Bible Pov
အမှုအတွက်နဲ့ buiနဲ့တွေ့ဖြစ်ပင်မယ့် အရင်လို ဆက်ဆံရေးမျိုးတော့မဟုတ်တော့ဘူး၊ buiဘက်ကတော့ ငါ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံပေးပင်မယ့် သူငါ့ကိုအဲ့လိုကောင်းပေးလေ ငါသူ့အပေါ်အားနာလေဘဲ၊ သူ့မျက်နှာကို ကြည့်ဖို့တောင် မဝံ့ရဲသလို၊ ကိုယ့်ကိုကိုလဲ အားမလိုအားမရဖြစ်မိတယ်။ ဘာတွေကများ ငါတို့နှစ်ယောက်ကြားဝင်ရှုပ်နေတာလဲ၊ ဘာလို့ငါတို့အချစ်က သူများတွေလိုမရိုးရှင်းတာလဲဆိုတာ နားမလည်နိုင်သလို ဘယ်သူ့ကိုသွားအပြစ်တင်ရမလဲဆိုတာလဲ အဖြေရှာမရဘူး
Buiဘက်ကတင်သွင်းတဲ့သက်သေေတွက ခိုင်လုံလို့ အမှုကထင်ထားတာထက် မြန်မြန်ဆန်ဆန်ပြီးစီးသွားခဲ့သလို၊ အမှုလဲနိုင်ခဲ့တယ်၊ entဘက်ကလဲ buiကိုလျော်ကြေးငွေပေးလိုက်ရသလို ၊ company ရဲ့ shareတွေထိုးကျသွားကာ အနုပညာလောကမှာလဲ နာမည်ဆိုးထွက်တဲ့entအနေနဲ့ ကျန်ရစ်ခဲ့တော့တယ်။
"မကောင်းတာလုပ်တဲ့သူတွေအတွက် မကောင်းတာပြန်ခံရတာဘဲလေ "
"ပြီးခဲ့တာတွေလဲ ပြောမေနပါနဲ့တော့ basရာ၊ ဒီအမှုအတောအတွင်း အစစအရာရာကူညီပေးတဲ့အတွက် ရှေ့နေကြီးတို့နှစ်ယောက်လုံးကိုကျေးဇူးတင်ပါ
တယ်""ရပါတယ်၊ ဒါကျွန်တော်တို့လုပ်ရမယ့်တာဝန်ဘဲလေ၊ ကျေးဇူးတင်စရာမလိုပါဘူး "
အမှုပြီးသွားလို့ထင်တယ် သူမျက်နှာလေးအရင်ကထက် ပိုလန်းဆန်းလာလို့ ငါပင်ပန်းကျိုးနပ်ပါတယ်လေ၊ အရာရာအားလုံးပုံမှန်အတိုင်းဖြစ်သွားပင်မယ့် ငါတို့နှစ်ယောက်ရဲ့ဇာတ်လမ်းကတော့ စလုံးရေတောင်မစရသေးဘူး၊
Flashback start
" ကဲဘယ်လိုလဲငါပေးလိုက်တဲ့သက်သေတွေအသုံးတည့်တယ်မလား၊ အဲ့companyရဲ့ ငွေဖြူပြောင်းတဲ့သက်သေတွေပါ ပါလို့ အမှုကနိုင်မှာသေချာတယ် "
"ကူညီပေးတဲ့အတွက်ကျေးဇူးဘဲ "
"Noပါ၊ ကျေးဇူးက စားလို့မှမရတာ၊ ဘယ်လိုလဲ ငါ့ပြောထားတဲ့ကိစ္စကကော "
"မင်းပြောတဲ့အတိုင်း buiဘက်ကလမ်းခွဲေကြာင်းကြော်ညာပေးပြီးပြီလေ ဘာထပ်လိုချင်သေးလို့လဲ "