အပိုင်း - ၂၆
" အခန်းထဲမှာ ရတနာမြေပုံတွေဘာတွေများရှိလား
မသိဘူးနော် ကိုကိုတို့ကြည့်ဘူးတဲ့ဇာတ်ကားတွေမှာဆို
အဲလိုမြေပုံတွေဖွက်ထားရင် အခန်းထဲလူအဝင်မခံဘူးလေ"" ဟာ ဟုတ်ပြီ ဒါဆို မိုင်တို့ အခန်းထဲခိုးဝင်ပြီး
အဲမြေပုံကိုရှာကြည့်ရအောင် "မိုင်လေးကနောက်ဆုံးစကားကို အားတဲ့မာန်နဲ့ပြောပြီး
သည့်နောက်မှာတော့ မောင်နှမနှစ်ယောက်စလုံး၏
မျက်နှာတွင်အောင်မြင်ခန့်ညားသောအပြုံးတွေပေါ်လာ
လေတော့သည်။*
*
*
*
*
*
*
*" ကိုကို! ! ခြေဖျားနည်းနည်းထောက်ပြီးယူလေကွာ "
" ဟာ ပြည့်ကလဲ ပြည့်အရပ်နဲ့ကိုကို့အရပ်က
ဘယ်လောက်ကွာနေလို့လဲ ၊ မှီမှမမှီတဲ့ဟာကို "ပါး နဲ့ ဖေ အိပ်ခန်းရှိနေသည့် အပေါ်ထပ်အခန်းမှာ
ဘယ်သူ့မှာရှိမနေသည့်အချိန်အခိုက်အတန့်တွင်
ရတနာမြေပုံရှာပုံတော်ဖွင့်ရန်အတွက် အိမ်သော့တွေ
ထဲကမှ ပါးတို့အခန်းသော့ကိုအရယူနိုင်ဖို့ကြိုးစားနေခြင်း
ဖြစ်လေ၏ ။ ကံဆိုးတော့ သော့ထားသည့်နေရာက
အရပ်နဲ့မမှီ ။မောင်နှမနှစ်ယောက် နည်းမျိုးစုံနဲ့ကြိုးစားနေပေမယ့်
ဘယ်လိုမှအဆင်မပြေသေးတာကြောင့်" ကိုကို !!"
" ဘာလဲ "
" တော်ကြာနေ ပါးတို့ကပြန်လာတော့မှာနော်၊
သော့ကမြန်မြန်ရမှဖြစ်မှာ ၊ ကိုကိုကထိုင်လိုက်
မိုင် ကိုကို့ပခုံးပေါ်တက်ပြီးယူမယ်၊ မိုင် ကိုကို့
ပခုံးပေါ်ရောက်ပြီဆိုတာနဲ့ ကိုကိုကမက်တပ်ရပ်လိုက်
နော် "အကြံကောင်းတွေကိုဘာပေးနေသည့် ညီမတော်ကြောင့်
" မ မဖြစ်ဘူးနော် တော်ကြာပြုတ်ကျပြီးကွဲပြဲကုန်
လိမ့်မယ် "" အာ ပြုတ်မကျအောင်ကိုကိုကထိန်းပြီးထလေ ၊ကဲ
ကြာတယ် မြန်မြန်လေး "စိတ်မြန်လက်မြန်ရှိလှသည့်မိုင်က ကိုကို့ လက်ကနေ
ဆွဲပြီးထိုင်ခိုင်းလိုက်သည်။ ပြီးတာနဲ့ ဝတ်ထားသည့်
ဂါဝန်ကားကားလေးကိုခါးမှာစုချည်လိုက်ပြီးမှ
ကိုကို့ပခုံးပေါ်ကိုခြေထောက်တစ်ချောင်းတင်ဖို့ပြင်လိုက်၏။
VOCÊ ESTÁ LENDO
မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed )