"ကလေး ဝမ်ဝမ်....ရန်..."
ရှောင်းကျန့်ကိုမြင်လိုက်ရ၍ လူဆိုး ခေါင်းဆောင်မှာ ကြက်သေ,သေသွားကာ မလှုပ်မရှုပ်ကြီးရပ်နေသည်။
"ယောက်ျား....ဟင့် ဝမ်ဝမ်ကြောက်တယ်....သူတို့ကဝမ်ဝမ်ကိုဖမ်းထားတာ..."
ဆရာ့အိမ်သား ကြူကြူပါအောင်ငိုနေသလို ဆတ်ခနဲလှည့်ကြည့်လိုက်သည့် ဆရာသမားရဲ့မျက်လုံးစူးစူးတွေကြောင့် ခန္ဓာကိုယ်ကကြောက်စိတ်နဲ့တုန်တက်သွားရသည်။
"ငါ့ကလေးကို အတင့်ရဲပြီး ထိရဲတယ်ပေါ့...."
ဘာမှမလုပ်ရပါ။ထိုင်ခုံမှာ ကြိုးနဲ့ချည်ထားရုံကလွဲလို့ လက်ဖျားနဲ့တောင်မထိရပါချေ။ ရှောင်းကျန့်က အဲ့တွေနားမလည်...ဒီလိုမြင်ကွင်းမျိုးမြင်ရလေ ကိုယ့်ညီအပေါ် ဒေါသဖြစ်စိတ်က အကင်းမသေလေဖြစ်ရကာ မျက်စိရှေ့မြင်နေတဲ့လူကို ဆွဲထိုးပစ်လိုက်သည်။ကျိုးကျိုးကန်းကန်း နောင်ခါလာနောင်ခါရှင်းဟုတွေးထားတာလဲပါသည်။
"ဟောက်ရွှမ်း....င့ါကိုကယ်ပါဦး...."
"ကိုကို...."
ပြေးဝင်လာသည့် ဟောက်ရွှမ်းကိူမြင်လိုက်မှ ကျိရန်အားကိုးတကြီးခေါ်မိသည်။ပြောပြီးကာမှ ရင်ထဲဖျင်းခနဲ ပူရှိန်းသွားရကာရှက်စိတိကြောင့် နှုတ်ခမ်းလွာတို့ကမှာ အလိုလိုစေ့ပိတ်သွားရသည်။
ရှောင်းကျန့်ဒေါသဖြစ်ဖြစ်နဲ့ မျက်စိရှေ့မြင်သမျှလူကိုတွေ လှိမ့်ထိုးနေသည်။ထိုသူတို့အဖြစ်က ဘာနဲ့တူနေသလဲဆိုတော့ ကျားရဲဂူထဲရောက်နေတဲ့ ယုန်သူငယ်တွေလိုပဲ ပြန်လဲမခုခံရဲကြပါ။အလဲလဲအကွဲကွဲဖြစ်နေကြသည့်လူတွေကို ဝမ်နင်တို့နဲ့ လွဲထားခဲ့ကာ ရိပေါ်ထံအပြေးသွားလို့
"ဘယ်နားထိခိုက်မိတာရှိသေးလဲ....ဟင် ကျုပ်ကိုပြောစမ်း...."
မျက်ရည်တွေစိုလူးနေသည့် ပါးပြင်လေးကို ထိကိုင်ထားရင် ရိပေါ်ရဲ့တကိုယ်လုံးကို အစုန်အဆန်ကြည့်ကာ စိုးရိမ်စိတ်တို့ကတဟုန်ထိုးမြင့်တက်လာသည်။ဘယ်လောက်အားငယ်ကြောက်ရွံ့နေရှာလိုက်မလဲဝမ်းနည်းရိပ်သမ်းနေရှာတဲ့ မျက်ဝန်းလေးတွေကသက်သေပင်။
YOU ARE READING
Fanfictionzawgyi&uni