ခွမ်း!
"အေး ကွဲပြီလား ဒီကောင်မလေးကတော့ စရောက်
တည်းကပရမ်းပတာနဲ့"ကြီးကြီးမော် အသံကြောင့် မဒီအိပ်နေရာမှနိုးလာခဲ့ကာ
အချိန်ကြည့်လိုက်တော့ ၇နာရီပင်ခွဲလုပြီ။"ဘုရားရေ ငါဘယ်လိုတောင်အိပ်ပျော်သွားတာလဲ"
အိမ်တွင် နောက်အကျဆုံး ထချိန်မှာ ၆နာရီခွဲဖြစ်၍
မဒီကမန်းကတန်းထရတော့သည်။ မျက်နှာပေါ်နေရောင်ခြည်ကျသည်နှင့်မဒီနိုးတတ်သလို နာရီကိုလည်းနှိုးစက်ပေးပြီးမှအိပ်တတ်ပေမဲ့ ဒီမနက် ပြတင်းပေါက်ပိတ်ထားသည့်အပြင် နှိုးစက်သည်လည်းမမြည်။မဒီမျက်နှာသစ်ပြီးနောက် ကပြာကယာပင်ပြင်ဆင်ပြီး
အောက်ထပ်သို့ပြေးရ၏။"ဪ မဒီ နိုးပြီလား"
မဒီ့ကိုမြင်သည်နှင့်ဆက်တီတွင်ထိုင်ကာ ဘုရားပန်းတင်ရန်အတွက်စံပယ်ပန်းများသီနေရင်း ကြီးကြီးခင်ကလှမ်းမေး
လေသည်။"ဟုတ်ကဲ့ ကြီးကြီးခင် သမီးနှိုးစက်ကို ၆နာရီပေးထားတာ ဘယ်လိုဖြစ်ပြီးမနိုးလည်းမသိဘူး"
"မနိုးတာမဟုတ်ဘူး ကြီးကြီးတမင်လာပိတ်ထားတာ အိပ်ရေးဝဝအိပ်ရအောင်လို့"
ကြီးကြီးခင်သည် ခပ်ပြုံးပြုံးမျက်နှာပေးဖြင့် မဒီ့ကိုလှမ်းပြော၏။
"အစ်မလုပ်တာနဲ့ စည်းကမ်းပျက်ကုန်လိမ့်မယ်"
ကြီးကြီးမော်သည်နောက်ဖေးမှထွက်လာရင်းပွစိပွစိဖြင့်ကြီးကြီးခင်ဘေးဝင်ထိုင်လေသည်။
သူမနောက်တွင် ၁၄နှစ်ခန့်အရွယ် ကလေးမလေး၁ဦးမှာဗန်းကလေးတစ်ခုကိုင်ကာပါလာသေး။ကြည့်ရတာ မငယ်ကိုကူဖို့လူထပ်ခေါ်ထားတာနှင့်တူပါသည်။
"မဒီ မိန်းကလေးဆိုတာ အဲ့လောက်မအိပ်ရဘူး ညည်းထတဲ့အချိန် ညည်းပြန်ကြည့်"
"ဟုတ်ကဲ့ ကြီးကြီးမော် မဒီနောက်ဆင်ခြင်ပါ့မယ်"
ကြီးကြီးမော်သည်လည်းမဒီ့ကိုမကြည်ဖြူသူဖြစ်သည့်အားလျော်စွာဆူပူဖို့အားခဲနေပုံ။ မဒီသည်းခံရမည်။ လိမ္မာယဉ်ကျေးသည့်မိန်းကလေးတစ်ယောက်မို့လူကြီး၏စကားကိုနားထောင်ကာ ဟုတ်ကဲ့ တစ်လုံးကိုသာလက်ကိုင်သုံးရမည်။
أنت تقرأ
ချစ်ခြင်းလင်္ကာသီကုံးရာဝယ်(complete)
عاطفيةမာနအသင်္ချေမှသည် အချစ်နိဗ္ဗာန်သို့... This photo is just my edit.