Episode (3)[ကျွန်တော်သာ အစ်ကို့ကိုသဘောမကျခဲ့ရင်]

157 30 18
                                    

အကယ်၍ ကျွန်တော်သာ အစ်ကို့ကိုသဘောမကျခဲ့ရင်....🍂

Jeongwooဟာ အန်တီYoonရဲ့ cafe ဆိုင်ထဲကို ဝင်လိုက်သည့်အခါ သူ့ကို ပြုံးပြကာ လက်ပြတတ်တဲ့ ဂျပန်ကောင်လေး Harutoရဲ့မျက်နှာကို သတိရမိပြန်သည်။

ရှပ်အညိုရောင်လေးနဲ့ ဖြူအုနေတဲ့အသားအရည်လေးတွေရှိတဲ့ ကောင်လေး Watanabe Haruto!

အဲ့ဒီ့နေ့က Jeongwooသည် သူ့ကိုပြုံးပြကာနှုတ်ဆက်လာသည့် Harutoကို ပြန်ပြုံးမပြနိုင်ခဲ့ပေ။

Harutoသည် အရပ်ရှည်တာကြောင့် ခါးလေးအနည်းကိုင်းထားပြီးနေတတ်သည်။ သူ့ကြောင့်သူများစိတ်ရှုပ်သွားစေရန် နည်းနည်းတောင် မလုပ်နိုင်သည့်ပုံစံမျိုး။ သူ့အရပ်ကလန့်ကလားကြီးကြောင့် သူများအတွက် စိတ်ရှုပ်စရာကောင်းနေမည်ဆိုးသောကြောင့် တတ်နိုင်သလောက် ကိုယ့်ကိုကျုံ့ပြီး ခပ်ကိုင်းကိုင်းနေသည်ဟု ပြောဖူးသည်။

Harutoဟာ အတွေးယဥ်ထဲမြောနေပြီး မလှုပ်မယှက်ဖြစ်နေသည့် Jeongwooကြောင့် ချက်ချင်းပင် တစ်ခုခုဖြစ်နေပြီဟု တွေးမိလိုက်ပြီး သူ့လက်ထဲက ခုံသုတ်နေသည့်အဝတ်စလေးကိုချကာ လက်အိတ်ကိုချွတ်ရင်း Jeongwooဆီ ပြေးသွားလိုက်သည်။

''Ya...Jeongwoo...! တစ်ခုခုဖြစ်ခဲ့လို့လား?''

Jeongwooက သူ့ရဲ့ခေါင်းကိုသူ့ဘာသာပွနေအောင် ပွတ်သပ်လိုက်ပြီး ရုတ်တရက် Harutoကို သိုင်းဖက်လိုက်ပေသည်။

Harutoရဲ့ လက်များက လေထဲ၌ရပ်တန့်နေပြီး ပြောစရာစကားမရှိအောင်စိတ်လှုပ်ရှားလွန်းမိသည်။

Jeongwooက သူ့ကို ဖက်လိုက်တယ်...

ဒါက သူဘယ်လောက်တောင် စောင့်ဆိုင်းနေခဲ့ရတဲ့အရာတစ်ခုလဲ?

အချိန်တွေ အရမ်းကြာခဲ့ပြီ...

သူအမြဲတမ်း သေးငယ်တဲ့မျှော်လင့်ချက်လေးတစ်ခုကို မြိုသိပ်ထားရင်း ရှင်သန်လာခဲ့ရတာ...

Jeongwooကို သူ့ဘယ်လောက်ထိ သဘောကျနေခဲ့ရတာလဲ?

Jeongwooက သူ့ကို ဖက်လိုက်တယ်...

နှလုံးသားတွေပေါက်ထွက်တော့မတတ်လှုပ်ရှားနေပြီး ၎င်းက ဘယ်လိုအဓိပ္ပါယ်ပဲ ဖြစ်ပါစေ...

''You are my best friend'' (Jeongkyu but main character Haruto)[Uni+Zaw]Où les histoires vivent. Découvrez maintenant