Unicode
"ငယ်လေးရေ ကိုယ်ပြန်လာပြီ"
ဘရိတ်ညစ်လိုက်သံနှင့်တစ်ပြိုင်နက် ထွက်ပေါ်လာသောအသံမှာ သူ့နှလုံးသားအား ငြိမ်းချမ်းစေသည်။
"ငယ်လေးရေ ဘယ်မှာလဲကွ!"
အိမ်ဝတွင်ထွက်ကြိုသည်ကို မမြင်သည်နှင့် တဆာဆာနှင့်ခေါ်မေးခြင်း ခံရတော့သည်။
"လာပြီ ကိုကိုရေ ဒီမှာထမင်းအိုးငှဲဲ့နေလို့ပါဗျ"
ချွေးတလုံးလုံးဖြင့်ထွက်လာသော သူ့အားကမြင်သည်က ကိုကို့မျက်နှာသာ်မသာမယာဖြစ်သွားချေသည်။
ဖြေးညင်းစွာပင် သူ့ပုခုံးနှစ်ဖက်အား အသာအယာကိုင်လာသည်။နှုတ်မှလည်း
လေလျှော့သော နှုန်းထားဖြင့်"ကိုကိုပြောထားတယ်လေကွာ ဒါတွေငယ်လေးမလုပ်ပါနဲ့လို့ ကိုကိုကိုယ်တိုင်ချက်မှာပေါ့ဆိုတာကို"
ညိုးငယ်နေသော ကိုကို့မျက်နှာညိုညိုအား
သူ့လက်ဖဝါးနှစ်ဖက်ဖြင့် ဖိအုပ်ထားလိုက်တော့ လက်ဖဝါးဖြူဖြူကလေးသည် ကိုကို့်မျက်နှာပေါ်၌ သီးခြားကလေးဖြစ်နေသည်။"ကျွန်တော် ရ လို့ချက်တာပေါ့ကိုကိုရဲ့ ကိုကိုကတနေကုန် နေပူထဲမှာအလုပ်လုပ်နေရတာ..
ပြန်လာတာနဲ့ မီးဖိုချောင်ထဲတန်းဝင်ရတဲ့ကိုကို့ကို ကျွန်တော်လည်းဝိုင်းကူချင်တာပေါ့""မီးဖိုချောင်ထဲ ဝင်မှကိုကို့ကို ကူညီတာမဟုတ်ပါဘူး.... ကိုကိုအလုပ်ကပြန်လာတဲ့အခါတိုင်း ငယ်လေးက ကြိုနေယုံပဲသိလား
ကိုကိုက ငယ်လေးကို အရုပ်လေးတစ်ရုပ်လိုအလှထိုင်ကြည့်နေချင်တာဗျ"ပိုရန်ကော ဟု မျက်နှာစောင်းစောင်းလှလှကလေးထိုးလိုက်တော့ ကိုကို့မျက်နှာမှာ အမောပြေအပြုံးလေးဖြစ်သွားသည်။
"ဟွန့် လူပိုကြီး"
"အချစ်ပိုတွေရော မလိုချင်ဘူးလား"
သူ့ခါးအား သိမ်း၍ပွေ့ကာ ပြီတီတီဖြင့် မျက်နှာအား လိုက်၍နမ်းလေသည်။ရုန်းသော်ငြား မာန်ကမပါ။ဟန်သာရှိသည်။
ကိုကိုနမ်းသည်ကို သူကငြင်းစရာလား။ချစ်လို့ အကဲပိုပြတာ။