Checkmate Your Heart (Unicode)

430 17 1
                                    

ရှင်းရှင်း ::: ဟီဟိ ငါ ထွင်းလို့ ပြီးတော့မယ်

*( ချန်ယန် & ယွီရှင်းရှင်း )*

ချန်ယန် ::: ယွီရှင်းရှင်း မင်း ဘာလုပ်နေတာလဲ?

ရှင်းရှင်း ::: ဘာမှ မလုပ်ပါဘူး

ချန်ယန် ::: ယွီရှင်းရှင်း ဝူတုံသစ်ပင်တွေက ထိန်းသိမ်းစောင့်ရှောက်ထားတဲ့သစ်ပင်တွေဆိုတာ မသိဘူးလား?

ရှင်းရှင်း ::: ချန်ယန် ငါ...ငါ နင့်ကို သဘောကျတယ်။ငါတို့လေ....ဟို...ငါတို့ တွဲကြမလားဟင်?

ချန်ယန် ::: ဆောရီး၊ ငါ မတွဲဘူး

ဆောရီး ငါ မတွဲဘူး၊ စိတ်မကောင်းပေမဲ့ ငါ မတွဲနိုင်ဘူး.............

+++++++++++++++++++++++++++

Ringing!!! Ringing!!! (ringing of mobile phone)

ဖုန်းမြည်သံကြောင့် သူမ လန့်နိုးသွားတယ်။

ရှင်းရှင်း ::: ဟဲလို

သူငယ်ချင်း ::: ရှင်းရှင်းရေ ဒီနေ့ လုလုရဲ့မွေးနေ့လေ
အဲ့ဒါ ဒီနေ့ည အပြင်မှာ မွေးနေ့ပွဲလုပ်‌ပေးကြမယ်
ဘယ်လိုလဲ?

ရှင်းရှင်း ::: အပြင်ထွက်ဖို့အကြောင်း မပြောပါနဲ့ဟာ။ငါ့အမေက ငါ့ကို ညမထွက်ရ အမိန့်ချထားတယ်ဟ။ည ဆယ်နာရီထိုးလို့ အိမ်ပြန်မရောက်ရင် ငါ့ကို ရိုက်လိမ့်မယ်။

သူငယ်ချင်း ::: နင်က အမေ စိတ်ဆိုးအောင် ဘာတွေလုပ်ထားလို့လဲ?

ရှင်းရှင်း ::: ငါက သူ့ကို ဘာလို့စိတ်ဆိုးအောင် လုပ်ရမှာလဲဟယ်? အမေသာ ငါ့ကို blind date ဆက်မလုပ်ခိုင်းတော့ရင် အရမ်းပျော်မှာပဲ

သူငယ်ချင်း ::: ဒါဆို ဒီည မလာတော့ဘူး ဆိုပါတော့?

ရှင်းရှင်း ::: အိုက်ယား၊ ငါမလာတော့ဘူးလေ၊ ငါ့အတွက်ပါ လုလုကို happy birthday လို့ပြောပေးဦး။ ငါ သူ့ကို နောက်မှ မွေးနေ့လက်ဆောင်ပေးလိုက်တော့မယ်။ အမေက ငါ့ကို အိမ်မှာပဲ ညစာစားဖို့ အမိန့်ချထားတယ်။

ယွီရှင်းရှင်းရဲ့ အသက်က ၂၅ နှစ်။ ဘွဲ့ရပြီးတည်းက အလုပ်၀င်နေတာ နှစ်နှစ်ရှိပြီ။ သူမကို အိမ်က Blind date သွားတွေ့ခိုင်းတာ ဆယ်ကြိမ်ထက်မနည်းရှိပြီ။ အကြောင်းရင်းကတော့ သူမအိမ်က အဖေ၊ အမေ ၊အစ်ကိုနဲ့ ယောင်းမ ၊ မိသားစု၀င်အကုန်လုံး TV မှာ လွှင့်‌နေတဲ့ လက်တွဲဖော်ရှာဖွေခြင်း(အောင်သွယ်) အစီအစဉ်ရဲ့ အဆိပ်မိနေကြလို့လေ။ အဲ့ဒါကြောင့်ပဲ သူမကို စမ်းသပ်ခံ ပူး,ကလေးလို အသုံးချနေကြတော့တာ။ Blind date ခဏ ခဏ သွားတွေ့ရတဲ့အထိ သူမ အရမ်းအသက်ကြီး‌နေပြီလား?

Checkmate Your Heart Myanmar Translation Where stories live. Discover now