၂
"ဖနောင့် ကြား တစ်မိုက် ခြေမနှစ်ခုကြား တစ်ထွာတစ်မိုက် ဒူး နှစ်ခုကြား တောင်ဆုပ် ခါး ကို လက်ဖနောင့်နဲ့ထောက်ထားရမယ် ဒါကတော့ အခြေခံကဗျာလွတ်ပေါ့ အစ်မ ပြမယ် ခွင်ထိုင်ပုံသေချာကြည့်နော်"
မန္တလေးပန်တျာကျောင်း၏ အခန်း၁နေရာတွင် ကျောင်းသူ
မင်းသမီးလောင်းလေးများအား ခွင်ထိုင်ပုံပြနေသူ
မိန်းကလေး၁ဦး။တို့ ဘေတို့ဘေ.တို့.ဘေတို့ဘေ.ဂျိန်း
ဂျိန်း တက် ဂျိန်း.တက်.ဂျိန်း တက်ထွက်ပေါ်လာသည့် ဗုံသံ စည်းဝါးသံတို့ နှင့်စည်းချက်လိုက်စွာကဗျာလွတ်အကကိုကပြနေသည့် ထိုမိန်းကလေး
အမည်ကား ကျော့ရှင်းရူပါ။ ပြောမည်ဆိုလျှင် မိုးခမဒီ နှင့်ပြိုင်ဘက်မင်းသမီး
တစ်ဦး။ပြိုင်ဘက်ဆိုသော်ငြားမိုးခမဒီက သူမထက်၃နှစ်ကြီးကာ
စီနီယာပိုကျသည်။သူမတို့၂ယောက်လုံးမှာ ပန်တျာကျောင်းတွင်အက
နည်းပြဆရာမများဖြစ်ကြပြီး အပြိုင်မင်းသမီး
၂ယောက်။ပြိုင်ပွဲများတွင်ပြိုင်နေကြသလို အပြင်အငြိမ့်လောကတွင်လည်း တကယ့်ပြိုင်ဘက်များဖြစ်ပြီး
သူတစ်ပြန်ကိုယ်တစ်ပြန် နိုင်နေကျ။သို့သော် မဒီက အနုပညာသက်တန်းပို
ရင့်သဖြင့် နယ်ပရိတ်သတ်အနည်းငယ်ပိုများသည်။
ရှင်းမှာတော့သူရိယလင်္ကာ အငြိမ့်အဖွဲ့၏ခေါင်းဆောင်မင်းသမီးဖြစ်ပြီး အငြိမ့်ကတာ မဒီ့လောက်မကြာသေး။
ကျော့ရှင်းရူပါဟူသည့်အမည်နှင့်လိုက်အောင်
မြင်လိုက်သည်နှင့် အမြဲတည်ကြည်ကျော့ရှင်းနေသည့် သူမသွင်ပြင်က.အရှိန်အဝါ၏သဘောကို
ဖော်ပြနေသည်။ဆံစများအားလုံးကိုသိမ်းကာဆံထုံးထုံးထားသဖြင့် သူမ၏မဟာနဖူးကထင်းနေ၏။
တစ်ခုနှင့်တစ်ခုထိစပ်လုနီးပါးဖြစ်နေသောထူထဲထဲ
မျက်ခုံးတစ်စုံကeye browကူစရာမလိုချေ။ဝိုင်းစက်နေသည့်မျက်ဝန်းတို့က ကြည်လင်တောက်ပနေကာ အကြည့်ချင်းဆုံမိလျှင် တစ်ခုခုကိုအမိန့်ပေးနေဟန်နှင့်တူသည်။
YOU ARE READING
ချစ်ခြင်းလင်္ကာသီကုံးရာဝယ်(complete)
Romanceမာနအသင်္ချေမှသည် အချစ်နိဗ္ဗာန်သို့... This photo is just my edit.