kiss'

187 26 0
                                    

"ကျွန်တော် ကျွန်တော် ဆောင်ဟွန်း ကိုသဘောကျတယ် အဲတာသိစေချင်လို့  ကျွန်တော် နဲ့မတွဲလဲရပါတယ် ဆောင်ဟွန်း သဘောမကျရင်ပေါ့
ညစာမစားတော့ဘူး ဆောနူနဲ့စားလာလို့"

ပြောပြီးတာနဲ့ အခန်းထဲ တန်းဝင်သွားတဲ့ ဂျောင်ဝန်းကြောင့်ဆောင်ဟွန်းမှာ ကြောင်ပြီးကျန်ခဲ့ရတယ် ပြီးတော့ ဘယ်ဘက်ရင်ဘက်ကိုထိပြီး

"ဘာလဲ ဒီခံစားချက်ကြီးက ဂျိတ်ကငါ့ကို ​ဒီခံစားချက်ကြီးကို မပြောပြထားဘူး ဒီနေ့ ရလာတဲ့ခံစားချက်ကို ခုဏက ဂျိတ်ပြောပြီးပါပြီ ဒါကဘာပါလိမ့် ဘာလို့ ဒီနားက အရမ်းခုန်နေတာလဲ ဂျိတ်လာမှပြန်မေးကြည့်ရမယ်"

....

ည၁၀ နာရီအထိ အခန်းထဲကမထွက်သေးတဲ့ ဂျောင်ဝန်းကြောင့် ဆောင်ဟွန်း မနေနိုင်တော့ ညတိုင်း ဂျောင်ဝန်း နဲ့မတွေ့ရရင်မနေနိုင်တဲ့ ဆောင်ဟွန်း အခုလည်း ဂျောင်ဝန်းနဲ့မတွေ့ရတဲ့ ၄နာရီ အတွင်း ရင်ဘက်ထဲတစ်မျိုးကြီး ခံစားနေရတယ် ဂျိတ်လာမှမေးမယ် ဆိုတော့လည်း ဂျိတ်ကမလာ ကြာရင်ဒီခံစားချက်ကြီးကြောင့် ဆောင်ဟွန်း ရူးတော့မယ် နေနိုင်တဲ့အဆုံး ဆောင်ဟွန်း တစ်ယောက် ဂျောင်ဝန်း အခန်းတခါးကိုခေါက်ကာ

"ဂျောင်ဝန်းနား ဂျောင်ဝန်းနား ထွက်လာပါအုံး ကိုယ်ပြောစရာရှိလို့ ဂျောင်ဝန်းဂျောင်ဝန်း "
အထဲကပြန်မထူးလာတာမို့ ဆောင်ဟွန်း စိတ်ပူလာပြီ တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်

"ဂျောင်ဝန်းနား ဂျောင်ဝန်းဂျောင်ဝန်း "

အဆက်မပြတ်ခေါ်နေမိတယ်

"အင်း"

အထဲကထူးသံ တိုးတိုးကြောင့် စိတ်သက်သာရာရောက်သွားပေမယ့်လဲ ရင်ထဲမှာ အမည်မသိခံစားချက်ကြီး ဘာပါလိမ့် ဒီခံစားချက်ကြီးက

"ဂျောင်ဝန်း ကိုယ် ပြောစရာရှိတယ် မင်းပြောသလို သဘောကျတာကို ကိုယ်မသိပေမယ့် အခုကိုယ်ခံစားရနေတဲ့ ခံစားချက်ကြီးက သဘောကျနေတာဆိုရင် ကိုယ်မင်းကိုသဘောကျတယ် ပြီးတော့ မင်းနဲ့လည်းတွဲချင်တယ်"

~~~~~~~~
ဂျောင်ဝန်း တစ်ယောက် အပြင်ကပြန်လာပြီး ဆောနူပြောတဲ့စကားတွေကြောင့် ရောက်ရောက်ချင်း ဆောင်ဟွန်း ကိုဖွင့်ပြောမိတယ် ဂျောင်ဝန်း ဖွင့်ပြောလိုက်ပေမယ့် ဆောင်ဟွန်း ကဘာမှပြန်မပြောတာမို့ ရှက်ရှက်နဲ့ အခန်းထဲ ဝင်ပြေးလာခဲ့တယ်
ပြန်လာထဲက အခန်းထဲမှာပဲနေပြီး အပြင်ထွက်ရမှာလဲ ရှက်တာမို့ အခန်းထဲ မှာပဲအချိန်ကုန်မိတယ်

goblin kissWhere stories live. Discover now