Episode (1) [Kimမိသားစုမှာ သားတစ်ယောက်ပဲရှိတယ်]

223 33 0
                                    

ကျွန်တော်ကားပေါ်ကဆင်းပြီး ကွန်ကရစ်လမ်းမကျယ်ကြီးထက်ကို ခြေချလိုက်ချိန်မှာ သဘာဝအလင်းရောင်တို့ပျောက်ကွယ်နေပြီဖြစ်ပြီး လမ်းမီးရောင်များနှင့် ကျွန်တော့်ရှေ့အဆောက်အအုံကြီးဆီမှ ဖြာထွက်နေတဲ့ အလင်းရောင်များက မျက်စိကျိမ်းလောက်အောင် တောက်ပလျှက်။ တဖွဲဖွဲ တသိုက်သိုက်နှင့် ဆူညံနေတဲ့ လူများကလဲ မျက်စိစူးစရာကောင်းလောက်အောင် နေရာတိုင်းမှာ Bling Blingပါပဲ။

Harutoသည် ကားတစ်ဖက်သို့လျှောက်သွားကာ ကားတံခါးကိုဖွင့်ပေးလိုက်သည်။

''ဆင်းလို့ရပါပြီ အစ်ကိုလေး''

Kim Junkyuက ပြုံးလျှက် ကားထဲကထွက်လာရင်းဆိုသည်။

''ငါ့ဘာသာဖွင့်ဆင်းလဲ အဆင်ပြေတာကို အဲ့လောက်ထိလုပ်ဖို့မလိုဘူးလေ Ruto...''

Harutoက ခေါင်းငုံ့ထားလျှက်ဆိုသည်။

''ကျွန်တော့်အစ်ကိုပဲဗျာ...လုပ်ပေးရမှာပေါ့...''

ကျွန်တော်က Kim မိသားစုရဲ့ မွေးစားသားတစ်ယောက်ပါ။ ကျွန်တော့်ရဲ့ ငယ်ဘဝဟာ အခုချိန်မှာတော့ ဖုန်တက်နေတဲ့ကြေးမှုံတစ်ချပ်လိုမျိုး ဝေဝါးညစ်ထွေးကုန်ပြီ။ ကျွန်တော့်ရဲ့ အမေ၊ အဖေ အားလုံးကို ကျွန်တော်မမှတ်မိနိုင်တော့သလို မှတ်မိတဲ့အချိန်ကတည်းက ကျွန်တော်က အစ်ကိုလေးရဲ့ ဝေယျာဝစ္စအားလုံးကို တာဝန်ယူပေးရင်း ကြီးပြင်းလာခဲ့တာ။

အစ်ကိုလေးက သိပ်ကိုစိတ်ရင်းကောင်းပြီး ကျွန်တော့်ကို သွေးသားရင်းလို ဆက်ဆံတယ်။ ကျွန်တော့်ဘဝက တက်လမ်းတွေအများကြီးမရှိခဲ့ပေမယ့် အစ်ကိုလေးအနားမှာနေရင်း အဆင်ပြေပြေရှိခဲ့တယ်။

အစ်ကို​လေးက Seoulရဲ့ နာမည်ကြီး Kim ဖက်ရှင်လုပ်ငန်းစုရဲ့အမွေဆက်ခံသူဖြစ်ပြီး သိပ်မျက်နှာပွင့်လွန်းတဲ့သူဖြစ်တယ်။ ဒီနေ့ညရဲ့ Showအတွက် မော်ဒယ်အသစ်နှစ်ယောက်နဲ့ အစ်ကိုလေးက အရင်တွေ့ရလိမ့်မယ်။

ဒါပေမယ့် ဆင်မြင့်နောက်ကွယ်မှာ အဆင်သင့်ဖြစ်နေတဲ့ ကောင်လေးတစ်ယောက်က ကျွန်တော့်ရဲ့အာရုံကို ဆွဲဆောင်သွားခဲ့တယ်။

အဖြူရောင်ဝတ်စုံက ခပ်ညိုညိုအသားအရည်ပေါ်၌ လိုက်ဖက်တင့်တယ်လွန်းစွာ အသားတကျရှိနေပြီး ဖွထားတဲ့ အနက်ရောင်ဆံပင်တို့က စူးရှတဲ့ Wolf eyesကိုမဖုံးကွယ်နိုင်ပေ။

''You are my best friend'' (Jeongkyu but main character Haruto)[Uni+Zaw]Donde viven las historias. Descúbrelo ahora