Unicode
🌹🌹
"ဒီဘက်ကို လာပါဗျ"
ဂျီမင်းလာတော့ ထိုလူတစ်ယောက်ကအခန်းတစ်ခန်းစီလမ်းပြပေးလေ၏။
ဂျီမင်းတစ်ယောက် ထိုလူခေါ်တဲ့နောက်ကိုလိုက်သွားလေ၏။
ဘား ဆိုတော့လဲသီချင်းသံတွေလဲဆူညံနေပြီးထို ဘား ထဲမှာလဲအခန်းတွေအများကြီးရှိလေသည်။ထိုအခန်းတွေထဲကမှ နောက်ဆုံးခန်းကို ဂျီမင်းကိုခေါ်သွားလေသည်။ထိုအခန်းထဲမှာအပေါ်အောက်အနက်ရောင်၀တ်ထားတဲ့လူသုံးယောက်ကလဲ အခန်းရဲ့ထောင့်တစ်နေရာစီမှာရှိ၏။
ဂျီမင်းလဲ နည်းနည်းတော့စိုးရိမ်မိတာအမှန်"
"ထိုင်ပါအုံး ကျွန်တော်သူဌေးကိုခေါ်ပေးပါ့မယ်။
"ဟုတ်ကဲ့ဗျ ဆိုပြီး ဂျီမင်းလဲ ခေါင်းလေးညိပ်ပြလိုက်လေ၏။"သူဌေး"
"ရောက်လာပါပြီ"
"အေး ခဏနေ ငါလာခဲ့မယ်"
"ဟုတ်"
ထိုသူဌေးသည် 5 မိနစ်နေလဲရောက်မလာ 10 နေလဲပေါ်မလာတော့ ဂျီမင်းတစ်ယောက်စိတ်မရှည်တော့ပေ။
ထိုလူသည် ဂျီမင်းရောက်လာမှန်းသိရက်နဲ့မသွားသေးပဲ အထဲကနေ ဂျီမင်းကိုထိုင်ကြည့်နေလေသည်။"အတော်ကိုလှတဲ့ယောကျာ်းလေးပဲမြင်တာနဲ့တင်စားချင်လာပြီ ဒီနေ့တော့ ငါ့လက်ထဲကနေ မင်းလေးပြေးမလွတ်ပါဘူး။
"ဒီမှာ မင်းတို့သူဌေးမလာသေးဘူးလား"
"ဟုတ် လာနေပါပြီ"
ခဏနေတော့ ဂင်ဟန်ဂျိုတစ်ယောက်အထဲနေထွက်လာခဲ့၏။"ဆောရီးပါ နည်းနည်းနောက်ကြသွားတယ် စောင့်နေရလို့အားနာလိုက်တာ။
"ရပါတယ်"
"ဂင်ဟန်ဂျိုလို့ခေါ်ပါတယ် ဒါနဲ့ဒီကနာမည်"
"ကျွန်တော် ပတ်ဂျီမင်းပါ"
"နာမည်လေးက ပတ်ဂျီမင်းတဲ့လား လှလိုက်တာ"
"ဘာကိုပြောတာလဲ"ဂျီမင်းသည် အသံမာမာနဲ့ပြောလိုက်၏။
"အိုး စိတ်ရှော့ပါ ဒီတိုင်းပဲနာမည်လေးလှတယ်လို့ပြောတာပါ စိတ်ကြီးတယ်နော်။"ဒါနဲ့ ခင်ဗျဘယ်တော့အလုပ်ကိစ္စကြောင်းပြောမှာလဲ။
"ဘာဖြစ်လို့လောနေတာလဲ ဖြည်းဖြည်းပေါ့"
"ကျွန်တော့်မှာ အချိန်မရှိဘူး ဒီကအရေးကြီးတယ်ဆိုလို့ အလုပ်တွေပစ်ထားပြီးလာခဲ့တာ။
"ဟုတ်ပါပြီ မင်းလေးရယ်"

YOU ARE READING
နှင်းဆီဆူးရဲ့မာယာ
Fanfictionအပြစ်ကင်းစင်ပြီးမြင်သူသခါငေးလောက်အောင်လှရက်လွန်းတဲ့အလှတရားငယ်" "ရိုးသားကြိုးစားပြီး မဟုတ်ရင်မခံပြန်ပြောတက်တဲ့အမူအကျင့်လေးက သူ့ရဲ့ဆွဲဆောင်မှုသမျိုး" ဘ၀မှာဘယ်လိုလိမ်ညာမှုမျိုးမဆိုအလွန်မုန်းတီးတဲ့ Park Jimin 💛" "မိန်းကလေးတိုင်း မျက်စိကျနေသည့်အပြင်ဆွဲဆ...