Chapter 9

174 33 0
                                    

(zawgyi)

"အယ် ... နှင်းတွေ ထပ်ကျလာပြန်ပြီ ..."

မနက်တုန်းက ကျထားတဲ့ နှင်းတွေတောင် အရည်မပျော်သေး၊ လမ်းဘေးမှာ အပုံလိုက် ရှိနေတုန်းမှာပဲ တစ်ဖန် ကျလာပြန်တဲ့ ဖြူလွှလွှ နှင်းမှုန်တို့။

လက်တစ်ဖက်ကို ဆန့်လိုက်ပြီး လက်ဖဝါးဖြန့်ကာပင် နှင်းပွင့်တို့ကို ထိတွေ့ရင်း Renjun ရေရွတ်မိပါ၏။

"ဟုတ်ပါရဲ့ ... ကျွန်တော်တို့ တည်းခိုခန်း တစ်ခုခုဆီ အမြန် သွားသင့်ပြီ"

Jaemin ကလည်း ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်ပြီး ဆိုလာ၏။

စောထွက်သွားတဲ့ နောက်ဆုံး ရထားကို လွတ်သွားတော့ သူတို့နှစ်ယောက် ဘာမှ မတတ်နိုင်စွာဘဲ ဒီတစ်ညတော့ Queens မှာပဲ သောင်တင်နေပြီလေ။

သို့ပေမယ့်လည်း မနက်ဖြန်ကျရင် ဆိုင်ဖွင့်ရဦးမှာတောင်မှ ထူးထူးခြားခြားပင် အိမ်ပြန် မရောက်လို့ Renjun စိတ်မညစ်မိ။

ညဈေးတန်းမှာ Jaemin နဲ့ မုန့်တွေ ပတ်စားကာ လမ်း အတူလျှောက်ရင်း ရယ်မောမိနေတဲ့ သူက ခါတိုင်းထက်တောင် ပိုပျော်နေသလို။

"Renjun?"

ထိုနေရာမှာပင် ကျောက်ရုပ်အတိုင်း ရပ်ကျန်ခဲ့တဲ့ သူ့ကြောင့် Jaemin က ရှေ့ဆက်သွားမယ့် ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး အနောက်ပြန်လှည့်ကြည့်ကာ ကြောင်တောင်တောင်လေး ခေါ်၏။

"Jaemin ... နှင်းတွေ ကျနေတယ် ..."

နှင်းတွေကို မော့ကြည့်ရင်းက Renjun ပြုံးဖြီးဖြီးနဲ့ ဆိုရင်း ထိုလူသားကို ကြည့်လိုက်တော့ Jaemin က နားမလည်စွာ မျက်ခုံးနှစ်ဖက်ကို တွန့်ချိုး၏။

"ဟုတ်တယ်လေ Ren. ဘာဖြစ်လို့ - မလုပ်နဲ့နော်! Renjun ရာသီဥတုက အေးခဲနေတာ၊ ဖျားသွားလိမ့်မယ်"

အခုမှ သဘောပေါက်သွားတဲ့ Jaemin က အသည်းအသန် ငြင်းနေပေမယ့်လည်း နောက်ကျသွားခဲ့ပြီ။

လမ်းဘေးမှာ ပုံနေဆဲဖြစ်တဲ့ နှင်းအချို့ကို သူ အလျင်အမြန်ပင် လက်တစ်ဆုပ်စာ ကောက်ယူလိုက်ကာ Jaemin ထံ ပစ်ပေါက်လိုက်၏။

မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားတဲ့ ထိုအမျိုးသားကြောင့် Renjun တခစ်ခစ်နဲ့ ရယ်နေမိပေမယ့်လည်း စိတ်ဆိုးသွားပြီလား ဆိုပြီး နည်းနည်းတော့ စိုးရိမ်မိပါရဲ့။

expresso in the morning {renmin}Where stories live. Discover now