အပိုင်း ၁
ဒီဇင်ဘာလစပိုင်း၏ လေအေးအေးများက နိုင်ငံတစ်ဝှမ်းဖြတ်ကျော်တိုက်ခတ်လျက် လေကြမ်းများနှင့် မိုးစက်ပေါက်တို့ကို ကြဲချခဲ့ကာ နိုင်ငံ၏ အစိတ်အပိုင်းတော်တော်များများအား ဆောင်းရာသီတွင်းသို့ တရားဝင် သွပ်သွင်းခဲ့လေပြီဖြစ်သည်။
ချီရှမြို့သည် ချိုက်ဖုန်းမြို့တော်၏အနောက်မြောက်အရပ်တွင်တည်ရှိသည်။ ကြွယ်ဝချမ်းသာသော မြို့တော်၏ ဆင်ေခြဖုံး မြို့ငယ်လေးတစ်မြို့ဖြစ်သည်နှင့်အညီ ချီရှမြို့သည် ကျယ်ဝန်းေသာ လမ်းမများ၊ ရထားလမ်းများ၊ မြို့ပတ်ရထားများ၊ ရှောပင်းမောများအပြင် အခြားသော တိုးပွားလာမှုများနှင့်အတူ တစ်နှစ်ထက်တစ်နှစ် အတော်လေး တိုးတက်လာခဲ့ပြီးဖြစ်ကာ ပိုပို၍ များပြားသော လူငယ် လူရွယ်များမှာ လမ်းမများတစ်လျှောက်တွင် ဟိုဟိုဒီဒီ သွားလာေနကြလျှက်။
မြို့ပတ်ရထား လိုင်းနံပါတ် ၁၅ ၏ ဝင်ပေါက်နံဘေးရှိ ရှောပင်းမောတစ်ခုတွင်တော့ ၎င်း၏ သုံးနှစ်ပြည့်အထိမ်းအမှတ်ပွဲတော်အား အိုးစည်ဗုံမောင်းများ ဒရမ်များအပြည့်ဖြင့် ကျင်းပနေလေကာ အမျိုးမျိုးသော စီးပွားရေး လုပ်ငန်းများမှာလည်း ဈေးဝယ်သူများအား ဆွဲဆောင်နိုင်ရန် သူ့ထက်ငါကြိုးစားနေကြလေ၏။တိုက်ခတ်နေသော လေများက ခါးသက်စရာကောင်းလှစွာ အေးစိမ့်နေလျှက် မွန်းလွဲသုံးနာရီကျော်သာ ရှိနေသေးသော်လည်း ကောင်းကင်မှ နှင်းပွင့်များစတင်ကျဆင်းလာပြီဖြစ်ကာ အေးစက်သော မိုးရေစက်များဖြင့် ရောယှက်လျှက် အေးခဲနေသော ဖြတ်သွား ဖြတ်လာများအား ကိုယ်ကိုကြုံကာ ခိုက်ခိုက်တုန်နေစေသည်။ လေနှင့် နှင်းများကြားတွင် အနီရောင် ဝက်အရုပ်ဝတ်စုံဝတ်ဆင်ထားသည့် ဝန်ထမ်းတစ်ယောက်မှာ လက်တွင် ကြော်ငြာစာရွက်များအပြည့်ဖြင့် သူ၏မြင်ကွင်းထဲရှိနေသမျှသောသူအားလုံးအား ကြော်ငြာစာရွက်များ လိုက်ဝေပေးနေ၏။ ကံမကောင်းစွာပင် ယနေ့တွင်အတော်လေး အေးစိမ့်နေလေရာ အားလုံးက သူတို့၏ လက်များအား အိတ်ကပ်များထဲထည့်ထားကြလေရာ အနီရောင် ဝက်ကြီးမှ ကမ်းပေးလာသော ကြော်ငြာစာရွက်များအား လစ်လျှူရှုထားကြလေ၏။ တစ်နာရီခွဲနှင့်အထက်ကြာပြီးနောက်၊ နောက်ဆုံးမှာတော့ လေးနာရီထိုးပြီဖြစ်သည်။ ပတ်ဝန်းကျင်တွင် နှင်းများကျဲပါးသွားပြီဖြစ်ပေမဲ့ နေရာတိုင်းက စိုစွတ်ေနကာ မီးခိုးရောင်သန်းလျှက် ကောင်းကင်တခွင်လည်း ညသဖွယ် မှောင်ရိပ်သန်းနေပြီဖြစ်သည်။
YOU ARE READING
ဝက်နှစ်မှာ ကံကောင်းပါစေ_猪年大吉
Lãng mạnAuthor :Yè Dí E translator:Xiao YunYun Chapters : 53 + 6extras