမ်းမြားရတော့မှာဖြစ်သည်။အဘိုးကြီးက ကိုယ့်သားကို ဖမ်းချုပ်ပြီး ကြင်ရာရှာပေးရတယ်ဆိုတာ ဘယ်မှာရှိလို့လဲ။
မကြာမီ လရောင်သည် ကျွန်း၏အလယ်တည့်တည့်ကိုကျရောက်ပေတော့မည်။ရှေ့ခပ်လှမ်းလှမ်းဆီတွင် ရွှေဖူးစာနတ်ပင်ကြီးကို လှမ်းမြင်နေရလေပြီ။လ၏အလင်းရောင်အောက်တွင် အပင်ကြီးသည် ထီးထီးကြီးတည်ရှိနေသည်။အကိုင်းအခတ်ကြီးကြီးများကို အရွက်တို့က လုံခြုံအောင်ဖုံးအုတ်ထားလေသည်။လေတဖြူးဖြူးပင်တိုင်လင့်နေကာမူ အရွက်တို့က ပိတ်ပိတ်ပိန်းနေသည်မို့ လှုပ်ရှားမှု တစိုးတစိလေးပင်မတွေ့ရပဲ ငြိမ်သက်နေသည်။
တပ်သားအကြီးအကဲက အပင်ကြီးရှေ့တွင်ရပ်လိုက်ရင်း အထမ်းစင်များကိုရပ်လိုက်ရန်အချက်ပြလိုက်သည်။
ယခုအချိန်မှစကာ ပန်းမြှားပစ်ပြီးချိန်အထိ စကားတစ်ခွန်းမှ ပြော၍မရတာကြောင့်အားလုံးဟာ အသံတိတ်နေကြသည်။လှုပ်ရှားမှုတိုင်းဟာလည်းဖြေညှင်း ငြင်သာနေသည်။
ကျွန်းသခင်အပါအဝင် ရွေးချယ်ခံထားရသည့်ကြင်ရာတော်တွေအားလုံး အပင်ကြီးအောက်တွင်စုဝေးနေကြလေပြီ။ဆယ်ယောက်မြောက်အရှင်ငယ်ကို ကြိုးဖြည်ပေးပြီး နောက် အပင်အောက်သို့ခေါ်ဆောင်လာကြလေသည်။
YOU ARE READING
A legend of love and wonderland
Fantasyစိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။မဖြစ်နိုင်တာတွေပဲမို့လို့ ဖြစ်နိုင်ပါ့မလားဆိုတာတွေ မတွေးပါနဲ့နော်။