(zawgyi)
Studio √2 ပန်းချီပြခန်းက Queens မှာ အထင်ရှားဆုံးဖြစ်တဲ့ Flushing Meadows Corona ပန်းခြံထဲမှာ ရှိတာမို့လို့ Jaemin နဲ့ Renjun တို့ နေ့လည်စာ စားခဲ့တဲ့ တရုတ်စားသောက်ဆိုင်လေးနဲ့တော့ သိပ်မနီး။
သို့ပေမယ့်လည်း တဖွဲဖွဲ ကျနေတဲ့ နှင်းတို့က ရပ်ဆိုင်းသွားပြီး starbucks က ကော်ဖီလေး သောက်ကာပင် သူတို့နှစ်ယောက် ဘေးချင်းကပ်လျက် အတူယှဉ်တွဲ လမ်းလျှောက်နေကြတဲ့အခါမှာတော့ စိမ့်နေတဲ့ ရာသီဥတုဟာလည်း သိပ်မဆိုးရွားတော့။
သူ့ရဲ့ လက်ထဲက caramel latte ကော်ဖီဘူးလေးကလည်း အနည်းငယ်တော့ အနွေးဓာတ်ကို ပေးနေသည်လေ။
Jaemin ရဲ့ လက်ထဲက ကော်ဖီကတော့ ရိုးရာမပျက် သူ့ရဲ့ အသက်ရှည်ဆေး espresso ပဲပေါ့။
"Jaemin အမှန်တိုင်း ဖြေနော် ... starbucks က espresso နဲ့ ကျွန်တော့်ရဲ့ espresso ... ဘယ်ဟာက ပိုကောင်းလဲ?"
သူ စနောက်ရင်းပင် မေးလိုက်တဲ့အခါမှာတော့ ထိုအမျိုးသားက ခပ်ပြုံးပြုံးနဲ့ပင် အလေးအနက် တွေးတောနေဟန်၊ ချက်ချင်း အဖြေမပေး။
"Renjun ရဲ့ espresso က ပိုကောင်းတာပေါ့ဗျာ!"
"ဟုတ်ရဲ့လား? တော်တော်ကြာကြာ စဉ်းစားနေပုံအရတော့ ... starbucks က ဟာကို ပိုကြိုက်တယ်မလား?"
စနောက်သဖွယ် မကျေနပ်ဟန်ဆောင်ကာပင် Jaemin ရဲ့ ပုခုံးကို သူ ခပ်ဖွဖွ တိုက်လိုက်ပြီး ပြောလိုက်တော့ ထိုသူက ခပ်အက်အက်သာ ရယ်လာ၏။
"မဟုတ်ရပါဘူး။ Renjun ရဲ့ espresso ကိုမှ တမ်းတမ်းစွဲဖြစ်နေလို့ ဆိုင်ကို ကျွန်တော် နေ့တိုင်း လာနေတာပေါ့။ မဟုတ်ရင် ကျွန်တော့် ရုံးခန်းနဲ့ နီးတဲ့ မြေညီထပ်က starbucks ကိုပဲ ကျွန်တော် သွားမှာပေါ့ ... မဟုတ်ဘူးလား?"
သူ့ရဲ့ အဖြေက အမှန်တရား မဟုတ်ခဲ့ပေမယ့် မုသားလည်း မဟုတ်ခဲ့ဘူး။
သူ့ကို သွား ၃၂ ချောင်းလုံး ပေါ်တဲ့အထိ ပြုံးပြကာ ဖြေရှင်းချက်ပေးနေတဲ့ ထိုအမျိုးသားကြောင့် Renjun ခေါင်းသာယမ်းမိရင်း ပြုံးမိပါ၏။
"Jaemin ပြောတာလည်း ဟုတ်တော့ ဟုတ်တာမို့လို့ မယုံချင်ပေမယ့် ယုံလိုက်ပါမယ် ..."
YOU ARE READING
expresso in the morning {renmin}
Fanfic[𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱] (zawgyi) ကိုယ့်အတွက်တော့ မင်းဟာလည်း တစ်ရက်မှာ မသောက်ရရင် အသက်မရှင်နိုင်တဲ့ espresso လိုပဲ ... (unicode) ကိုယ့်အတွက်တော့ မင်းဟာလည်း တစ်ရက်မှာ မသောက်ရရင် အသက်မရှင်နိုင်တဲ့ espresso လိုပဲ ... main: renmin language: burmese start: 1...