အပိုင်း၃

18 1 0
                                    


   နောက်တစ်နေ့ကျောင်းတက်တော့ဆရာမတစ်ယောက်လူတွေစစ်တော့ပြည့်တစ်ယောက်ပျောက်နေတာကိုသတိထားမိတယ်.
ဆရာမတစ်ခုခုကိုတွေးမိသွားတယ်.သူတွေးတာမမှားဘူးလို့ထင်သွားတယ်.ညနေကျောင်းဆင်းတော့ဆရာမလေးရုံးခန်းထဲကိုဝင်သွားပြီး.ပြည့်ရဲ့လျှောက်လွှာကိုကြည့်ပြီးပြည့်ရဲ့နေရပ်လိပ်စာကိုရှာပြီးတော့ပြည့်ရဲ့အိမ်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်.

  ''အိမ်ရှင်တို့.. အိမ်ရှင်တို့... ''

  ''ဘယ်သူလဲမသိဘူးခမျာ''

  ''အော်.ဟုတ်ကျွန်မနာမည်နန်းသဇင်ပါ.ပြည့်တို့ကျောင်းကပါ.ဒါပြည့်အိမ်လားမသိဘူး..''

''အော်.ဆရာမလေးဘဲ..ပြည့်ရှိပါတယ်..အထဲဝင်ပါဆရာမလေး''

''အော်ကျေးဇူးပါဘဲ''

ဆရာမလေးခြံထဲကိုဝင်သွားတော့မထင်မှတ်ဘဲတွေ့လိုက်ရတာက.ခြံထဲမှာစိုက်ခါးတဲ့ဖွေးခဲနေတဲ့(သဇင်)ပန်းတွေကိုပါဘဲ။သဇင်ပန်းတွေကိုတွေ့လိုက်ရတော့ဆရာမလေးကအဲ့ပန်းတွေနားကိုလျှောက်သွားလိုက်တယ်။သူ့ရဲ့အရင်ကအကြောင်းတွေကအမှန်မထင်ခေါင်းထဲပန်ဝင်လာတယ်။ထိုစဥ်ခြံစောင့်ကဆရာမလေးကိုလှမ်းခေါ်လိုက်တယ်။

''ဆရာမလေး.ပြည့်ကအနောက်မှာပါ.ဝင်သွားလိုက်လို့ရပါတယ်''

''အော်..ဟုတ်.ကျေးဇူးပါနော်.''

ဆရာမလေးကအထဲကိုဝင်သွားပြီးတော့်တစ်ခန်းပြီးတစ်ခန်းလိုက်ရှာတော့တယ်။ထိုစဥ်ဘယ်ကမှန်းမသိတဲ့မီးခိုးငွေ့တွေကိုတွေ့လိုက်ရတော့ဆရာမလေးလဲထိုမီးခိုးငွေ့တွေနောက်လိုက်သွားတယ်။အခန်းတစ်ခန်းထဲကထွက်လာတဲ့မီးခိုးငွေ့တွေကမီးခိုးတွေမဟုတ်ဘဲဆေးလိပ်ငွေ့တွေဖြစ်နေတယ်။ထိုဆေးလိပ်ကိုဖွာနေတဲ့လူကဘယ်သူလဲဆိုတာက်ုဆရာမလေးကသိချင်ပြီးတော့အခန်းတံခါးကိုဆွဲဖွင့်လိုက်တော့သူတွေ့လိုက်ရတာကဆေးလိပ်တိုကိုလက်မှာကိုင်းထားပြီးကုလားထိုင်ပေါ်မှာခြေ ချိတ်ပြီးတော့ထိုင်နေတဲ့လူကပြည့်ဖြစ်နေတယ်။ထို့ကြောင့်ဆရာမလေးကပြည့်ကိုအော်ပြီး.ပြည့်လက်ထဲကဆေးလိပ်တိုကိုဆွဲယူကာကြမ်းပြင်ပေါ်ကိုပစ်ချလိုက်တယ်။

''ပြည့်..မင်းဘာတွေလုပ်နေတာလဲ.မင်းကိုမင်းဘာထင်နေလဲပြည့်.ဆေးလိပ်သောက်တယ်ဆိုတာကောင်းတယ်ထင်နေလား.မင်းအသက်ကအခုမှ၁၃ဘဲဲရှိသေးတယ်.ဒါတွေတတ်နေပြီလား.ပြည့်မင်းတို့ကိုမလေးစားတာလား.မိဘခေါ်ခိုင်းတေယ့လဲကျောင်းမလာဘူး.အခုအိမ်လိုက်လာတော့လဲမင်းပုံစံကမဟုတ်ဘူး.ပြည့်.တို့ကိုပြောစမ်း.မင်းဘာဖြစ်လိ​ု့မိဘခေါ်မလာတာလဲ''

  ''ပြည့်ဘာလို့မိဘမခေါ်လာတာလဲဆိုတာမပြောခင်.ပြည့်မေးတာကိုဆရယမလေးအရင်ဖြေပါ.''

''ကောင်းပြီ.ဘာမေးမလဲ''

''အခု....ဆရာမလေး.အိမ်ထဲဝင်လာတော့ပြည့်ရဲ့မိဘတွေနဲ့တွေ့ခဲ့လား''
 
''မတွေ့ခဲ့ဘူးလေ''

​ပြည့်ကဖြည်းဖြည်းချင်းထရယ်လိုက်တယ်။

''ဟား..ဟား..ဟားဟား.ဟား.''

''ပြည့်မင်းဘာရယ်တာလဲ''

''ဆရာမလေးတောင်အခုပြည့်မိဘတွေကိုမတွေ့တာ..ပြည့်လိုသူတို့ရဲ့သမီးအရင်းတောင်.တစ်လမှာ၃ရက်တောင်ပုံမှန်မတွေ့ရဘူး..ပြည့်ဆရာမလေးကိုပြောပြီးပြီဘဲ..ပြည့်မိဘတွေကပြည့်နာမည်ကိုရောင်လို့တောင်မခေါ်ကြဘူးလို့''

ပြည့် ရဲ့ပြောလိုက်တဲ့စကားကိုဆရာမလေးကြားတော့ပြည့်ရဲ့ခံစားချက်ကိုနားလည်သွားတယ်။ဒါကြောင့်ပြည့်ကိုမနက်ဖြန်ကျောင်းဆက်ဆက်လာဖို့ရယ်။နောက်အပတ်ကစပြီးတော့ဆရာမလေးအိမ်မှာညနေ၄နာရီကနေ၇နာရီဖထိကျူရှင်တက်ဖို့ရယ်ကိုပြောပြီးဆရာမလေးပြန်ထွက်လာတယ်။ပြည့်ကဆရာမလေးရဲ့သူ့အပေါ်ကိုဂရုစိုက်နေတဲ့အရိပ်အယောက်ကိုခံစားမိသွားတယ်။

part3မျှော်

သဇင်ပန်းကိုသစ္စာတည်ပါတယ်..Where stories live. Discover now