ဒီလိုနဲ့ဘဲ.ပြည့်ရဲ့ပျော်ရွှင်ရဆုံးနေ့လေးတစ်နေ့ကိုရောက်လာတယ်။အဲ့နေ့လေးကတော့ပြည့်နဲ့ဆရာမလေးနန်းသဇင်တို့ရဲ့ပထမဆုံးကျူရှင်ရက်ဘဲဖစ်ပါတယ်။ဒါကြောင်ဲပည့်တစ်ယောက်တက်ကြွနေတာကိုမြင်နေရတယ်။အိမ်ဖော်အန်တီကြီးဒေါ်ကြီးထွေးကပြည့်ကိုကြည့်ပြီးစိတ်ချမ်းသာနေတယ်။
''ပြည့်..သမီး.ကြည့်ရတာတော်ပြည့်ဒီနေ့ပျော်နေတယ်မလား''
''ဒါပေါ့်..ဒေါ်ကြီးရဲ့ပြည့်ဘဝမှာဒီနေ့ကအပျော်ဆုံးနေ့ဘဲ''
''အေးပါကွယ်.ပြည့်ပျော်တော့ဒေါ်ကြီးဝမ်းသာပါတယ်''
''အော်..ဒေါ်ကြီး.ပြည့်သွားတော့မယ်၄နာရှခွဲတော့မယ်နော်''
''အေးကောင်းပါပြီကွယ်''
ပြည့်တစ်ယောက်ဆရာမလေးရဲ့အိမ်ကိုသူ့ရဲ့စက်ဘီးလေးကိုစီးကာထွက်သွားတယ်။ဆရာမလေးအိမ်ရှေ့ကိုရောက်တော့အပြာရောင်ရင်ဖုံးလေးနဲ့အပြာရောင်လုံချည်လေးကိုဝတ်ဆင်ထားပြီးဖြူဖွေးနေတဲ့သဇင်ပန်းလေးတွေကိုနူးညံ့တဲ့ဆံကေသာပေါ်မှာပန်ဆင်ထားတဲ့အမျိုးသမီးလေးတစ်ဦးကိုတွေ့လိုက်ရတယ်။ထိုအမျိုးသမီးလေးကနန်းသဇင်ဘဲဖြစ်တယ်။
''ပြည့်.ရောက်လာပြီလား..ဆရာမကစောင့်နေတာ''
''ဆရာမ..ထူးထူးဆန်းဆန်းပန်းတွေပန်နေပါလား''
''ဟင့်..ဟင့်..အဲ့တာပြည့်ကြောင့်ပေါ့်ပြည့်ရဲ့''
''ဟမ်း..ပြည့်ကြောင့်.''
''ဒါပေါ့..ပြည့်အိမ်ကိုဆရာမလိုက်လာတဲ့နေ့ကပြည့်တို့ခြံထဲကသဇင်ပန်းလေးတွေကိုဆရာမတွေ့လိုက်ရတော့ဆရာမရဲ့အတိတ်ကအကြောင်းတွေကိုပြန်သတိရသွားတယ်။အဲ့ချိန်မှာဆရာမခေါင်းထဲကိုတစ်ခုဝင်လာတယ်။အဲ့တာက.ဘာမဟုတ်တဲ့ယောက်ျားတစ်ယောက်အတွက်နဲ့ကိုယ်သိပ်မြတ်နိုးရတဲ့ပန်းလေးတွေကိုစွန့်လွှတ်ခဲ့တဲ့ငါကသိပ်တုံးပါလားလို့တွေးမိတယ်''
''ဆရာမ..တကယ်တော့ပန်းလေးတွေကအပြစ်ကင်းဆင်ပါတယ်.သူတို့ကလှတယ်.တင့်တယ်တယ်.နူးညံ့တယ်ပြည့်ကမိန်းကလေးဆိုပေမယ့်မိန်းကလေးလိုနေရတာမကြိုက်ဘူး.ဒါပေမယ့်ပန်းလေးတွေကိုတေယ့ပြည့်မြတ်နိုးတယ်''
''ပြည့်ပြောတာမှန်ပါတယ်..ကယ်.ဆရာမတို့စကားပြောကောင်းနေတာနဲ့စာသင်ချိန်လျှော့ကုန်ပြီ.သွားရအောင်.''
