Chapter 31

2.3K 186 53
                                    

ရိပေါ်ရဲ့ ကိုယ်ဝန်က ၆လကျော်၇လထဲရောက်နေပြီမို့ ရှောင်းကျန့်က သူမပါဘဲ ဘယ်မှအသွားမခံသလို  အခုရက်ပိုင်း အကိုရန်ရန်ကပါ နေသိပ်မကောင်းတာကြောင့် အပေါ်ထပ်ကသူ့အခန်းထဲ၌သာ အနေများ‌သည်။ညနေ ရှောင်းကျန့်ပြန်လာမှသာ သူနဲ့အတူ ဟိူနားဒီနား လမ်းလျှောက်ထွက်ဖြစ်သည်။

တယောက်ထဲအဖော်မဲ့နေသည့် ရိပေါ်မှာ အကိုမုန့်ယောင်လာလည်လို့သာ တော်သေးသည်။အကိုမုန့်ယောင်က အိမ်လာလည်ရင် ဘယ်တော့မှ လက်ဗလာနဲ့မလာတက်သလို ရိပေါ်ကြိုက်တက်သည့် မုန့်လေးတွေ လုပ်လာခဲ့တက်သည်။

အခုလဲ ခါကျက်ဥဆနွင်းမကင်းတချိုင့်ဆွဲကာ အလည်ရောက်လာသည့် အကိုမုန့်ယောင်က

"ဝမ်ဝမ်လေး...ခြေထောက်လေးတွေတောင် ဖောင်းနေပြီဆိုတော့ ‌မွေးရက်နီးပြီလား....OGရော အပ်ပြီးပြီလား....မအပ်ရသေးရင် အကို့အသိOGရှိတယ်နော်...."

"အပ်ပြီပြီး အကို....အကိုစုန့်လန်ရဲ့ သူငယ်ချင်းလေ Dr.ကုဝေနဲ့ အပ်ထားတာ....မွေးရက်ကလိုတော့လိုပါသေးတယ်....မားမားလဲ နီးရင်လာခဲ့မယ်ပြောတယ်...."

နှစ်ယောက်သား မုန့်လေးစားလိုက် စကားလေးပြောလိုက်ဖြင့် အဖွဲ့ကြနေသည်။မုန့်ယောင်က လှေခါးဘက်ကို မသိမသာတချက်လှည့်ကြည့်လိုက်ပြီးမှ

"ဝမ်ဝမ်လေး အကိုသိချင်တာလေး တခုရှိတယ် မေးလို့ရမလား...တော်ကြာစပ်စုတယ်လဲထင်နေမှာဆိုးရတယ် ဟင်း ဟင်း...."

ပါးချိုင့်လေးခွက်နေအောင် အပြုံးလေးနဲ့ ဆိုလာသည့် အကိုမူန့်ယောင်ကြောင့် ရိပေါ်မှာ ပြာပြာသလဲ ငြင်းဆန်လိုက်မိသည်။

"မဟုတ်တာ အကိုကလဲ....ဘာလို့ ထင်ရမှာလဲ...မထင်ပါဘူး ကျနော်တို့ကညီအကိုတွေဖြစ်နေကြပြီကို...ဘာမေးမှာလဲ မေးလေ...."

"ဟိုလေ ဝမ်ဝမ်တို့က စီးပွားရေးကလဲ တခုထဲ တအိမ်ထဲအတူနေကြပေမဲ့ အခုဆို နှစ်အိမ်ထောင်ဖြစ်နေကြပြီမလား.....ပြီးတော့ တခြားသူတွေလဲ ရှိနေလို့လေ....ငွေကိုင်တာကဘယ်သူကိုင်လဲလို့ပါ...."

မုန့်ယောင်ရဲ့ သွေးတိုးစမ်းသလိုအမေးကို ရိပေါ်ကတော့ ဘာမှမသိဘဲ ရိုးရိုးသာပြန်ဖြေလိုက်သည်။

မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍( မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍)Where stories live. Discover now