Part - 29 ( Unicode )

35.7K 2K 18
                                    

အပိုင်း - ၂၉

       

          " မောင့်ရင်ခွင်ဝယ် ခိုနားမယ် "

" ကလေးတွေဝင်လာဦးမယ် မောင် "

" စိတ်ပူမနေနဲ့ ၊ ဝန်ထမ်းတွေကလည်းဝင်လာမှာ
မဟုတ်ဘူး ကလေးတွေကိုလဲ သူ့တီတီတွေနဲ့ထားခဲ့တယ် ၊
လာပါ မောင်အိပ်ချင်နေပြီ အိပ်လိုက်ကျရအောင် "

သိပ်မကြာခင်အချိန်မှာပဲ ဆေးရုံရဲ့သီးသန့်အခန်းထဲမှာ
ကြွေရုပ်ရောမောင်ပါ အိပ်ပျော်သွားလေတော့သည်။
မောင့်ရင်ထဲထဲမှာသာခိုဝင်အိပ်စက်ရရင် ဘယ်နေရာမှာ
မဆို ကြွေရုပ် နှစ်ခြိုက်စွာအိပ်ပျော်နိုင်တာက
အလေ့အကျင့်ပင်ဖြစ်နေလေတော့သည်။


*
*
*
*
*
*
*
*
*

လကုန်အစည်းအဝေးလုပ်ပြီးတာနဲ့ နားနေခန်းထဲကို
ပြန်ရောက်တဲ့အချိန် ကြွေရုပ်ကို ဖုန်းဆက်ဖို့အတွက်
ဖုန်းကိုဖွင့်လိုက်တဲ့အခါ ကိုယ်မသိတဲ့ဖုန်းနံပါတ်အစိမ်း
တစ်ခုက အကြိမ်အရေအတွက်များစွာခေါ်ထားတာကို
တွေ့လိုက်ရသည်။ အလုပ်နဲ့ပတ်သက်ပြီးဆက်တာမျိုး
ဖြစ်နေမှာစိုးတာကြောင့် တဖက်ကိုဖုန်းပြန်ခေါ်လိုက်တဲ့
အချိန် အချိန်တဖက်က ဖုန်းကို ချက်ချင်းကိုင်လာကာ

" အသင်္ခရာ ငါပါ "

အသံကိုကြားလိုက်ယုံနဲ့ဘယ်သူလဲဆိုတာကို ချက်ချင်း
သိသွားတာကြောင့်

" မြတ်ခွန်းချို! ! ပြော ဘာကိစ္စလဲ "

" ငါ သမီးနဲ့တွေ့ချင်လို့ "

ဂူးဂူးအမေက သူ့သမီးနဲ့တွေ့ချင်လာတိုင်း ကိုယ့်ကို
ဖုန်းဆက်ပြီးခွင့်တောင်းနေကျ။ တဖက်ကဂူးဂူးအမေရင်း
ဖစ်နေတာမို့ သမီးနဲ့လုံးဝမတွေ့ရတဲ့အထိ အဆက်အသွယ်
ဖြတ်ထားတာမျိုး အသင်္ခရာမလုပ်ပါ ။ ဂူးဂူးကိုယ်တိုင်က
လည်း သူ့အမေအရင်းကိုသိနေတာကြောင့် ကလေးရဲ့
စိတ်ခံစားချက်ကိုလည်း အလေးထားရမယ်မဟုတ်လား ။
ဒါကြောင့်ပဲ သမီးအမေက တွေ့ချင်တယ်ဆိုလာတိုင်း
ကလေးလည်းအားတဲ့ရက်နဲ့တိုက်ပြီး လိုက်ပို့ပေးဖြစ်သည်။
အခုနောက်ပိုင်း သူတို့သားမိတွေ မတွေ့တာတော်တော်
ကြာနေပြီဖြစ်သည်။

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now