goblin

499 30 0
                                    

"ဂျိတ်ခုရား ငါလူဖြစ်ချင်တယ်"

"ဆောင်ဟွန်းနား မင်းဘာပြောလိုက်တာလဲ မင်းအခု မင်းပြောလိုက်တာရဲ့ အဓိပ္ပါယ်ကိုမင်းသိရဲ့လား"

"သိတယ်လေ ဂျိတ်ခုရား လူဖြစ်ချင်ပါတယ်ဆိုနေ လူဖြစ်ချင်လို့ပေါ့"

"မင်းတစ်ခါကြိုးစားပြီးရှူံးနှိမ့်သွားရင်နောက်ဘယ်တော့မှ ထပ်ကြိုးစားလို့မရတော့ဘူးနော်"

"အင်း ငါသိပါတယ်"

"ဒါနဲ့ မင်းကဘာလို့လူဖြစ်ချင်တာလဲ"

"ငါ အထီးကျန်နေလို့ပါ ဂျိတ်ရာ"

"ငါရှိနေတာတောင်မှလား"

ဂျိတ်ရဲ့အမေးကို ဆောင်ဟွန်း မဖြေမိ
ဂျိတ်သူ့ပေါ်ကောင်းတာသူသိပါတယ် ဒါပေမယ့် ဂျိတ်ကသူ့တာဝန်တွေလဲရှိနေတော့ ဆောင်ဟွန်း အနှောက်အရှက် မပေးချင်လို့ပါ

"မဖြေလဲနေပါကွာ မင်းလူဖြစ်ချင်တာ သေချာရင်ငါပြောတာကို မင်းလုပ်ရမှာနော်"

"အင်း ငါသိတယ် မင်းသာပြောပြ"

သေချာနေတဲ့ဆောင်ဟွန်းကြောင့် ဂျိတ်လည်း ပြောပြလိုက်တယ်

"လူ ၁၀ ယောက်ကိုနမ်းရမှာ"

"ဒါပဲလား လွယ်လိုက်တာ အဲတာကိုမင်းကဘာဖြစ်နေတာလဲ"

စကားဖြတ်ပြောတဲ့ ဆောင်ဟွန်း ကိုဂျိတ်က

"မပြီးသေးဘူး ဟျောင့် မင်းနမ်းရမယ့်လူကိုငါတို့ကသတ်မှတ်ပေးမှာ အဲလိုလုပ်နေတဲ့ အချိန်အတွင်းမှာ လောက ကာကွယ်သူ ကမင်းကိုလာသတ်နိုင်တယ် မင်းတစ်ခါနမ်းလိုက်တိုင်း မင်း အနံကသူ့ဆီပြန့်သွားမှာ"

"လောကကာကွယ်သူ ကဘာကြီးလဲ"

ဆောင်ဟွန်း လည်းနားမလည်တော့ မေးလိုက်မိတယ်

"လောကကာကွယ်သူက ရိုင်းစိုင်းတဲ့ မှင်စာတွေ ဆုန်းတွေစီက လူတွေကိုကာကွယ်တဲ့သူ"

"ငါတို့က ရိုင်းတဲ့ထဲမှာမှမပါတာ ဘာလို့သတ်မှာလဲ"

"အရင်တုံးကတော့ မသတ်ဘူးပေါ့ကွာ အခုတော့ လူတွေနားမှာအနီးဆုံး ရှိနေတဲ့ မှင်စာတွေဆုန်းတွေ အကုန်လုံးက အရိုင်းစိတ်ဝင်နေတော့ သူတို့က မှင်စာတွေဆုန်းတွေ အကုန်လုံးက ရိုင်းတယ်လို့သတ်မှတ်ပြီး အကုန်လုံးကိုသတ်ကြတာ လူဖြစ်ဖို့ကြိုးစားတဲ့ မှင်စာတွေထဲမှာ အခုလူဖြစ်သွားတာ၂ယောက်ပဲရှိသေးတယ် တချို့က သေကုန်ကြတယ် တချို့ကတော့ ရှုံးနှိမ့်သွားကြတယ် မင်းလူဖြစ်ချင်တာ သေချာပြီလားဆောင်ဟွန်း"

goblin kissWhere stories live. Discover now