အပိုင်း၂

31 4 1
                                    


''ဆရာမလေး...သားမရည်ရွယ်ပါဘူး''

''အဲ့ပန်းတွေကိုအခုချက်ချက်းလွင့်ပစ်...သွား..အမြန်သွားပစ်..''

''ဟုတ် ဟုတ်ကဲ့..ပါဆရာမလေး''
ဒေါသတစ်ကြီးနဲ့အော်ဟစ်နေတဲ့ဆရယမလေးကိုကြည့်ပြီးတော့..ပြည့်.တစ်ယောက်.လန့်သွားတယ်.ဆရာမလေးကဘာလို့ပန်းတွေကိုမုန်းရတာလဲလို့တွေးမိတယ်.နောက်တော့သူဆရာမလေးကိုစိတ်ဝင်စားလာတယ်..အဲ့တာနဲ့သူ့ဘေးမှာထိုင်တဲ့(ဝတ်ရည်)ဆိုတဲ့ကောင်မလေးကိုမေးကြည့်လိုက်တယ်...

''ဟိုလေ..တစ်ခုလောက်မေးမယ်နော်..''

''အော်.မေးလေ.ဘာမေးမလို့လဲ.''

''ဟို.ဆရာမလေးကဘာလို့ပန်းတွေကိုမုန်းတာလဲဟင်..''

''အော်..အဲ့တာလားရှင်းပြရင်အရှည်ကြီးဘဲ..ငါလည်းသေချာတော့မသိဘူး..ငါ့က်ုတောင်ငါ့အမေပြောပြလို့သိရတာ..နင်သိချင်ရင်ပြောပြပေးမယ်''

''အင်း..ပြောပြ''

''အရင်တုန်းကဆရာမလေးမှာသူနဲ့စေ့စပ်ထားတဲ့.(ကိုမင်းသူရှိန်)ဆိုတဲ့လူတစ်ယောက်ရှိတယ်.အဲ့လူနဲ့ဆရာမလေးနဲ့ကနှစ်ဖက်မိဘသဘောနဲ့စေ့စပ်ထားတယ်ဆိုပေမယ့်သူတို့ကတစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတယ်..ပြီးတော့ဦးမင်းသူရှိန်ကလဲဆရာမလေးကိုအရမ်းချစ်တယ်.ဦးမင်းသူရှိန်ကပန်းပန်တဲ့မိန်းကလေးတွေဆိုသိပ်မြတ်နိုးတယ်..အဲ့တာကြောင့်ဆရာမလေးကသူတို့ခြထဲ​​မှာပန်းတွေအစုံစိုက်ထားတယ်.ပြီး​တော့အဲ့ပန်းလေးတွေကိုသေချာဂရုစိုက်တယ်တယ်..ဥယျာဥ်မှုးတောင်မခေါ်ဘဲ.သူကိုတိုင်အဲ့ပန်းပင်တွေကိုပြုစုတယ်လေ..ပြီးတော့အဲ့ပန်းလေးတွေကိုတစ်နေ့တစ်မျိုးမရိုးအောင်ပန်တယ်..တစ်နေ့ကြတော့ဘာလို့လဲမသိဘူးဆရာမလေးကအဲ့ပန်းပင်တွေအကုန်လုံးကိုဖျက်စီးပစ်တယ်..ဦးမင်းသူရှိန်နဲ့လဲပြဿနာတွေဖြစ်ကြတယ်အဲ့နောက်ပိုင်းမှာဆရာမလေးတဲ့ခြံထဲမှာဘာပန်းမှကိုမတွေ့ရတော့တာဘဲ..''

''ဆရာမလေးကပန်းတွေအားလုံးကိုမုန်းတာလား.အဲ့လိုလား''

''မဟုတ်ဘူး..သူကနှင်းဆီပန်းကိုဘဲမုန်းတာ
ဘာလို့လဲဆို​တော့..အဲ့ဦးမင်းသူရှိန်ရဲ့နောက်ဇနီးနာမည်က.ဒေါ်ခင်နှင်းဆီတဲ့လေ..''

