Ep 1 (zawgyi)

1.8K 41 13
                                    

၁နှစ်တွင်တစ်​ခေါက်သာကြုံရ​သော ​ရွှေစာရံဘုရားပွဲသည် ထုံးစံအတိုင်းကြက်ပျံမကျစည်ကား​နေ​​ချေ
သည်။

ပျံကျ​ဈေးသည်များ မုန့်သည်များ ​ဒေသထွက်ကုန်အ​ရောင်းဆိုင်များရှိသလို အ​ပျော်စီး ချားရဟတ်များ.ပင်လယ်ဓါးမြ ​စသည့်
က​လေးလူငယ်များအကြိုက်ကစားစရာများလည်းရှိသေး၏။

ထိုထဲတွင်မှလူအများ၏အာရုံကိုဖမ်းစားနိုင်ဆုံးအရာမှာ​တော့ နှစ်စဉ်နှစ်တိုင်းဘုရားပွဲ​တော်တွင် မန္တလာသူ/သားတို့၏ အသည်းနှလုံးကိုညှို့ယူထား
နိုင်သော ​"အေးမြစန္ဒာ" အငြိမ့်အဖွဲ့ကြီးပင်တည်း။

ဘုရားပွဲ​တော်အဆုံးနားတွင်အမြဲ​နေရာယူထားတတ်​သော ထိုဇာတ်ရုံကြီးသည် နှစ်တိုင်းလိုလိုပင်
ရုံပြည့်ရုံလျှံသည်ထိ ​အောင်မြင်၏။

ဇာတ်ရုံ၏သွင်ပြင်ကို​ပြောရလျှင် ဇာတ်ဆင်တိုင်
အပြင်ဘက်တွင် လမင်းကြီးအား ကြယ်များခြံရံထားသ​ယောင်ဖန်တီးထားပြီး ထိုလမင်းကြီးပုံထဲတွင် ပျိုကညာတစ်ဦးက ကချိုးချ​နေဟန်အမှတ်တံဆိပ်ပုံဖြင့်ဖန်တီးထားသည်မှာအလွန်ခမ်းနားလှသည်။

အတွင်းပိုင်းတွင်​တော့ လိုက်ကာအနီ​ပေါ်တွင် အပြာ​ရောင်ကတ္တီပါဆိုင်းဘုတ်ရှိပြီး ထိုဆိုင်းဘုတ်​အလယ်
ပိုင်း၌ ​အေးမြစန္ဒာအငြိမ့်အဖွဲ့ ဟူသည့်အမည်ကို​ငွေ
ရောင်စာသားဖြင့်​ရေးထားသည်။

ဆိုင်းဘုတ်ဝဲဘက်တွင် လူရွှင်​တော်အမည်များ​ရေးထားကာ ယာဘက်တွင် မင်းသမီးအမည်​ရေးထားပြီး
ဆိုင်းဘုတ်​အောက်နားတွင်​တော့ အငြိမ့်အဖွဲ့အားလာ​ရောက်ငှားရမ်းနိုင်မည့်​​နေရာ​ရေးထား၏။

ရွှေစာရံဘုရားပွဲတွင်အခြားဇာတ်အဖွဲ့အချို့ရှိ
သော်လည်းထိုအငြိမ့်အဖွဲ့အားယှဉ်နိုင်သူမ​ပေါ်​သေး။

အဘယ်​ကြောင့်နည်း။
အများ​ပြောစကားတစ်ခု​တော့ရှိသည်။

အေးမြစန္ဒာ၏ ​ခေါင်း​ဆောင်မင်းသမီး "မိုးခမဒီ" သည် ​လေဘာတီမမြရင်ဝင်စားသည်​လော တလိုင်းမမြကြင် ဝင်စားသည်​လောတဲ့။

လေဘာတီကအဆို​ပညာတွင်အံ့မခန်းဖြစ်တာ
မမြကြင်မှာမူအကတွင်ထူးချွန်၏။

ချစ်ခြင်းလင်္ကာသီကုံးရာဝယ်(complete)Where stories live. Discover now