Chapter 37

2.8K 167 102
                                    

ချင်ချုံးတောင်တန်းကြီးတွေပေါ်နေဝန်းနီကမေးတင်စပြုနေပေမဲ့ မြိုင်ဟေဝန်စိုက်ပျိုးရေးခြံကြီးအတွင်းမှာ လူတစုကတော့ တကုပ်ကုပ်နဲ့အလုပ်လုပ်ကောင်းနေကြဆဲဖြစ်သည်။

တခြားသူများတော့မဟုတ်ပါ။လူစွမ်းကောင်းကြီးဟောက်ရွှမ်းနဲ့ အခါတော်ပေးပုရောဟိတ်ကြီးတို့စုံတွဲသာဖြစ်၏။အကြောင်းကား တခြံလုံးရှိ မြက်ပင်ပေါင်းပင်တို့အား လက်ဖြင့်သာနှုတ်ရမည်...အခြားမည်သူတဦးတယောက်မျှ မကူညီရဟုသောအမိန့်ထုတ်ထားသည့် ဆရာရှောင်းရဲ့ အပစ်ဒဏ်ပေးမှုတည်း။

"ညီညီ...ရန်မူးလဲလို့တဲ့ ပေါက်စဖုန်းဆက်လာတယ်....အိမ်ပြန်ရအောင်...."

သူတို့မြက်နှုတ်နေသည့်နားသို့ လာ‌ရောက်ပြောပြသောရှောင်းကျန့်စကားကြောင့် ဟောက်ရွှမ်းစိုးရိမ်စိတ်တို့ ငယ်ထိပ်ဆောင့်တက်သွားရကာ

"ကိုကို...."တခွန်းသာအော်ရင်း နားနေဆောင်ဘက်ကို တချိုးတည်းပြေးသွားသည်။ဝမ်နင်တို့ပါ ဟောက်ရွှမ်းနောက်လိုက်ဖို့ပြင်နေကြသည်မို့

"ဘယ်လိုက်မှာတုန်း....ကိုယ့်အလုပ်ကိုဆက်လုပ်....အေး ကောင်လေးတွေကို အသားယူတယ်လို့အသံကြားကြည့်.... နေရာတိုင်းမှာ ငါ့နားနဲ့မျက်လုံးတွေကရှိပြီသား သိတယ်နော်....အချိန်မတန်သေးဘဲ အိမ်ရောက်လာရင် ငါနဲ့တွေ့မယ်...."

"ဟုတ်ကဲ့ပါ..."

ရှောင်းကျန့်မှ ထိုသို့ဆူပူငေါက်ငမ်းလိုက်ရင်လဲ မျက်နှာငယ်လေးများဖြင့်သာ ဟုတ်ကဲ့ဖြေတက်ကြသည်။ခြေသွက်လက်သွက်ရှိလွန်းသည့်ကိုယ့်လူတွေအကြောင်းကိုယ်အသိဆုံး။တခုခုသာဖြစ်သွားခဲ့ရင် တဖက်ကောင်လေးတို့ရဲ့မိသားစုကို ဘယ်မျက်နှာပြရမှန်းဖြစ်မှာက ရှောင်းကျန့်သာဖြစ်သည်။

မြိုင်ဟေဝန်ရဲ့အိမ်သားများအားလုံးက ပြသနာရှာတဲ့နေရာမှာ သိပ်ထူးချွန်ကြသည်။အနေအေးသည့်ကိုကျိရန်တို့က ထစ်ခနဲရှိ "မပေါင်းချင်ရင် ကွာမယ်...ကွဲမယ်...*ဆိုတာပဲ အတွင်တွင်သုံးတက်သလို ကိုယ့်သည်းညှာကအစ တခုခုဆိူ *ယူနဲ့မနေဘူး... မားမားတို့ဆီပြန်မှာ*ဆိူသည့်စကားက ပါးစပ်ဖျားကမချ။

မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍( မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍)Where stories live. Discover now