kiss

219 22 2
                                    

"ဂျောင်ဝန်းနီး ကျောင်းလာတာနောက်ကျလှချည်လား"

ရောက်ရောက်ချင်းမေးလာတဲ့ ဆောနူကြောင့်

"လမ်းမှာကားကြပ်နေလို့ပါကွာ လာအတန်းချိန်နောက်ကျတော့မယ်"

ဂျောင်ဝန်းလည်း ဆောနူလက်ကိုဆွဲပြီး အတန်းထဲဝင်လိုက်တယ် အတန်းထဲဝင်ဝင်ချင်း ဆရာရောက်လာတာမို့ စာသင်ဖို့သာပြင်ဆင်လိုက်​ေတာ့တယ်

"ဆောနူ မင်းဘယ်သွားဖို့ရှိလဲ ဒီနေ့ အတန်းချိန်က ပြီးပြီဆိုတော့"

"ဘယ်သွားရမှာလဲ ကိုကိုနဲ့သွားတွေ့မှာပေါ့ ငါ့အားလပ်ချိန်တွေအကုန်လုံးကို ကိုကို့ကို အပိုင်ပေးထားတာ သိလားဟိဟိ"

"အေးပါကွာ ဒီနေ့တော့ ငါသနားရမယ့်သူက ဂျေးhyungပ​ဲဖြစ်မယ် "

"ငါအရင်ကလောက်မဆိုးတော့ပါဘူးကွ ငါဆိုးလဲ ကိုကိုကလက်ခံပြီးသား"

"ဟိုမှာ ဂျေးhyungကား မဟုတ်ဘူးလား"

ကျောင်းအဝမှာရပ်ထားတဲ့ ကားအနက်ကို ဂျောင်ဝန်း ပြမိတယ်

"ဟုတ်တယ်ကွ ငါသွားတော့မယ် တာ့တာ ငါ့ကောင်ရာ မင်းလည်း ရည်းစားမြန်ရပါစေကွာ"

"ကြွကြွ မြန်မြန် ကြွ"

ပြုံးပျော်ပြီးထွက်သွားတဲ့ ဆောနူကိုကြည့်ပြီး ဂျောင်ဝန်းလဲ ပြုံးလိုက်တယ် သူ့သူငယ်ချင်းလေး ချစ်သူကောင်းရထားလို့သူပျော်ပါတယ်

............
ဂျောင်ဝန်းလဲ အတန်းချိိန်ပြီးပြီမို့ ကျောင်းထဲခဏပတ်နေမိတယ် ဒီနေ့အချိန်ပိုင်းအလုပ်လဲမရှိတာမို့အားနေတယ်လေ ဂျောင်ဝန်းမှာ မိဘတွေရှိပါသေးတယ် ရွာမှာပေါ့ ဆိုလ်းမှာကျောင်းတက်မှာမို့တစ်ယောက်တိုက်ခန်းလေးငှားနေတာ ဂျောင်ဝန်း မိဘတွေက ရွာရဲ့သူဌေးတွေမို့ လတိုင်းပိုက်ဆံလောက်အောင်ပို့ပေမယ့် ဂျောင်ဝန်း အလုပ်လဲလုပ်ချင်သေးတာမို့ အချိန်ပိုင်း အလုပ်တစ်တော့လုပ်ဖြစ်တယ်
ကျောင်းထဲပတ်နေရင်း လူပြတ်တဲ့ဘက်ကိုရောက်လာတော့ လှည့်ပြန်မယ်လုပ်တဲ့အချိန်မှာ ကြားလိုက်တဲ့ အသံကြောင့်သွားကြည့်မိတယ်
လူတစ်ယောက် လက်ထဲမှာ သစ်သားဓားကိုင်ပြီး ထိုင်ရက်ကျနေတဲ့သူကိုထိုးဖို့ရွယ်ထားတာ
ဂျောင်ဝန်း ထိုင်ရက်ကျနေတဲ့သူကိုကြည့်မိတော့ ဆောင်ဟွန်း
'သူကဘာလို့အဲရောက်နေတာလဲ'
ဂျောင်ဝန်းလဲ အသည်းအသန်​​​ ပြေးကာမိတယ်

goblin kissWhere stories live. Discover now