kiss''(final)

336 32 0
                                    

"ဂျောင်ဝန်းနား အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲ စိတ်ညစ်စရာ ရှိလို့လား ငါ့ကိုပြောပြလေ ငါကူညီလို့ရရင်ကူညီမှာပေါ့"

အတန်းမတက်ဘဲ ကျောင်းကန်တင်းမှာပဲ ထိုင်ငိုင်နေတဲ့ ဂျောင်ဝန်းကြောင့် ဆောနူ မှာ မနေနိုင်တော့ ဆောနူက အပေါင်းအသင်းများပေမယ့် ဂျောင်ဝန်း မှာတော့သူ(ဆောနူ) တစ်ယောက်ပဲရှိတာ ဂျောင်ဝန်း တစ်ယောက် အသဲကွဲနေတာ အခုဆို တစ်ပတ်တောင်ရှိပြီ
အဟက် နဲနဲတော့ရယ်ရသား ချစ်သူသက်တမ်း တစ်ပတ်ကို အသဲကွဲတာကလည်း တစ်ပတ်တဲ့

"ငါတို့က သူငယ်ချင်းတွေပဲကွာ ပြောပြလေ ပြောပြမှ ငါကူညီနိုင်ရင် ကူညီလို့ရမှာပေါ့ ဂျောင်ဝန်းနား"

"ဆောနူရား ငါ ငါလူတစ်ယောက်ကို အရမ်း ချစ်မိနေပြီ ထင်တယ် ဒါပေမယ့် အဲဒီလူက ငါ့အနားကနေ ထွက်သွားပြီ သူထွက်သွားတော့ ငါ့ရင့်ဘက်ထဲက နာကျင်နေတာ ငါတားလို့လဲမရလိုက်ဘူး"

ပြောရင်းနဲ့ ရင်ဘက်ကိုထုပြီးငိုနေတဲ့ ဂျောင်ဝန်းကြောင့် ဆောနူ ဂျောင်ဝန်းရဲ့လက်တွေကိုဖမ်းကိုင်ထားရတယ်

"ငါအဲဒီနာကျင်နေတာပျောက်အောင် ဘာလုပ်လို့ရလဲ ဆောနူ သိရင်ပြောပြစမ်းပါ"

ဆောနူ တစ်ယောက် ဂျောင်ဝန်း အသဲကွဲ နေမှန်းအခုမှသိတာပါ ဟိုတလောကပဲ သူသဘောကျနေတဲ့သူရှိနေပြီဆိုပြီး အခုတော့အသဲကွဲနေပြီတဲ့ ဆောနူလည်းဘာလုပ်ပေးရမှန်းမသိတာနဲ့ ဂျေးဆီဖုန်းဆက်မေးမိတယ် ဂျေးကသူတို့ထက်အသက်ပိုကြီးတော့ သိလောက်မယ်ထင်လို့ပါ

"ဟယ်လို ကိုကို ခလေး မေးစရာရှိလို့"

*မေးလေ ခလေး*

"အသဲကွဲနေရင် ဘာလုပ်ပေးရင်ပျောက်လဲဟင်"

*ခလေးက ဘာလို့မေးတာလဲ ခလေးကို ကိုကိုပစ်ထားလို့ စိတ်ကောက်သွားတာလား*

"မဟုတ်ပါဘူး ကိုကိုရယ် ကိုကိုမအားတာ ခလေးသိတာပဲကို အခုက ခလေးသူငယ်ချင်း သူအသဲကွဲနေလို့ ဘာလုပ်ပေးရမလဲ မသိတာနဲ့ ကိုကို့ ကိုမေးကြည့်တာ"

*ခလေးသူငယ်ချင်းဆို ဂျောင်ဝန်းလေးလား ခလေး*

"ဟုတ်တယ် ကိုကို"

goblin kissWhere stories live. Discover now