Build Pov
Buiနဲ့Basကတော့ အလုပ်အားချိန်တွေမှာ ဘုတ်အဖွဲ့ဝင်ဆီကနေ သတင်းတွေရအောင် စုံစမ်းနေဆဲ၊ သက်သေတွေလဲရလုနီးနီးဖြစ်နေပြီ။
"Bui..နေမကောင်းဘူးလား၊ မျက်နှာဖြူဖျော့ဖျော့နဲ့ "
P Alexကပြောကာ ငါ့မျက်နှာကိုလာကိုင်ဖို့လုပ်လို့အမြန်တားလိုက်ရတယ်။"အဆင်ပြေပါတယ်P နဲနဲပင်ပန်းသွားလို့ထင်တယ် "
"ဒါနဲ့ခုတလော buiက Pကိုရှောင်နေသလိုဘဲ "
တကယ်လဲရှောင်နေတာဘဲလေ ၊အရင်ကစီနီယာမို့ တရင်းတနှီးဆက်ဆံပေးပင်မယ့် အခုလိုသတင်းတွေထွက်တော့ ရှောင်နေတာပိုသင့်တော်တယ်လို့မထင်ဘူးလားလို့ပြန်တောင်မေးချင်သေး။
"မဟုတ်ပါဘူး၊ ခုတလောbuiနဲနဲအတွေးများနေလို့နေမယ် "
"မသိပါဘူး၊ သတင်းတွေကြောင့်ရှောင်နေတာလားလို့ "
"အဲ့ဒါလဲနဲနဲတော့ပါတာပေါ့၊ သတင်းတွေပိုမပြန့်စေချင်လို့ပါ "
"Pတို့ကအရင်ကတည်းကရင်းနှီးပြီးသားလေ၊ အဲ့လိုသတင်းတွေထွက်တိုင်းရှောင်စရာမှမလိုတာ "
"ဟုတ်ကဲ့P "
သူနဲ့ပြိုင်မငြင်းချင်လို့ ခေါင်းဘဲညိတ်ခဲ့တော့တယ်၊ P Alex ကလဲ Ceoရဲ့သူငယ်ချင်းဖြစ်တာမို့ သူ့လဲသိပ်မယုံရဘူး၊ ဒီကိစ္စတွေထဲသူပါသဘောတူပြီးပါဝင်တယ်ဆိုတာ ဘုတ်အဖွဲ့ဝင်တွေထဲကသိပြီးပြီဖို့ သူနဲ့ဝေးနိုင်သမျှရှောင်နေရတယ်။
"ကဲlive လွှင့်ဖို့အဆင်သင့်ဖြစ်ပြီနော် "
Live မှာလဲ fanတွေက dating နဲ့ပတ်သတ်တဲ့မေးခွန်းတွေဘဲမေးလာကြတယ်၊ buiကတော့မန့်တွေကိုကျော်ဖတ်ပင်မယ့် PAlexနဲ့Mcတို့ကတော့ တမင်ကိုရွေးဖြေနေကြတယ်၊PAlex ကbuiအနားလဲတအားကပ်ေနသလိုဘဲ၊ ဒါသူတို့လိုချင်တဲ့ဟာလား
Buiနာမည်ကျပြီး တအား agency မပြောင်းနိုင်အောင်လို့လေ၊ သူတို့ကိုအာခံရင် ဘယ်လိုဖြစ်မယ်ဆိုတဲ့အာဏာမျိုးကိုပြချင်တာလား။
******
"Bui.."
"Basရယ် ဖြေးဖြေးအော်ပါ၊ ငါနားမကန်းသေးပါဘူး "