ᴢᴀᴡɢʏɪဆောင်းဟွန်းနားကြားများမှားလိုက်လေသလား?
"ဂျယ်ယွန်း မင်းဘာတွေပြောနေတာလဲ "
"ငါမင်းကိုချစ်တယ်လို့ ဒီကောင်ကမင်းကိုသိပ်ချစ်တာလို့"
"တော်ပြီဂျယ်ယွန်းမင်းအဓိပ္ပါယ်မရှိတဲ့စကားတွေဆက်ပြောနေမယ်ဆိုငါသွားတော့မယ်"
ယောက်ျားလေးတစ်ယောက်ကအခြားယောက်ျားလေးတစ်ယောက်ကိုချစ်ရေးဆိုတာအဓိပ္ပါယ်မရှိဘူးတဲ့လား
"ငါမင်းကိုသိစေချင်လို့..မင်းဆီကဘာမှမမျော်လင့်ထားဘူးဆောင်းဟွန်း..ဒီတိုင်းဖုံးကွယ်မထားနိုင်တော့လို့ထုတ်ပြောလိုက်ရုံပဲ"
"ငါ့မှာရည်းစားရှိတယ်"
"သိတယ်"
"မင်းကွာ..မင်း..သိရက်နဲ့ကွာ ငါhomoတွေကိုသိပ်မုန်းတာကိုလဲမင်းသိရက်နဲ့"
"ငါဘာတွေတောင်းဆိုနေလို့လဲ မင်းကိုပြန်ချစ်ပေးပါလို့ပြောနေတာလဲမဟုတ်ဘူးဒီတိုင်းသိစေချင်ရုံသပ်သပ်ပဲ"
ဆောင်းဟွန်းသက်ပြင်းကိုခိုးချလိုက်ပြီး
"ဒီနေ့ကိစ္စတွေကိုမဖြစ်ခဲ့သလိုနေရအောင်ငါမင်းကိုတော့မဆုံးရှုံးချင်ဘူး"
ဆောင်းဟွန်းစိတ်ရှုပ်စွာဆံပင်တွေကိုထိုးဖွရင်းထွက်လာခဲ့သည်။
သူ့ရဲ့အတွေးတွေကလွန်ခဲ့တဲ့၁၀နှစ်ဝန်းကျင်လောက်ဆီသို့..ဆောင်းဟွန်းအသက်၁၃နှစ်လောက်သာရှိအုန်းမည်။
ကျောင်းကနေအပြန်အိမ်ထဲကဆူညံသံတွေကြောင့်ခြေလှမ်းရပ်သွားမိသည်။"ရှင့်ရဲ့လင်ငယ်ကိုအိမ်ပေါ်ခေါ်တင်ထားချင်လို့ကျမကိုကွာရှင်းဖို့ပြောနေတာလား"
ဒါ မေမေအသံပင် ဘာဖြစ်လို့ပါလိမ့်?
ဆောင်းဟွန်းလိုက်ကာနောက်ကနေချောင်းကြည့်လိုက်မိသည်။
ဖေဖေသည်တခြားအမျိုးသားရဲ့လက်ကိုတွဲကာ မေမေ့ရှေ့မှာဒူးထောက်နေသည်။"မင်းရဲ့ဆန္ဒတွေအကုန် ငါလိုက်လျောခဲ့တာပဲလေ ဒီတစ်ခုလေးတော့လိုက်လျောပေးပါ ငါတောင်းဆိုတာပါ"
"ဒါဆိုသားလေးကရော ဆောင်းဟွန်းလေးကရောဘယ်လိုလုပ်မလဲ ဘာမှမသိသေးတဲ့ကလေးကိုလူသူကြားထဲအရှက်ရအောင်ရှင်လုပ်နေတာလား"