၈နှစ်သားအရွယ်ဂျုံဆောင်းလေးရဲ့ဘဝမှာ အရာရာကစိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေခဲ့တာ။ လမ်းထိပ်ကုန်စုံဆိုင်က ကြောင်အဝါလေးကစလို့ အိမ်ထဲမှာအလေ့ကျပေါက်တဲ့ ခရမ်းရောင်အမွှေးလုံးလုံးပန်းလေးတွေအဆုံးပေါ့။ ဂျုံဆောင်းလေးရဲ့ဘဝဟာ တကယ်ကိုအေးအေးချမ်းချမ်းလေး။ ဂျုံဆောင်းလေးကို အများကြီးချစ်ပေးတဲ့ ဆရာဝန်ဖေဖေနဲ့ မေမေရယ်၊ တစ်အိမ်လုံးရဲ့အချစ်တော် ခွေးပေါက်လေးနှင်းလုံးရယ်နဲ့ပေါ့။
အဲ့ဒီလိုအေးချမ်းပြီး ရိုးရှင်းတဲ့ဂျုံဆောင်းလေးရဲ့ဘဝလေးကို အရှုပ်ထုပ်လေးတစ်ယောက် ဝင်လာခဲ့တဲ့နေ့ကစပြီး ဂျုံဆောင်းရဲ့ကမ္ဘာလေးဟာပြောင်းလဲခြင်းတွေစခဲ့တော့တာပါပဲ။
••••• five stars everytime that u come thru •••••
"ကိုကိုဂျုံရေ"
လူမမြင်ရသေးပေမဲ့ ထိုအသံခပ်စွာစွာကိုကြားလိုက်ရသည်နှင့် အရှုပ်ထုပ်လေးမှန်း ဂျုံဆောင်းအတပ်သိလိုက်ရပြီ။ ထိုကလေးငယ်ဟာ ဂျုံဆောင်းထက် ၃နှစ်ငယ်ပြီး ဂျုံဆောင်း၏ ညီမလေးတစ်ဝမ်းကွဲ ဆူဂျီနှင့်မှရွယ်တူ။ ဆူဂျီမူကြိုကျောင်းစတက်သည့်နေ့။ ထိုနေ့ညနေတွင် အိမ်ကိုပြန်ပါလာသည့် လုံးလုံးကစ်ကစ်ကောင်လေးတစ်ယောက်။ ထိုကောင်လေးကိုခေါ်လာခဲ့ရာမှစတင်သည့်ဇာတ်လမ်းတစ်ပုဒ်။ ထိုကလေးဟာ ဂျုံဆောင်းလေးကိုအရမ်းကပ်သည်။ သူ့သူငယ်ချင်းဆူဂျီထက် သူငယ်ချင်းရဲ့အစ်ကိုဖြစ်သူကို ပိုကပ်သည်ကတော့ ထူးထူးဆန်းဆန်း။ တိုက်ဆိုင်ချင်တော့ ထိုကောင်လေးသည် ဂျုံဆောင်းတို့၏ဘေးအိမ်ကိုပြောင်းလာသောမိသားစု၏ တစ်ဦးတည်းသော သားငယ်လေးဖြစ်နေသည်လေ။
ပါးစပ်ထဲတွင်လည်း မုန့်ပလုပ်ပလောင်းနှင့်၊ လက်ထဲတွင်လည်း မုန့်ထုပ်မျိုးစုံကိုပိုက်ကာပြေးလာနေသော အရှုပ်ထုပ်လေးကိုမြင်လိုက်ရတော့ ဂျုံဆောင်းလည်းခြံထဲသို့ပြေးဆင်းလိုက်ရသည်။ မတော်တဆခလုတ်တိုက်ပြီးလဲသွားလို့ အရှုပ်ထုပ်လေးငိုပါလျှင် ကမ္ဘာပျက်သည်ထက်ပို၍ဆိုးသည်။
"ဘာလို့ ဒီလောက်တောင်ပြေးလာရတာလဲဆောင်းဟွန်းရဲ့။ ချော်လဲကုန်တော့မှာပဲ"
YOU ARE READING
*5 stars*everytime that you come thru | sungjeng
Fiksi Penggemarsungjeng commission oneshot