Part 22 Un Zg

197 14 0
                                    

Unicode

🌹🌹

"မင်း ဘာလုပ်တာလဲ ဂျောင်ကု"
"ခင်ဗျားကရော ဘာလို့ခွေးကြံကြံနေတာလဲ"
"ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ဘူး"
"ဆိုင်တယ်"
"မင်း သွားလိုက်တော့ ဂျောင်ကု"
"အဲ့တာက ကျုပ်ကပြောရမှာ ခင်ဗျားမျက်နှာကိုမမြင်ချင်ဘူး၊ဒီနေရာကနေ အမြန်ထိုးလိုက်တော့။

"မသွားဘူး‌ဆိုရင်ရော မင်းဘာလုပ်ချင်လဲ ငါက ငါ့ကောင်လေးနိုးမှအတူပြန်မှာ။
"ဘာ...."
"ခင်ဗျား ဂျီမင်းကို ဘယ်လိုခေါ်လိုက်တယ်"
"ကောင်လေးလို့ပြောလိုက်တာလေ"

"ခွမ်.."

"ပြောချင်အုံးကွာ"
ထိုအပြောကြောင့် ဂျောင်ကုသည်စိတ်တိုပြီး၊ဂင်ဟန်ဂျိုကိုနောက်ထပ်တစ်ချက်ဆွဲထိုးလိုက်လေသည်။

"ထွီ!
"ဘာလုပ်တာလဲ မင်း"
"ထိုးလိုက်တာလေ"
ဂျောင်ကုသည် ဂင်ဟန်ဂျိုရဲ့အကျီကော်လန်စကိုဆွဲကိုင်ထားပြီးထပ်ထိုးမယ်ပုံစံ။

ထိုနည်းတူစွာ ဂင်ဟန်ဂျိုလဲ အပြန်အလှန် ဂျောင်ကုအကျီစကိုပြန်ဆွဲထားလေသည်။
"ခင်ဗျား နောက်ထပ်အဲ့လိုခေါ်ရဲရင်ခေါ်ကြည့် ခင်ဗျားပါးစပ်ကို ဆွဲဖြဲပြစ်မယ် ရှင်းတယ်နော်။

"အဲ့တာ ဘာဖြစ်နေကြတာလဲ"

ကားထဲကဆင်းလာပြီး တစ်ယောက်နဲ့တစ်ယောက်စကားများနေကြတဲ့ဂျောင်ကုတို့ကိုကြည့်ပြီးပြောနေခြင်း။
"ဒါနောက်ဆုံးဖြစ်ပါစေ နောက်တစ်ခါ ဂျီမင်းအသားကိုမပြောနဲ့ ဂျီမင်းအနားကိုတောင်မကပ်မိစေနဲ့ နားလည်တယ်နော်။

ထိုသို့ပြောခါ ထိုလူရဲ့အကျီစကိုလွှတ်လိုက်လေ၏။
"ငါ မေးနေတယ်လေ နှစ်ယောက်သားဘာဖြစ်နေကြတာလဲလို့။
"လာ ဂျီမင်း ပြန်မယ်"
ဆိုကာ ဂျောင်ကုသည် ဂျီမင်း မေးတာမဖြေပဲ ဂျီမင်းလက်ကိုသာဆွဲသွားလိုက်လေပြီး။ဂျီမင်းတစ်ယောက်လဲဆွဲခေါ်ရာနောက်သို့ပါသွားလေ၏။

"တောက်!"
အချိန်ကောင်းဆို အမြဲနှောက်ရှက်တဲ့ကောင် ဂျောင်ကု မင်းအလှည့်ရောက်အုံးမှာပါ။
ဂင်ဟန်ဂျိုသည်အံ့ကြိုတ်ကာပြောနေခဲ့ခြင်း။
ကောင်လေးရဲ့မျက်နှာဟာ တကယ်စိတ်တိုနေသည့်ပုံ။
ဂျောင်ကုတစ်ယောက်စိတ်တိုပြီး ထိုနေရာကနေကားကိုအရှိန်တင်ခါမောင်းပါလေရော။
ဘယ်လောက်တောင်အရှိန်တင်ထားလဲဆိုရင် ဂျီမင်းတစ်ယောက် ရင်သလှပ်လှပ်နဲ့ဘေးဘက်ကိုလဲသေချာကိုင်ထားရ‌သည်။

နှင်းဆီဆူးရဲ့မာယာWhere stories live. Discover now