''ဟင်း....နာမည်မှာနှင်းဆီပါတာနဲ့နှင်းဆီပန်းကိုမုန်းရောလား..အဓိပ္ပါယ်မရှိတာဟာ...''

''ဟဲ့...တကယ်ချစ်တဲ့သူတွေကတော့အဲ့လိုဘဲပေါ့...နင်လိုမချစ်တတ်တဲ့သူတွေကတော့ဘယ်သိမလဲ..''

''ဟား..ဟား...ဟား..ဟား..ဟား..''
ပြည့်တစ်ယောက်အကျယ်ကြီးထရယ်သံကိုဆရယမလေးကြားသွားတယ်အဲ့တာနဲ့ပြည့်နဲ့ဝတ်ရည်ကိုအတန်းရှေ့ကိုခေါ်လိုက်တယ်..

''ကျောင်းသူသစ်နဲ့ ဘေးကတစ်ယောက်အရှေ့ကိုထွက်ခဲ့စမ်း..''

''ဟုတ်..''(နှစ်ယောက်လုံးပြိုင်တူပြောသံ)

''မင်းတို့ဘာတွေဟီလာထနေကြတာလဲ..''

''ဘာမှမဟုတ်ပါဘူးဆရာမ..''

''ဆရာမကိုလိမ်ရင်ဆရာမအရမ်းမုန်းတယ်နော်..မင်းနာမည်ဘယ်လိုခေါ်လဲ..''(ဝတ်ရည်ဘက်သို့)

''သမီးနာမည်ဝတ်ရည်ပါဆရာမ..''

''ကျောင်းသူသစ်မင်းနာမည်ကကော့''

''ပြည့်  ပါဆရာမလေး''

''နောက်တစ်ခါဆရာမစာသင်နေတုန်းဟီလာထနေတာတွေ စကားပြောနေတာတွေမကြိုက်ဘူးနော်...ကြားလား''

''ဟုတ်ဆရာမလေး..''

ဒီလိုနဲ့ကျောင်းဆင်းပီးတော့အိမ်ပြန်လမ်းမှာပြည့်တစ်ယောက်အခြားအဖွဲ့တွေနဲ့ရန်ဖြစ်တယ်အဲ့တာကိုဆရာမလေးတွေ့တော့..

''ဟဲ့.ဟဲ့.ပြည့်..နင်ပြည့်မလား''

''ဟား..ဆရာမလေး''

''မင်းအဲ့တာဘာဖြစ်နေတာလဲ..ဟား..ပြည့်မင်းမိန်းကလေးမဟုတ်ဘူးလား.မိန်းကလေးကမိန်းကလေးလိုနေလေ.ဘယလို့ယောက်ကျားလေးတွေနဲ့အပြိုင်ရန်လိုက်ဖြစ်နေတာလဲ.''

''ပြည့် မမှားဘူးဆရာမလေး..အဲ့ကောင်တွေပြည့်ကိုအရင်ရန်စတာ.ပြည့်ကပြည့်ကိုမဟုတ်တာပြောရင်ပြည့်မခံဘူး..''

''အဲ့ကလေးတွေကဘယ်အတန်းကလဲ.ဆရာမတို့အတန်းကလား..''

''မဟုတ်ဘူး..ဘယ်ကကောင်တွေမဖျန်းသိမဘူး..''

''ဟားပြည့် မင်းကဘယ်ဿလေးတေ်မှန်းမသိရန်းဖက်ဖြစ်ရဲတယ်ပေါ့..မင်းမနက်ဖြန်မိဘခေါ်လာခဲ့ကြားလား...''

''ပြည့် မိဘတွေကပြည့်ကိုဂရုမစိုက်ဘူး..အဲ့တော့ပြည့်ဦးလေးကိုခေါ်လာခဲ့လို့ရမလားတရာမ..''

"ခေါ်ချင်တဲ့သူကိုခေါ်လာခဲ့ပြည့်.ခုတော့မင်းအိမ်ပြန်တန်းတန်းမတ်မတိပြန်နော်..''

''ဟုတ်ာဆရာမလေး.''

part3ေမျှာွ

သဇင်ပန်းကိုသစ္စာတည်ပါတယ်..Where stories live. Discover now