စတော် ဒိန်ချဉ် ကျောက်ကျော

75 4 1
                                    

စတော်ဘယ်ရီ ပေါတဲ့ကာလ ဒိန်ချဉ် စတော်ဘယ်ရီကျောက်ကျောလုပ်စားရအောင် 😋

​ပြီးခဲ့တဲ့ Monday က အိမ်မှာဆွမ်းကပ်တော့ ထောပတ်ထမင်းကျွေးဖြစ်တယ်, ထမင်းမှာ အီထားတာမို့ အချိုပွဲမှာ အအီပြေမယ့် အသီးတွေ ထည့်ကျွေးတယ်, အဲ့ဒါကိုလည်း အအီပြေပါ့မလား တွေးမိရင်းနဲ့ ဒီအချိုပွဲကို လုပ်ဖြစ်တာ

ကျောက်ကျောလုပ်နည်း

🔺အာဂါးကျောက်ကျော အစိမ်း ၁ ထုပ်ကို ရေသန့်ဘူး အသေး ၁ ဗူးစာ ရေနဲ့အပြင်မှာဖျော် , ပြီးရင်ကျို
🔺 ဆူလာရင် Fun Hua အချိုပါပြီးသား ဒိန်ချဉ် ၁ လီတာ ဗူးထဲမှ ဖန်ခွက်တခွက်စာ နုတ်ပြီးထည့် ( ဘာလို့နုတ်လဲဆို ကျောက်ကျောမှုန့် ၁ ထုပ်ကို ရေ ၁ လီတာ ကျော်ကျော်လေးပဲ သုံးမှ ကျောက်ကျောသားမာမှာ, အမှုန့်ကို ရေရောကျိုထားလို့ ဒိန်ချဉ်မှာ လျှော့လိုက်တာပါ)
🔺 ဒိန်ချဉ်ထည့်ပြီးဆူလာရင် ဗန်းထဲလောင်းထည့်ပါ
🔺ကျောက်ကျော အပေါ်ယံ နဲနဲတင်းလာပြီဆိုမှ စတော်ဘယ်ရီအတွက် ကျောက်ကျောအိုး စတည်ပါ

🔺စတော်ဘယ်ရီသီးတွေကို ရေသေချာဆေး, အညှာချွေပြီး ကြိတ်စက်နဲ့ ရေနဲနဲ, သကြားနည်းနည်း ထည့်၍ ကြိတ်ပါ (နွားနို့မထည့်တာက အသီးအရောင် နီနီရဲရဲလေးအတိုင်း လိုချင်လို့ပါ)
🔺 အာဂါးကျောက်ကျော အစိမ်း ၁ ထုပ်ကို ရေသန့်ဘူး အသေး ၁ ဗူးစာ ရေနဲ့အပြင်မှာဖျော် , ပြီးရင်ကျို
🔺ဆူလာလျှင် ကြိတ်ထားတဲ့ စတော်ဘယ်ရီအရည်တွေ ထည့်ကြိုပါ
🔺 ဆူတဲ့ထိ မစောင့်တော့ဘဲ အရည်ပွက်ခါနီး မီးပိတ်ပါ
🔺စောနက အပေါ်ယံတင်းနေတဲ့ ဒိန်ချဉ်ကျောက်ကျော အလွှာပေါ်ကို ဖြေးဖြေးချင်း လောင်းပါ ( ဗန်းရဲ့ ထောင့်စွန်းနားက ပိုအခဲမြန်တာမို့ လောင်းရင် ဗန်းအလယ်ခေါင်ကနေ မလောင်းဘဲ အဲ့ထောင့်စွန်းလေးကနေ လောင်းပါတယ်)
🔺ကျောက်ကျောသား အောက်/အပေါ်လွှာ မာလာသည်အထိ ၃ နာရီလောက် အအေးခံပါ

သဘာဝ အသီးအစစ်ကို အရောအနှော, အရောင်အမှုန့်, အရသာ အရည် ဘာမှ မထည့်ဘဲ လုပ်ပါတယ်, ချဉ်ပြုံးပြုံးလေးနဲ့ တအားစားကောင်းပဲ, အသီးကလဲ ဂျပန်စတော်ဘယ်ရီကို သုံးထားလို့ ချိုချဉ်လေး ဖြစ်တယ်

ကုန်ကျစရိတ်နည်းတဲ့ သွားရေစာလေးမို့ ပိတ်ရက်မှာ လုပ်စားကြည့်ပါနော် 🍓🍓🍓🍓

ကိုယ်ချက်ချင်တဲ့ အစားစာတွေWhere stories live. Discover now