''ဟုတ်ဆရာမ.''
ပြည့်ကသူ့ရဲ့ရည်ရွယ်မှုအောင်မြင်သွားလို့ပျော်နေရှာတယ်ပန်းတွေကိုမုန်းနေတဲ့ဆရာမလေးကိုပန်းကိုမြတ်နိုးတန်ဖိုးထားတတ်လာအောင်ပြန်ပြောင်းလဲနိုင်ပေးခဲ့လို့ပေါ့။သူအဲ့နေ့ကကျောင်းမသွားခဲ့တာမှန်သွားတယ်လို့တွေးမိတယ်။
လအနည်းငယ်ကြာတော့....
ပြည့်ရဲ့မွေးနေ့ကိုရောက်ရှိလို့လာတယ်။ဒါကြောင့်သူ့ရဲ့မိဘတွေကပြည့်ရဲ့မွေးနေ့ကိုဂုဏ်ပြုကျင်းပပေးဖို့အတွက်ပြန်လာကြတယ်။ပြန်လာကြပေမယ့်လဲ..ပြည့်မေမေကနောက်အိမ်ထောင်.ပြည့်ဖေဖေကလဲနောက်အိမ်ထောင်နဲ့အိမ်ထောင်နှစ်စုကွဲနေတဲ့ပုံစံကြောင့်ပြည့်တစ်ယောက်အိမ်မှာမနေချင်တော့ဘဲထွက်လာတယ်။သူ့ရဲ့လွယ်အိတ်ကိုဆွဲကာကျန်သေးတဲ့မုန့်ဖိုးအနည်းငယ်ကိုယူပြီးစက်ဘီးကိုထုတ်ကာဆရာမလေးအိမ်ကိုတန်းတန်းကိုနင်းသွားတယ်။
''ဆရာမရေ...ဆရာမ.''
''ဘယ်သူလဲ..အော်ပြည့်လား''
''ဟုတ်..''
''ကဲပြောလာရင်းကိစ္စ.ကျူရှင်လဲမရှိပါဘူး..အော်ဘာလဲစာလာမေးတာလား.''
''မဟုတ်ပါဘူးဆရာမရယ်..ဒီနေ့ပြည့်မွေးနေ့လေအဲ့တာအိမ်မှာပေါက်ကရတွေရောက်နေလို့အာရုံနောက်တာနဲ့ဆရာမဆီထွက်လာတာ''
''အော်..ပြည့်မွေးနေ့လား..ဘယ်နှစ်နှစ်ပြည့်တာလဲ''
''၁၄ပြည့်တာဆရာမ''
''အော်.၁၄တောင်ပြည့်သွားပြီဘဲ..အင်း.ပြည့်တောင်လူကြီးလေးဖြစ်လာပြီဘဲ''
''ဟား..ဆရာမလူကြီးဆိုလူကြီးကလေးဆိုကလေးပေါ့.လူကြီးလေးဆိုတော့''
''အော်..ပြည့်ကလူကြီးဖြစ်နေပေမယ့်ဆရာမမျက်စိထဲမှာပြည့်ကကလေးလေးဘဲရှိသေးတယ်''
''ကလေးလေးလား..''
''ဒါပေါ့..ပြည့်ငယ်ရယ်..''
(ပြည့်ငယ်)ဆိုတဲ့စကားကပြည့်ကိုတုန်လှုပ်သွားစေတယ်။ဆရာမရဲ့နှုတ်ခမ်းဖျားကထွက်လာတဲ့ထိုစကားသံလေးကပြည့်အတွက်အရမ်းကိုအဖိုးတန်လှတယ်
part6မျှော်