About the story

1.7K 81 11
                                    

မင်္ဂလာပါ

အချိန်အကြာကြီးနားပြီးတဲ့နောက်မှာ omegaverse အသစ်လေးတစ်ပုဒ်နဲ့အတူ ပြန်လာခဲ့ပါပြီ။
ဒီတစ်ခါအတည်ရေးမှာပါ၊ မပလေးတော့ပါဘူး 🤧

omegaverse ဖြစ်တဲ့အလျောက် ဒီဇာတ်လမ်းထဲက universe က အပြင်မှာတကယ်တည်ရှိနေတာမဟုတ်ပဲ ဇာတ်လမ်းထဲမှာသုံးမယ့်နိူင်ငံ/ပတ်ဝန်းကျင်အနေအထား/အသေးစိတ်အချက်အလက်တွေက စာရေးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။
သူ့ဇာတ်လမ်းနဲ့သူ ယုတ္တိတန်အောင်တော့ ဖန်တီးရေးသားသွားမှာပါရှင့်။

ရေးနေကြပုံစံအတိုင်း drama အများကြီးပါမှာမဟုတ်ပါဘူး။ အထွေအထူးမဟုတ်ပေမယ့် သတိပေးချင်တာက ဒီဇာတ်လမ်းက မီးနီအသားပေးဇာတ်လမ်းမဟုတ်ပေမယ့် omegaverse ဖြစ်တဲ့အလျောက် မီးနီအနည်းငယ်ပါပါလိမ့်မယ်။

Omegaverse က ဘာမှန်းမသိသေးဘူးဆိုသူတွေအတွက် ဖတ်ဖူးမှတ်ဖူးသမျှလေးတွေကို အောက်မှာ guide အနေနဲ့ တစ်ခါတည်းရေးပေးထားပါတယ်။

A Guide to Omegaverse

Guide ဆိုတာထက် ကိုယ် ဒီ fic ထဲမှာ ထည့်သွားမယ့်အချက်အလက်တွေနဲ့ ယေဘုယျကျတဲ့အချက်တွေကပဲ ပြောပြသွားမှာပါ။ ဘာလို့လဲဆိုတော့ Omegaverse က စိတ်ကူးယဉ်တီထွင်ထားတဲ့ universe တစ်ခုဖြစ်ပြီးတော့ ဖန်တီးသူတွေအပေါ်မူတည်ပြီး ပါဝင်တဲ့အချက်အလက်တွေလဲ မတူညီတာမျိုးတွေ အနည်းအကျဉ်းတော့ရှိတတ်လို့ပါ။

Omegaverse ဆိုတဲ့ Universe မှာဆိုရင် Alpha, Beta နဲ့ Omega ဆိုပြီး အဓိကလူတန်းစား ၃ ရပ်ရှိတယ်။ အဲဒီမှာက ထပ်ပြီး Male နဲ့ Female ဆိုပြီး ခွဲထားတာမို့ Gender ၆ မျိုးရှိပါတယ်။

ပထမဆုံး Alpha တွေအကြောင်းပြောကြမယ်။

Alpha တွေက လူတန်းစား ၃ ရပ်မှာ အမြင့်ဆုံးတွေပေါ့၊ လွှမ်းမိုးနိုင်မှုအများဆုံးရှိတဲ့သူတွေပါ။ Beta တို့ Omega တို့ထက် ပိုပြီးသန်မာတယ်။ ခန္တာကိုယ်အရွယ်အစားလဲ ပိုကြီးကြတယ်။ သူတို့က အရာရာမှာ ဦးဆောင်သူတွေပေ့ါလေ။

Alpha ကျားရော မရောရှိကြပါတယ်။
Male Alpha တွေကတော့ လုံးဝကိုယ်ဝန်မဆောင်နိုင်ပါဘူး။ သူတို့က ကိုယ်ဝန်ဆောင်ရအောင်ပဲလုပ်နိုင်ပါတယ် ဟဲဟဲ။
Female Alpha တွေကတော့ သားအိမ်ပါတာရှားပြီး ပါတဲ့သူတွေကကိုယ်ဝန်ဆောင်နိုင်ပေမယ့် မပါတာတွေကတော့ ကိုယ်ဝန်မဆောင်နိုင်ပါဘူး။

ဇီဇာကြောင်လွန်းတဲ့ငါ့bossရဲ့ partner ကဘယ်သူဖြစ်လာမှာလဲ?Donde viven las historias. Descúbrelo ahora