Chapter 6(unicode)

75 9 2
                                    

"ကိုကို"
လေတစ်ချက်အဝှေ့မှာပျောက်ကွယ်သွားတော့မလိုမျိုးတိုးလျတဲ့အသံလေး
အလန့်တကြားလှည့်ကြည့်လိုက်မိတယ်

ကလေးငယ်တစ်ယောက်~
တစ်နည်းအားဖြင့် ကိုယ်သိပ်တွေ့ချင်နေရတဲ့မျက်နှာလေး
တလက်လက်တောက်ပနေတဲ့မျက်လုံးလေးတွေနဲ့ကိုယ့်ကိုငေးကြည့်နေတဲ့ကလေးငယ်က တစ်ကယ့်ကိုချစ်စဖွယ်အတိ

ရုတ်တရက်..
ကလေးငယ်ရဲ့အကြည့်တွေမှေးမှိန်သွားတယ်
ကိုယ်ပေါ်က အကျႌအဖြူလေးပေါ်မှာစွန်းထင်းနေတဲ့သွေးစတစ်ချို့
တဖြည်းဖြည်း
ကိုယ့်မျက်နှာပေါ်က အပြုံးတွေလည်းပျောက်ကွယ်သွားတယ်
ကောင်ကင်မှာ သာယာနေတဲ့နေမင်းကြီးလည်းမရှိတော့သလို
ကိုယ့်ရှေ့မှာ ရပ်နေတဲ့ကလေးငယ်ကလည်း ပြေးထွက်သွားခဲ့တယ်။
ကိုယ်လိုက်ဖမ်းဖို့ကြိုးစားတယ် ဒါပေမဲ့ ကိုယ့်ရဲ့ ခြေထောက်တွေက လှုပ်ရှားလို့မရခဲ့ဘူး
ကိုယ်ကြိုးစားရုန်းကန်ရင်း ထွက်ပြေးသွားတဲ့ မင်းလေးကိုပြန်လာဖို့တောင်းဆိုနေမိတယ်

"ကလေး!..မသွားနဲ့ ထွက်မသွားပါနဲ့"

ဝေဝါးနေတဲ့အာရုံတွေထဲဖမ်းဆုပ်လိုက်မိတဲ့လက်တစ်ဖက်
ထိုလက်ကလေး လွတ်ထွက်သွားမှာကို ကြောက်လန့်တကြား ဖမ်းဆုပ်ထားမိတယ်

"ဆောင်းဟွန်း. အိပ်မက်ဆိုးမက်လို့လား"

ရုန်းကန်နေသူဟာ လက်တစ်ဖက်ကိုတော့မလွှတ်စတမ်းဖမ်းဆုပ်ထားတာမို့

"ဆောင်းဟွန်း ဘာဖြစ်တာလဲ..
သတိထားပါအုံး"

ပါးကိုခပ်သွပ်"ပုတ်မေးတော့
ဖွင့်ကြည့်လာတဲ့မျက်ဝန်းတွေ

"မသွားပါနဲ့..ထပ်ပြီးထွက်မသွားပါနဲ့ကွာ"

ဂျယ်ယွန်း အကြည့်လွဲဖို့မေ့လျော့နေမိသည်အထိ ထိုရီဝေဝေမျက်ဝန်းတွေထဲစိုက်ကြည့်နေမိသည်။
စက္ကန့်ဝက်လောက်အကြာမှာ မျက်နှာနှစ်ခုမှာသိသိသာသာနီးကပ်သွားကြသည်။
ထို့နောက် နီဆွေးသောနှုတ်ခမ်းလွှာတို့ထပ် နွေးထွေးသောနှုတ်ခမ်းတို့က ခပ်ဖွဖွ ဖိကပ် သွားလေသည်။

----------------------
မျက်နှာထက်က ဝင်လေထွက်လေ နွေးနွေးကြောင့် မျက်ဝန်းတွေကိုအလန့်တကြားဖွင့်ကြည့်မိတယ်
ရင်ခွင်တစ်ခု တစ်နည်းအားဖြင့် ဆောင်းဟွန်း ရဲ့ရင်ခွင်ထဲကို တစ်ညလုံးရောက်နေခဲ့တာ ဒါဆိုရင် နမ်းခဲ့တာကရော အိပ်မက်မဟုတ်ဘူးပေါ့

ANYMOREWhere stories live. Discover now