Part _ 4

60 8 6
                                    

Hwaa 🌸

Part_4

တစ်နေ့မှာတော့ သူမဟာ အိပ်ယာပေါ်ကထလိုက်ပြီး သူမရဲ့မျက်နှာကို အလှဆုံးပြင်ဆင်ကာ အကြော့မော့ဆုံး အင်္ကျီကိုဝတ်ဆင်လိုက်ပြီး သူမရဲ့ မွေးနေ့မှာ မင်းကြီးပေးတဲ့ ပထမဆုံးလက်ဆောင်ဖြစ်တဲ့ ဆံထိုးလေးကိုကျကျနနထိုးလိုက်ကာ မင်းကြီးရဲ့အဆောင်ဘက်ကိုထွက်လာခဲ့တယ်။

မင်းကြီးကတော့ ခါတိုင်းလိုပဲ မိဖုရားကိုတွေ့ခွင့်မပေးခဲ့ဘူး။
ဒါပေမယ့် မိဖုရားကတော့ အစောင့်တွေတားနေတဲ့ကြားက အတင်းတိုးကာ မရမကဝင်လာခဲ့တယ်။

ရုတ်တရက်ဝင်လာတဲ့ မိဖုရားကြောင့် မင်းကြီးအနည်းငယ်လန့်သွားပေမယ့် ဘာမပြောပဲဝင်ခွင့်ပေးလိုက်တယ်။

မိဖုရားကတော့ မင်းကြီးကိုတွေ့တာနဲ့ ထုံးစံအတိုင်း ဂါဝရပြုကာ မင်းကြီးရဲ့ရှေ့မှာထိုင်လိုက်တယ်။

"ဘာကြောင့် လုပ်ခဲ့တာပါလဲ"

မင်းကြီးလည်း မျက်နှာမပြဝံ့ဖြစ်ကာ

"စိုးရွံ့ပေမယ့် သူတို့က ပုန်ကန်သူတွေပဲ သူတို့က ဘုရင့်အမိန့်ကိုနာမခံလို့ အခုလိုလုပ်ခဲ့ရတာ သူတို့သာနာခံရင် အဲ့လို....."

မင်းကြီးရဲ့စကားကို မိဖုရားကဖြတ်ပြောလိုက်တယ်။

"မိဖုရားအသစ်ကြောင့်မလား ကျွန်တော်မျိုးမ ဖခမည်းတော်က သူမရဲ့မိသားစုကို သတ်ခဲ့မိတာကြောင့်လား"

မင်းကြီးလည်း အမှန်အတိုင်းသိနေတဲ့မိဖုရားကြောင့် ဘာမှဆက်မဖြေတော့ပဲ နှုတ်ဆိတ်နေတယ်။

"ကိုယ်တော် စိုးရွံ့မိပါတယ် တိုင်းပြည်ရေးအခြေအနေကြောင့်ပါ"

"သူမတို့မိသားစုကို သုတ်သင်တုန်းကလည်း တိုင်းပြည်ရေးအတွက် အရှင့်ဖခမည်းတော်က စေခိုင်းခဲ့တာပဲမလား အခုချိန်ကျမှ ဘာလို့ ကျွန်တော်မျိုးမရဲ့ မိသားစုက စတေးခံခဲ့ရတာလဲ"

"ကိုယ်တော် စိုးရွံ့မိပေမယ့် အားလုံးကောင်းဖို့ရည်ရွယ်တာပါ"

"တိုင်းပြည်ရေးကြောင့်သာဆိုရင် ကျွန်တော်မျိုးမကိုရော သတ်ပစ်နိုင်လား"

 HWAA 🌸 (Short Story )Where stories live. Discover now