Zᴀᴡɢʏɪ
Seoul internation university
ဖွင့်ပွဲစဖို့၁၅မိနစ်သာလိုတော့သည်။သို့သော်သူတို့မေဂျာရဲ့kingဖြစ်တဲ့ဆောင်းဟွန်းကခုထိမရောက်သေး
ဂျယ်ယွန်းလက်တစ်ဖက်မှာဖုန်းကိုကိုင်ပြီး အငြိမ်မနေနိုင်"ဟျောင့်jay ဆောင်းဟွန်းခုထိမလာသေးဘူး လမ်းမှာမီးပွိုင့်မိနေလို့လားမသိဘူး ဒါမှမဟုတ် တစ်ခုခုများ.."
"yaa မင်းကသူ့အဖေလား..ဘာလို့ဒီလောက်ပြာယာခပ်နေတာလဲ သူ့ဘာသူလာမှာပေါ့..အဲ ဟိုမှာလာနေပြီ ငါပြောသား"
ဂျယ်ယွန်းတစ်ယောက်ခုမှသက်ပြင်းချနိုင်တော့သည်။
"ဆောင်းဟွန်း မင်းဘာလို့ကြာနေတာလဲကွ"
jayစကားစဖြစ်သည်။"ဘာလို့ရမလဲ မင်အာပေါ့ကွာ သူ့ကိုပါလာခေါ်ပေးလို့ရမလားဆိုတာနဲ့ ငါလည်းသွားခေါ်လိုက်တာ"
"အော်..ဟျောင့်မင်းကဘာလို့တိတ်ဆိတ်နေတာလဲ ခုနကလည်ပင်းရှည်ထွက်တော့မလိုဖြစ်နေတာသူမဟုတ်တဲ့အတိုင်း"
ဂျယ်ယွန်းခုမှအသိဝင်လာတဲ့လူတစ်ယောက်လို
"ဟမ် အော် အင်း ဆောင်းဟွန်းအဆင်သင့်ဖြစ်ပြီလား"
"ကြာပေါ့ဗျာ ပွဲစတော့မယ်ထင်တယ်သွားရအောင်"
ခန်းမထဲဝင်လာလိုက်တာနဲ့လျှပ်စီးလပ်သလိုကင်မရာတွေကနစ်ဖျပ်ဖျပ်သူတို့ဆီဦးတည်လာတယ်
အကြောင်းရင်းကတော့ မနှစ်ကqueenဖြစ်ခဲ့တဲ့ E majorကဂင်မီနာကဆောင်းဟွန်းဆီကိုရောက်လာခြင်း.."ဆောင်းဟွန်း တို့နဲ့အတူတွဲကမလား"
"ဗျာ ..ဟို"
ဆောင်းဟွန်းရုတ်တရက်မို့ကြောင်သွားသည်။
ဂင်မီနာဆိုသည်မှာ သူမနှစ်ကတည်းကသဘောကျခဲ့သည့်စီနီယာအမ
ဖွင့်ပြောဖို့ကြိုးစားပေမဲ့အခွင့်မမျှခဲ့သည်မို့။
ဆောင်းဟွန်းအတွေးလွန်နေစဉ်.."ဘာလဲ ယူကတို့နဲ့မကချင်ဘူးလား"
"မ မဟုတ်ပါဘူး က ချင်ပါတယ်"
ဆောင်းဟွန်း ဂျယ်ယွန်းဘက်ကိုလှည့်လိုက်ပြီးတောင်းဆိုသတဲ့အကြည့်တွေနဲ့ကြည့်လာတယ်။ဆောင်းဟွန်းရဲ့ပုံစံကအရမ်းပျော်ရွှင်နေတဲ့ကလေးတစ်ယောက်နှယ်~
ဆောင်းဟွန်းမျက်နှာကိုအကြာကြီးငေးကြည့်နေရင်း...
*မင်းရဲ့ပျော်ရွှင်မှုကိုတားရက်ပါ့မလားကွာ*