Harutoသည် သေချာပေါက် သူ့ရဲ့အစ်ကိုလေးက အန်တီYoonရဲ့ လူပေါင်းစုံလာတတ်တဲ့ Cafeလိုနေရာမျိုးကို မလာလောက်ဖူးဟု ထင်သော်လည်း ဆိုင်တွင်းသို့ပထမဆုံး လှမ်းဝင်လာသည့် ဧည့်သည်ကို နှုတ်ဆက်လိုက်သည့်အခါ...
''အစ် ကိုလေး...Jeongwoo...!!''
Junkyuက အံ့ဩသွားသည့်မျက်နှာကလေးနှင့် Harutoကို မေးသည်။
''Ruto မင်း ဒီမှာဘာလုပ်နေတာလဲ?''
Jeongwooက တစ်ခုခုတော့လွှဲမှားနေကြောင်း သတိထားမိသွားပြီး Junkyuရဲ့လက်ကို ခပ်ဖွဖွလှမ်းကိုင်လိုက်သည်။
''hyung...မဟုတ်မှ မသိတာလား?''
Junkyuက Harutoရဲ့လက်ကိုလှမ်းကိုင်လိုက်ကာ ပြောသည်။
''Ruto ည ငါ့ဆီခဏလာခဲ့ဦး...''
Harutoက ခေါင်းညိတ်ပြလိုက်သည့်အခါ Junkyuက သက်ပြင်းချလျှက် Haruto၏ ပုခုံးကိုပုတ်သည်။
''ငါက မင်းအစ်ကိုပဲလေ Ruto တစ်ခုခုဆို ငါ့ကိုပွင့်ပွင့်လင်းလင်းပြောပြဖို့ မတွန့်ဆုတ်ပါနဲ့!''
Haruto - ''...''
Harutoဘာမှမတုံ့ပြန်ဖြစ်ခဲ့ချေ။ သူဘာတုံ့ပြန်ရမည်မှန်း မသိတာဟုပြောရလျှင်ပိုပြီးမှန်ပါလိမ့်မည်။ အစ်ကိုလေးကို ဖုံးကွယ်ချင်တာမျိုးမဟုတ်ပေမယ့် အလုပ်မရှုပ်စေချင်ခဲ့တာဖြစ်သည်။ Harutoက ကော်ဖီဖျော်ရင်း တော်ရုံသိပ်သတိမထားမိလောက်သည့်ဒေါင့်တစ်နေရာ၌ ထိုင်နေကြသည့် Junkyu နဲ့ Jeongwooကို ငေးကြည့်နေမိသည်။ ခဏကြာတော့ သူ့ကိုငေးကြည့်နေသည့် အန်တီ Yoon က သူ့ပုခုံးကိုလာပုတ်လျှက် သက်ပြင်းချသည်။
''မင်းတော့ပင်ပန်းနေမှာပဲ...အားတင်းထားနော်...''
Harutoက အလန့်တကြားနှင့် အန်တီ Yoonကို ကြည့်သည့်အခါ အန်တီ Yoonက ပြုံးလျှက် မျက်လုံးတစ်ဖက်မှိတ်ပြသည်။
''စိတ်ချ ဘယ်သူမှမသိစေရဘူး...''
Harutoက ပြုံးလျှက် သူ့နားရွက်နောက်က ဆံပင်လေးတွေကို ပွတ်သပ်နေသည်။ အန်တီYoonက စသည်။
''arigoo...ငါတို့Ruto သဘောကျတာက သိပ်လှလွန်းတဲ့မိန်းကလေးတစ်ယောက်လို့ထင်ထားခဲ့တာ...''
Harutoက ဂုတ်ကိုပွတ်သလိုလို နားရွက်နောက်ကဆံပင်တွေကို သပ်သလိုလိုနှင့် ခပ်အုပ်အုပ်လေး ဆိုသည်။
YOU ARE READING
''You are my best friend'' (Jeongkyu but main character Haruto)[Uni+Zaw]
Fanfictionအဲ့ဒီ့ချိုသာတဲ့အသံလေးနဲ့ မင်းငါ့ကိုပြောတယ် ''You are my best friend'' အဲ့ဒီ့ချိုသာတဲ့အသံလေးနဲ့ မင်းငါ့ကိုပြောတယ် ''You are my best friend''