Part - 2 ( Zawgyi)

21.5K 512 2
                                    

အပိုင်း -  ၂


" ဒေါ်လှ ဂူးဂူးကဘာဖြစ်လို့လဲ အခုဘယ်လိုနေ
သေးလဲ "

" ဆော့နေရင်းနဲ့လဲကျသွားတာပါ ၊ ကျမကလဲ
မီးဖိုချောင်ထဲ ဟင်းချက်နေတော့ ဂူဂူးနဲ့မိစုပြေးပြီး
ဆော့နေတာကိုမသိလိုက်ဘူး ၊ မိစု အော်ခေါ်မှပဲ
အခန်းအပြင်ကိုပြေးထွက်ကြည့်မိတာ ၊ ဒေါ်လှ
အပြင်ကိုရောက်တော့ ဂူးဂူးလေးက လဲကျပြီး
သတိလစ်နေပြီ "

" ဘာ! ! သတိပါလစ်သွားတာလား ၊ ဖုန်းဆက်
တုန်းက သတိလစ်သွားတယ်ဆိုတဲ့အကြောင်းကို
ဘာလို့ထည့်မပြောတာလဲ ဒေါ်လှရယ် ၊ အဲဒါ
ဂူးဂူးအတွက် အန္တရာယ်ရှိတယ်လေဗျာ "

" ဒေါ်လှလည်း လူကထူပူပြီး ထည့်ပြောဖို့မေ့သွား
တာ "

" မေ့ကျ မေ့ကျ တကယ်ပဲစိတ်ကုန်စရာကောင်း
လာပြီ "

ပါးစပ်ကလဲပြောရင်း သမီးရဲ့အခန်းဆီကိုအပြေး
တပိုင်းသွားနေမိ၏ ။ အခန်းတံခါးကိုဖွင့်လိုက်တဲ့
အချိန် ကုတင်ပေါ်မှာလှဲနေပြီး ကိုယ့်ကိုပြုံးပြလာတဲ့
ဂူးဂူးလေး ။ သတိပြန်ရလာလို့တော်ပါသေးရဲ့ဆိုတဲ့
အတွေးနဲ့ ကုတင်အစပ်မှာဝင်ထိုင်လိုက်သည် ။
ပြီးတော့သမီးဆံပင်လေးတွေကို သပ်တင်ပေး
လိုက်ရင်း

" ဂူးဂူး သမီးခြံထဲမှာပြေးလွှားပြီးဆော့နေတာဆို
ဟုတ်လား "

" ပါးပါး ဂူးဂူးကိုမဆူနဲ့နော် "

သူ့ကိုဆူမှာကြောက်ပြီး စကားကြိုပိတ်နေတဲ့
စကားတက်လေးပါ ။

" မဆူပါဘူး ပါး မေးတာကိုပဲဖြေ "

ကိုယ့်စကားကြောင့်သမီးကမျက်လုံးလေး
ပြူးပြလာရင်း

" ဂူးဂူးလဲ တစ်ခါတစ်လေဆော့ချင်လို့ပါ ပါးပါးရယ့်
မမမိစုကိုဆော့ဖို့အဖော်ခေါ်လိုက်တော့ မမမိစုက
စိန်ပြေးတမ်းကစားကျမယ်ဆိုလို့ ဂူးလဲဆော့လိုက်
မိတယ်"

သမီးပြောတာကိုနားထောင်နေရင်းနဲ့ နားကြပ်ကို
ယူပြီးစမ်းသပ်ပေးရပြန်သည် ။ လိုအပ်တာတွေကို
လုပ်ပေးပြီးကာမှ သမီးနားလည်နိုင်မည့်စကားလုံး
တွေနှင့် ဖြေးဖြေးအေးအေးရှင်းပြရ၏ ။

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Donde viven las historias. Descúbrelo ahora