(zawgyi)
အေးရတဲ့ကြားထဲ မနက်ကတည်းက နေရောင်ကို နည်းနည်းလေးတောင် မမြင်ရ၊ အုံ့မှိုင်းနေတဲ့ ရာသီဥတုကြောင့် သူ့စိတ်ထဲ တစ်ခုခုက လိုအပ်နေသလို မတင်မကျနဲ့။
ရင်းနှီးနေလွန်းတဲ့ cafe လေးက မြင်ကွင်းထဲ ပေါ်လာတဲ့အခါမှာတော့ ခပ်သွက်သွက်ပင် Jaemin လျှောက်သွားလိုက်၏။
ထိုဟာတာတာ ဖြစ်နေတဲ့ ခံစားချက်ကြီးက ဘာမှ မဟုတ်ဘူး ... espresso လိုအပ်နေတာလေ။
ဒါပေမယ့် သူ့အတွက် ပိုလိုအပ်နေတာက Renjun ကို တွေ့ရဖို့ပေါ့။
သို့သော်လည်း စိတ်အားထက်သန်စွာပဲ သူ ဆိုင်ထဲကို ဝင်လာလိုက်ပေမယ့် ကောင်တာမှာ ရှိနေတဲ့ ကောင်လေးက တွေ့ချင်နေတဲ့သူ မဟုတ်။
Donghyuck က ထူးထူးခြားခြားပင် ကောင်တာမှာ Renjun အစား အမှာတွေကို လက်ခံနေ၏။
"Donghyuck ... ဟိုလေ ... Renjun က ဒီနေ့ ဆိုင်ကို မလာဘူးလား?"
ချစ်ရသူကို တွေ့ချင်ဇောနဲ့ ရဲတင်းစွာ Jaemin သွားမေးလိုက်တော့ Donghyuck က ချက်ချင်း ပြန်မဖြေ၊ ပြုံးတုံ့တုံ့နဲ့ သူ့ကို စိုက်ကြည့်၏။
"Renjun က ဒီနေ့ တစ်ရက် ခွင့်ယူထားတယ်"
"အယ် ... သူ ဘာဖြစ်လို့လဲဗျ?"
"Renjun နေမကောင်းဘူး။ မနေ့ ညနေတုန်းက ငိုပြီး ဒီအတိုင်း အိပ်ပျော်သွားတာ ... အပူပေးစက် မဖွင့်လိုက်မိဘူးတဲ့။ ညကျ အအေးပတ်ပြီး ဖျားရောလေ"
Donghyuck ရဲ့ စိတ်ပူစွာ ပြောလာတဲ့ ထိုစကားမှာတော့ သူ့ရဲ့ နှလုံးသားက ဒိန်းခနဲပင်။
"ငို-ငိုတယ်? Renjun ကလေ? ဘာဖြစ်လို့လဲဆိုတာ ကျွန်တော် သိလို့ရမလား?"
ရုတ်တရက် အခြေအနေကြောင့် အတိုင်းထက်အလွန်ပင် စိုးရိမ်လာမိတော့ Jaemin ဘာစကားမှ သွယ်ဝိုက်မနေတော့ဘဲ ဒဲ့တိုးသာ မေးမိတော့၏။
သူ့ကောင်တာမှာ မိုးမီးလောင်နေသလို ပူပန်နေတဲ့ Na Jaemin ကို ကြည့်ပြီး Donghyuck သက်ပြင်းတိုလေး တစ်ချက်သာ ချမိပါ၏။
သူ ရိပ်မိနေတဲ့ Jaemin ရဲ့ Renjun အပေါ် ခံစားချက်တွေက မျှော်လင့်ထားသလိုပဲလေ။
YOU ARE READING
expresso in the morning {renmin}
Fanfiction[𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱] (zawgyi) ကိုယ့်အတွက်တော့ မင်းဟာလည်း တစ်ရက်မှာ မသောက်ရရင် အသက်မရှင်နိုင်တဲ့ espresso လိုပဲ ... (unicode) ကိုယ့်အတွက်တော့ မင်းဟာလည်း တစ်ရက်မှာ မသောက်ရရင် အသက်မရှင်နိုင်တဲ့ espresso လိုပဲ ... main: renmin language: burmese start: 1...