Bible pov
Ring Ring Ring
ဖုန်းသံလေးကြားတော့ အရင်က unknown number လေးကနေ Honey ဆိုတဲ့ ပြောင်းထားတဲ့ဖုန်းကောလေးဝင်လာလို့ ချက်ချင်းမကိုင်သေးဘဲ ဖုန်း screen လေးကိုကြည့်ကာ ကြည်နူးနေမိတယ်။
" Hello ရှေ့နေကြီး အိပ်သွားပြီလားဟင် "
ခုထိ နှုတ်ကျိုးနေတဲ့ သူ့အခေါ်အဝေါ်လေးကြောင့် စိတ်ဆိုးချင်ပင်မယ့်လဲ နူးနူးညံ့ညံ့အမေးလေးကြောင့် ပြန်ပြေလျော့သွားပြန်ရော၊ဘာလို့မင်းလေးက ကို့ဘဝကို အဲ့လောက်ထိ အပြောင်းအလဲဖြစ်အောင်လုပ်နိုင်တာလဲကွာ။
"ကို မအိပ်သေးပါဘူး၊ အမှုတွဲလေးတွေကြည့်နေလို့ပါ "
စကားဆိုရင် မေးမှသာဖြေတတ်တဲ့ငါက အခုဆို မမေးဘဲနဲ့တောင် ငါ့အကြောင်းအကုန် buiကိုပြောပြချင်နေမိတယ်
"ဟိုလေ နက်ဖြန် ရှေ့နေကြီးအားလားဟင် "
မေးရတာအားနာနေလို့ထင်တယ် အသံလေးက သိမ်ပြီးဝင်သွားလိုက်တာ ကောင်းကောင်းတောင်မကြားရတော့ဘူး
"အားပါတယ် ဘာလို့လဲ honey အဲ bui "
Buiနဲ့လိုက်ဖက်မယ့် နာမည်လေးကို စဉ်းစားကြည့်လိုက်တော့ သူအပြုံးလေး၊သူအသံလေးတွေက ပျားရည်ထက်တောင်ချိုမြိန်လွန်းနေလို့ honey ဆိုတဲ့ nickname လေးနဲ့ buiကတအားလိုက်ဖက်လွန်းနေတယ်လေ အတွေးတွေထဲကြည်နူးနေတာနဲ့ ရုတ်တရက်ခေါ်မိသွားတယ်၊ buiကောကြားသွားလားမသိဘူး။
"အမ် ဟိုလေ နက်ဖြန် buiနဲ့ dateလို့ရလားဟင် "
"ရတယ်၊ လုံးဝကိုရတယ် "
"အမ် "
"အော် နက်ဖြန်အချိန်ရတယ်လို့ပြောတာ၊ နက်ဖြန်ဘာအမှုတွဲမှစစ်စရာမရှိဘူးဆိုတော့လေ အဆင်ပြေပါတယ်"
Buiဘက်ကဒီလိုပြောလာလိမ့်မယ်လို့မထင်ထားဘူး၊ ဟိုေန့ကငါဖွင့်ပြောတာကို သူရိပ်မိလို့ နက်ဖြန်ငါ့အတွက်အဖြေပေးတော့မယ်ထင်တယ်၊
"ဟုတ်ကဲ့ ၊အဲ့ဆို နက်ဖြန် တွေ့မယ့်နေရာကို bui message ပို့လိုက်မယ်နော်၊အချိန်ကတော့ ရှေ့နေကြီးအဆင်ပြေမယ့်အချိန်မှသွားလဲအဆင်ပြေပါတယ် "