part 24 Un Zg

230 15 2
                                    

Unicode

🌹🌹

ဂျီမင်းတစ်ယောက် သူ့ဖေဖေမူးလဲတည်းက သူ့ဖေဖေကိုဂရုစိုက်ရင်းအလုပ်တွေကိုအိမ်မှာပဲလုပ်ခါဖုန်းနဲ့ပဲ Company က စာရင်းတွေကိုပို့ပေးလေရှိပြီးလေလံပွဲရက်နီးပြီမို့၊ ခုတစ်ရက်နှစ်ရက်အလုပ်တွေပိုလုပ်ပေးရ၏။

ငါ ဂျောင်ကုဆီကအကူညီပဲကိုလက်ခံရမလား၊ခုချိန်မှာသူဌေးကလဲငွေအခက်ခဲဖြစ်နေတာ ငါ ပြောလို့အဆင်ပြေမယ်မထင်။

အစ်ကိုနမ်ဂျွန်းဆီ အကူညီတောင်းရင်တော့ရလိမ်မည်၊အဲ့အတွက်နဲ့ခရီးသွားရမယ်မဟုတ်လား၊ငွေရေးကျေးရေးကိစ္စဆိုတော့ ဖုန်းနဲ့ပြောလို့လဲမကောင်းပေ။

ဘာပဲဖြစ်ဖြစ် ငါကြိုးစားပြီးလုပ်ရမှာပဲ ဂျောင်ကုရဲ့အကူညီပဲလက်ခံလိုက်တော့မယ်။

ဂျီမင်းတစ်ယောက်ထဲစကားတွေပြောပြီး သက်ပြင်းတစ်ချက်ချလိုက်လေရဲ့။
"သား ဂျီမင်း"
"ဗျာ ဖေဖေ"
"ဘာလို့သက်ပြင်းတွေချနေတာလဲ သား၊ ဖေဖေအတွက်နဲ့ သား အရမ်းခက်ခဲနေလား၊ဖေဖေကအသက်ကြီးနေပါပြီ၊ဖေဖေကုသမှုမခံယူလဲရပါတယ်။အစ်ကိုလေးတို့ဆီကယူရမဲ့ငွေတွေအများကြီးမှတ်လား။

"သားအတွက်မခက်ခဲပါဘူး ဖေဖေရယ်၊အရေးကြီးတာက ဖေဖေစိတ်ဓာတ်လဲမကျနဲ့၊အားလဲမလျှော့ပဲနေကောင်းအောင်နေရမယ်၊ကျန်တာ ဖေဖေ ဘာမှစိတ်ပူစရာမလိုပါဘူး၊ ပြီးတော့ အဲ့ငွေတွေကို သားအလုပ်ကြိုးစားပြီးပြန်ဆက်လို့ရတာပဲ။

"သားတို့မှာ ဖေဖေနဲ့သားနှစ်ယောက်ထဲရှိတာလေ၊ဘာ အကြောင်းကြောင့်မှ သား ဖေဖေကိုအဆုံးရှုံးမခံနိုင်ဘူး ဖေဖေ။ငွေဆိုတာအချိန်မရွေးပြန်ရှာလို့ရတာပဲ၊အဲ့ကိစ္စတွေနဲ့ပတ်သတ်ပြီး ဖေဖေ ဘာကိုမှခေါင်းထဲမထည့်ထားနဲ့နော် ဖေဖေ။

"ဟုတ်ပါပြီ ငါ့သားပြောလို့ ဖေဖေအားရှိသွားပြီ ဖေဖေကုသမှုခံယူမယ် ကျန်းမာအောင်နေမယ် နေကောင်းလာရင် သားအတွက် ဖေဖေတစ်လှည့်ပြန်လုပ်ပေးမယ်။

"မလိုပါဘူး ဖေဖေရယ်၊တကယ်ဆို သားတို့သားသမီးတွေကသာ မိဘကိုလုပ်ကျွေးရမှာလေ၊ဟိုငယ်ငယ်တည်းက ဒီအရွယ်ရောက်လာအောင်ကျွေးမွေးပြုစုခံလာရတာ ဖေဖေနဲ့မေမေရဲ့ပင်ပန်းလှပါပြီ၊ခုကသားအလှည့် သားမှာ မေမေမရှိတော့ပေမဲ့ ဖေဖေရှိသေးတယ်လေ၊သားတစ်ယောက်အနေနဲ့ ဖေဖေအပေါ် သားတာ၀န်ကျေချင်တယ်၊သားလိမ်မာလေးလဲဖြစ်ချင်တယ် ဖေဖေ။

နှင်းဆီဆူးရဲ့မာယာWhere stories live. Discover now