ကောင်းသုတ ၊ လင်းသစ် ၊မင်းခန့်တို့သုံးယောက်သား ရုံးခန်းထဲရှိကျောင်းအုပ်ကြီးစားပွဲရှေ့တွင် ရိုရိုကျိုးကျိုးငြိမ်ငြိမ်ဆိမ်ဆိမ်ထိုင်နေကြသည်။
မိုးယံကတော့ ဒဏ်ရာတွေမသက်သာသေးလို့ကျောင်းနားထားသည်။ လင်းသစ်ကတော့ ကျောက်ပတ်တီးလေးနဲ့ဘယ်လက်ကိုအလှဆင်ထားသည် မင်းခန့်ကတော့ ရုံးခန်းထဲမှာထိုင်နေရတာကြာလို့နေမည် ဗိုက်ဆာ၍ ပါးစပ်မှာဂွမ်းတွေငုံထားပုံရသည်။"ကျောင်းအုပ်ကြီးလာပြီဟေးးး"
ကောင်းသုတတို့နဲ့လင်းသစ်တို့အခန်းမှ စပ်စုစိန်များကရုံးခန်းနားတွင်စုရုံးစုရုံးနှင့် လာစပ်စုနေကြသည်။
ကျောင်းအုပ်ကြီးရုံးခန်းထဲတစ်လှမ်းချင်းလျောက်လာပြီးလျှင် ကောင်းသုတတို့ရှေ့ကခုံမှာထိုင်ပြီး "ဒီကိစ္စက ဘယ်ကစဖြစ်လဲ ငါ့ကိုတစ်ချက်လောက်ရှင်းပြကြပါဦး။"
လင်းသစ် တစ်ခုခုပြောရန်ပါးစပ်ဟလိုက်စဉ် မျက်လုံးထောင့်မှ ကောင်းသုတရဲ့မျက်ထောင့်နီနီကြီးကိုတွေ့လိုက်ပြီး
"ဟို...ဟို....ဟိုလေ...ကျွန်တော်တို့ကဒီတိုင်း မိုးယံကိုမနာလိုလို့လုပ်မိတာပါ""ဘာကို !!! မနာလို့လို့?ဟုတ်လား? မင်းကစီနီယာကျောင်းသားနော် မင်းကသူ့ကိုမနာလိုဖြစ်စရာ စာနဲ့ပက်သတ်တာတော့မဟုတ်ဘူး ဟုတ်တယ်မလား? "
ရင့်ကျက်သောလူကြီးပြီပြီ ကျောင်းအုပ်ကြီးကအရိပ်အကဲကိုသိမိပုံပေါ်သည်။
"ဟုတ်... ဟုတ်... ဟုတ်ပါတယ် ကောင်မလေးတွေနဲ့ပက်သက်ပြီး မနာလိုလို့လုပ်မိတာပါ "
"မင်းတို့က ဒီကိစ္စကိုမနာလိုဖြစ်ရအောင် မင်းတို့ကဘယ်လိုကောင်တွေလဲ မင်းတို့ကလေးဆန်လိုက်တာကွာ ဒီမှာ ယောင်္ကျားဆိုတာ ဘယ်သူကဘာဖြစ်လို့ ဘယ်သူကဘာကြောင့်မို့ ငါ့ထက်သာတာဆိုတာမျိုးစိတ်မထားရဘူး အေးသူကဒီလိုသာတယ်ဆိုရင် ငါကလဲသူ့လိုသာရမယ်ဆိုတဲ့စိတ်မျိုးထားရတယ် ဒီကောင်ကံကောင်းလို့ရတာပါကွာ ပိုက်ဆံရှိလို့လုပ်နိုင်တာပါကွာ ရုပ်ချောလို့ပါကွာဆိုတဲ့ သူများအခြေအနေနဲ့ ကိုယ့်ဘာသာဆင်ခြေပေးပြီး စိတ်အာသာမဖြေရဘူးကွ အဲ့လိုပေါ်မှာ မနာလို၀န်တိုဒေါသစိတ်ဖြစ်စရာအကြောင်းမရှိဘူး ငါပြောတာရှင်းလား? နောက်တစ်ခါအဲ့လိုဖြစ်ရင် မင်းတို့နှစ်ကောင် အနီခြစ်ခံရမယ်နော် နောက်တစ်ခါအဲ့လိုဖြစ်ရင် ငါ့ဆိုဆုံးမမှုကိုမနာခံဘူးလို့သတ်မှတ်မယ် ကြားလားမင်းတို့ကောင်တွေ!"
YOU ARE READING
မပြောင်းလဲနိုင်သောကံတရားရဲ့စွဲလမ်းမှု(INEVITABLE FATE Of OBSESSION)
RomanceWarning ⚠️: The characters in this fic are just the author's imagination and will neither concern nor disturb people in real life . "ကမ္ဘာတွေသာအဆက်ဆက်ပြောင်းနေပါစေ ဘ၀တွေသာအမျိုးမျိုးခြားနေပါစေ လောကြီးသာမှောက်ခုံလန်နေပါစေ ဘယ်အရာတွေဘယ်လိုပဲခြားနေပါစေ ...