တိမ်တိုက်ကော်ဖီဆိုင်လေး ☁️☕_♡
ကုမ္မဏီအောက်ထပ်မှာ ကော်ဖီဆိုင်အသစ်လေးကိုဖွင့်လှစ်လိုက်ပါပြီ ...
အဲ့ဒီဆိုင်လေးရဲ့ ပင်ကိုထူးခြားချက်ကလေ ကော်ဖီကြောင့်ရော ကိတ်မုန့်တွေကြောင့်ရော မဟုတ်ဘူး...
ဒါပေမယ့် ဆိုင်ပိုင်ရှင်ရဲ့ရုပ်ရည်က ချောမောနေလွန်းတယ်လေ ~
ရုပ်ရည်သွင်ပြင်နဲ့ပတ်သတ်ပြီး အစွဲကြီးသည့် ကျန်းယင်း ဆိုတဲ့ သူမကတောင် အဲ့ဒါတွေကိုဂရုမစိုက်နိုင်တော့ဘူး... သူမရဲ့နှလုံးသားလေးက အဲ့ဆိုင်မှာပဲကျန်ခဲ့ပြီကိုး ~
အဲ့ဒီအချိန်ကစလို့ပေါ့ , တိမ်တိုက်ကော်ဖီဆိုင်လေးကို အလည်သွားရတာက သူမရဲ့နေ့စဉ်ကျင့်စဉ်တစ်ခုလိုတောင်ဖြစ်နေခဲ့တယ်။
မရေရာတဲ့အနာဂတ်အခြေအနေကြောင့် ကျန်းယင်း တစ်ယောက်သူမရဲ့ ဘဏ်အကောင့်ကို စစ်ကြည့်သည့်အခါ ပြီးခဲ့သည့်လအနည်းငယ်လောက်ကစလို့ သူမရဲ့ဘဏ္ဏာရေးအခြေအနေက စိုးရိမ်စရာတစ်ခုဖြစ်နေတာကို နားလည်လိုက်သည်။
ဤသို့ဖြင့်သူမက ယွမ်ရှန်း ကိုပြောလိုက်သည် .....
" သူဌေးယွမ်, ကျွန်မက ရှင့်ဆိုင်ရဲ့ အမာခံစားသုံးသူနော်, ကျွန်မကိုလည်း ဒီဆိုင်မှာ ရင်းနှီးမြှုပ်နှံခိုင်းဖို့ ရှင်မတွေးမိဘူးလားဟင်? , ကျွန်မတို့နှစ်ယောက်ပူးပေါင်းပြီး ငွေရှာကြမယ်လေ ~ "
ယွမ်ရှန်းကဖန်ခွက်ကိုသုတ်နေရင်းဖြင့် သူမကိုလှမ်းကြည့်လိုက်ကာ လေသံပြတ်ပြတ်ဖြင့်
" ရင်းနှီးမြှပ်နှံဖို့အကြောင်းဆိုမေ့လိုက်တော့ " ဟုပြန်ပြောလိုက်သည်။
ကျန်းယင်းလည်း သူမဘက်ကနေ အမှားလုပ်လိုက်မိတယ်လို့ ခံစားလိုက်ရသောကြောင့်
" ဒီမှာ မီနူးအသစ်တွေထုတ်မယ့်အချိန်တိုင်း ကျွန်မကအရသာမြည်းဖို့ ကူညီပေးမယ်လေ! ရှင်အိပ်မပျော်နိုင်ဘူး လို့ပြောတုန်းကဆို ရှင်အိပ်ပျော်အောင် ချော့သိပ်ဖို့ ကျွန်မနည်းလမ်းတွေအများကြီးစဉ်းစားေပးခဲ့တယ်... ရှင့်အတွက် နံရံပေါ်မှာ နံရံရေးဆေးပန်းချီတွေကိုတောင် ကျွန်မဆွဲပေးခဲ့တယ်လေ ~ ! "
သူမကသက်ပြင်းချလိုက်ကာ ဆက်ပြီး
" အဲ့ဒါတောင် ရင်းနှီးမြှုပ်နှံဖို့ကိစ္စကို ကျွန်မ လုပ်ခွင့်မရရင်တော့ ကျွန်မအဖို့နစ်နာဆုံးရှုံးမှုတွေများသွားပြီ ~~ "
"အိုး ~! ဟုတ်တာပေါ့ ~ ဒါကနည်းနည်းတော့နစ်နာဆုံးရှုံးေစမှုကြီးပဲ "
သူမရဲ့ အကျိူးအကြောင်းဆီလျော်သည့် တွေးခေါ်မှုကြီးကို ကြားလိုက်ရပြီးသည့် နောက်မှာတော့ ယွမ်ရှန်းက
" အဲ့လိုဆိုရင်တော့လည်း မင်းက ဆိုင်ပိုင်ရှင်ရဲ့ဇနီး ဖြစ်လာမှပဲ ကိုယ်ဖြည့်ဆည်းပေးနိုင်တော့မယ် ... ~"
>>>>> .......... >>>>>
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ရုပ်ရည်ချောမောပေမယ့်လည်း အဆိုးမြင်ဝါဒသမား ကော်ဖီဆိုင်သူဌေး X ကျန်းဟူ တွင် သူမစိတ်ဝိဥာဥ◌်ကွန့်မြူးရာ အခန်းငယ်လေးထဲမှာ အလုပ်လုပ်တဲ့ Game Designer မလေး
ယွမ်ရှန်း × ကျန်းယင်း
❣️ အချစ်တို့ဖြင့်စတင်ဦးတည်ရာ ဇာတ်လမ်းတိုလေးတစ်ပုဒ် ❣️
~ မကြာခင်အချိန်အတွင်း Chapter အချို့ကို update ပေးမယ်နော် ...
~ We'll Upload few chapters sooner
Please looking forward to it 💛✨Translated By @.XI

YOU ARE READING
တိမ်တိုက်ကော်ဖီဆိုင်လေး ( MM Tran )
Storie d'amoreAuthor(s) : Zoody Title : " C l o u d s i d e C a f é " Associated Names : " 云边咖啡馆 " Status : 20 Chapters ( Completed ) + 2 Extras ••••• ရုပ်ရည်ချောမောပေမယ့်လည်း အဆိုးမြင်ဝါဒသမား ကော်ဖီဆိုင်သူဌေး နှင့် Jianghu တွင် သူမနှလုံးသားလေးလွင့်မျောရာ အခန်းငယ...